သီရိ အိပ်ရာက နိုးလာတော့ နေ့လယ် 2 နာရီထိုးနေပြီ ။
အိပ်ရာမှ ထကာ..ရေချိုးခန်းထဲ ဝင် ၍ ရေအေးအေးလေးနှင့် မျက်နှာသစ်လိုက်တော့ လန်းဆန်းသွားသလို ခံစားရသည်.make up ပါးပါးလေး လိမ်းလိုက်ရင်း..ဆံပင်ကို..တစ်ဖက်တည်း ခပ်မြောက်မြောက်လေး စုစည်းလိုက်သည် ။
shirt အဖြူ လေး ဝတ်လျက်..အ ပေါ် ကနေ..ဒူးဖုံး ကြိုးသိုင်း ဝါဝန်ရှည် ပေါ့ပေါ့ပါးပါးလေး လဲ လိုက် ပြီး နာရီကို ကြည့်မိတော့ 2 နာရီ 25 မိနစ်..
.
.ဟူး ~
သီရိ ကားပေါ် ရောက် ၍ ခါးပတ်ပတ် လိုက်ပြီး ခန အမောဖြေလိုက်သည်.
အမကို..10 min လောက်နေရင် ရောက်မည် ဖြစ်ကြောင်း message ပို့လိုက် ကာ မောင်းထွက်လာခဲ့သည်.
ခရီးဆောင်အိတ်တွေ ကားနောက်ဖုံးထဲ ထည့်နေရတာကြောင့် အချိန်က အနည်းငယ် နောက်ကျနေ ပြီ.. ကားကို ပုံမှန်ထက် ခပ်မြန်မြန် မောင်းလိုက်သည်..
.
.အမရဲ့ တိုက်ခန်း ရှိရာ အဆောက်အဉီး ရှေ့က ကားရပ်တဲ့ နေရာမှာ ကားကို ရပ်လိုက်ပြီး..အမကို ဖုန်း ခေါ် ဖို့ ပြင်တုံး..ကားမှန် ခေါက်သံ ကြားရ ၍.ကြည့်လိုက်တော့..အမ က သီရိကို..ပြုံးပြနေသည်.
အမက shirt အဖြူကို jean ဘောင်းဘီရှည် ထဲ ထည့် ၍ ဝတ်ထားသည် ၊ ရိုးရိုး လျှာထိုး ဉီးထုပ် အဖြူကို လဲ ဆောင်းထားသေးသည် ။
သီရိ ပြန်ပြုံးပြလိုက်ရင်း ကား lock ဖွင့်ပေးလိုက်သည်.
အမက သီရိဘေးမှာ ဝင်ထိုင်ရင်း .သူမရဲ့ ပုံမှန်ထက် အနည်းငယ် ပို သေးသည့် အပြာရောင်နှင့် အနက်ရောင် စပ်ထားသော ကျောပိုးအိတ်ကို နောက်ခန်းသို့ ပို့လိုက်သည်.'' အမ..ကျွန်မက.. ခြောက်ရက်လောက် နေမှာနော်.. အဲ့ကျောပိုးအိတ်လေးနဲ့ အဆင်ပြေပါ့မလား ''
သီရိ အမကို ကြည့်ကာ မျက်မှောင့်ကြုံ့လျက် မေးမိတော့ အမက ခါးပတ်ပတ်နေရင်း သီရိကို တစ်ချက် ကြည့်ကာ.
'' လိုအပ်တာ အကုန် ပါပါတယ်..သီရိရဲ့..လိုတော့လဲ..ဝယ်ရုံပေါ့ ''
'' အဆင်ပြေလဲ ပြီးရော..နောက်မှ..ဘာလိုတယ် ညာလိုတယ် မလုပ်နဲ့ ''
အမက .ရယ်နေသည်.အမ ၏ မိတ်ကပ် မပါသော မျက်နှာကို သီရိ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ..မျက်ခုံးနက်နက်တွေက အရမ်း မထူသည့်တိုင်..ကြည့်ကောင်းသည့်ထဲ ပါသည်.အနက်ရောင် မျက်လုံးတွေ.အို.အမက ဆွဲဆောင်မှု ရှိလိုက်တာ..နှာခေါင်းလုံးလုံးလေးက အသည်းယားစရာ ကောင်းသည်..အနည်းငယ် အရောင်ဖျော့နေသော ပန်းနုရောင် နှုတ်ခမ်းတွေ..ခပ်ထူထူ နှုတ်ခမ်းတွေ...
honey ရဲ့ နှုတ်ခမ်းတွေလိုပဲ..
YOU ARE READING
''Trust "
Fantasyတစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်ရော နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား ၊ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်၊ နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား...