'' ကသစ် နဲ့ ဘာဖြစ်ကြတာလဲ သမီး ''
သီရိ မျက်လုံးကို သေချာ စိုက်ကြည့်ကာ ခပ်တင်းတင်း အသံနှင့် မေးလာသော မေမေ့ ကြောင့် ရုတ်တရက် လန့်သွားသည် ။
မေမေ ဘယ်လိုသိသလဲ ။ ကသစ် ပြောပြလိုက်တာလား ။ ဟင့်အင်း မဖြစ်နိုင်ဘူး ၊ ကသစ်နဲ့ မေမေ ဆုံစရာ အကြောင်းမှ မရှိဘဲ ။'' မေမေ ရန်ကုန်မှာ ကသစ်နဲ့ မထင်မှတ်ဘဲ ဆုံခဲ့တာ ၊ ကသစ်နဲ့စကားပြောခဲ့တယ် ''
ခေါင်းငုံ့ကာ အတွေးတွေ ယောက်ယက်ခတ်နေတဲ့ သီရိ ရဲ့ အသံတိတ် မေးခွန်း တွေကို မေမေက မမေးရသေးဘဲ ဖြေပေး သည် ။
အဲ့လိုပဲ မေမေက အကုန်သိနေတတ်တယ် ၊ သီရိ ပြောမပြချင်တဲ့ အကြောင်းရာ ကိုလဲ မရရအောင် မေးတတ်တယ် ။'' လမ်းခွဲလိုက်ကြတာ ၊ သမီးတို့ လမ်းခွဲလိုက်ပြီ ၊ နှစ်ဉီးသဘောတူ လမ်းခွဲလိုက်တာ အမေ ၊ ဘာကြောင့်လဲ လို့တော့ မမေးပါနဲ့ ၊ အတွဲတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကြောင်းအရာ ကြောင့်ပဲ လို့သာ သိထားလိုက်ပါ အမေ ''
ပြောပြီးပြီးချင်း
မျက်လုံး တွေရဲကာ ငိုချင်နေသည်ကို ထိန်းထား ပုံ ရသည့် သီရိကို ကြည့်ရင်း မေမေ က သက်ပြင်းချသည်။'' အမေ့ ရှေ့မှာတောင် သမီးက ဟန်ဆောင်နေတယ် ၊ ပြီးတော့ ကိုယ့်ကိုယ်ကို ညာနေတယ် ''
သီရိက ငိုသည် ၊ ပါးစပ်ကို လက်နှင့်ပိတ်ကာ အသံ မထွက်အောင် ငိုနေသည် ။
'' သမီး အားရအောင် ငိုလို့ရတယ် ၊ မေမေ့ရှေ့မှာ သမီး မြိုသိပ် ထားစရာမလိုဘူးလေ ၊ မေမေ ပြောခဲ့တယ်မလား ၊ မေမေက သမီးရဲ့ အမေလဲ ဟုတ်တယ် ၊ သူငယ်ချင်းလဲ ဟုတ်တယ် လို့ ၊ ''
သီရိက ခေါင်း ကို ဖြည်းညှင်း စွာ ငြိမ့်ပြရင်း အမေဖြစ်သူ ကို ဖက်ကာ ရှိုက်ကြီးတငင် ငို တော့သည် ။
'' လွမ်းတယ် ၊ သမီး သူ့ကို သိပ် လွမ်းတာပဲ မေမေရယ် ၊ သမီး ကိုယ်သမီး ဘာတွေ ဖြစ်နေမှန်းကို မသိတော့ဘူး ၊ သမီး ဘာလုပ်ရမလဲ ''
သီရိ ၏ ကျောကို ခပ်ဖွဖွ ပုတ်ကာ နှစ်သိမ့်ရင်း သီရိ မေမေက သက်ပြင်း ခပ်တိုးတိုး ချသည် ။
ဒီလို အခြေအနေ မှာ နှစ်သိမ့်ပေးရုံက လွဲ ပြီး သမီး အတွက် အမေ ဖြစ်သူက ဘာများ တတ်နိုင်မှာလဲ ။
.
.
.
.
.
YOU ARE READING
''Trust "
Fantasyတစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်ရော နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား ၊ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်၊ နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား...