OK!. တော်လိုက်တဲ့ ငါပါလား..
ကိုယ့်ကိုယ်ကို တစ်ယောက်တည်းကြားရုံမျှ အသံထွက် ချီးကျူးလိုက်ပြီး laptop ကို ပိတ်ကာ...coffee ခွက်ကို ယူ ၍ တစ်ငုံ သောက်လိုက်သည်..
Americano က ပုံမှန်ထက် ပိုပြီး အရသာ ရှိနေသလို ခံစားရသည်..အချိန် အတော်ကြာ စဉ်းစားခဲ့ရသော jewellery design တစ်ခုကို ပုံကြမ်း ပြီး မြောက်ခဲ့လေပြီ..အချောသတ် ပြီး လျှင်တော့..CEO ဖြစ်သည့် အမအရင်း ဖြစ်သူအား တောင်းဆိုစရာ ရှိသည်လေ..
ခွင့်တစ်ပတ်ပေးဖို့ တောင်းရမည်..နေ့မနား ညမနား design လုပ်နေရတာ..ပင်ပန်းလှပြီ..ဉီးနှောက်တွေလဲ ခြောက်ကပ်တော့မည်..အလုပ်မပြီးမချင်း အလုပ် ကို ခေါင်းထဲထည့်ထားတတ်သော အကျင့်ကြောင့်..coffee ဆိုင်ထိုင်လဲ..laptop ကြီးသယ်ကာ coffee သောက်ရင်း design စဉ်းစားတတ်သည်..အခုလဲ ဒီcoffee ဆိုင်မှာ ထိုင်နေတာ သုံးနာရီ နီးပါး ရှိနေပြီ..
သို့သော်..ကိစ္စမရှိ..ဒီဆိုင်က..ကိုယ့်အချစ်ဆုံးသူငယ်ချင်း ရဲ့ ဆိုင်ဖြစ်၍ တော်သေးသည်..ဆိုင်ထဲမှာ ဖွင့်ထားသော..စန္ဒရားသံ ငြိမ့်ငြိမ့်လေးကို ခံစားကာ..အပြင်ဘက်ကို မြင်ရသော မှန်မှ တစ်ဆင့် အပြင်က သက်ရှိသက်မဲ့တွေကို ၍ ငေး၍coffee လေး သောက်ရင်း..ဉီးနှောက်ကို အနားပေးနေလိုက်သည်..
'' ဟိုကောင်မလေး..လာပြီပဲ...ဟုတ်သား..3 နာရီ ထိုးနေပြီကို ''
တစ်ကိုယ်တည်း ရေ ရွတ်လျက်..မျက်စောင်းထိုးက စားပွဲမှာ ဝင်ထိုင်လိုက်သော..ကောင်မလေးကို..ကြည့်နေမိသည်..အမြဲ ဒီအချိန်ပဲ..ပြီးတော့..အမြဲတမ်း အဲ့ဒီ ထောင့်နားမှာပဲ ထိုင်တာ..
ဖြစ်သည်..
ခွန်း အဲ့ဒီကောင်မလေးကို သတိထားမိတာ..တော်တော်ကြာပြီ..
အချိန်တိတိကျကျ ရောက်လာတတ်ပြီး..နေ့တိုင်း လာသောကြောင့် ဖြစ်သည်..အင်း.~ လေးလလောက်တောင် ရှိပြီ..ထင်တယ်..ခါတိုင်း..ကိုယ်လဲ..ကိုယ့်အလုပ်နဲ့ ကိုယ်မို့..သေချာ မကြည့်မိပါ..အခုတော့..ဘာရယ်မဟုတ်..စူးစမ်းနေမိသည်..
ကောင်မလေးက ဖုန်းပြောနေဟန် တူသည်..'ဘာလို့ သူ တစ်ယောက်တည်း နေ့တိုင်း လာထိုင်နေတာလဲ..'
' အဲ့တာ ဘာထူးဆန်းလို့လဲ..ငါတောင် နေ့တိုင်း လာထိုင်တာပဲကို '
'အာ...စတွေ့တဲ့ ရက်တွေတုံးက နှစ်ယောက်ပါ..နောက်ကောင်မလေး တစ်ယောက်ရော ပါတယ်..တော်တော်ချောလို့ ငါတောင် ငေးမိသေးတာပဲ '
' အဲ့ကောင်မလေးကို မတွေ့တာ တော်တော်ကြာပြီ '
YOU ARE READING
''Trust "
Fantasyတစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်ရော နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား ၊ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်၊ နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား...