Alarmသံကြောင့် နိုးထလာရသော မနက်ခင်းက သာယာလှသည်တော့မဟုတ်ပါ။ ဒီရက်ပိုင်း အထူးကုစာမေးပွဲဖြေဖို့ စာကျက်ရသည်နှင့် အားလပ်သည်ရယ်လို့ သိပ်မရှိလှ။ night duty ဆေးရုံမှာဆင်းရသည့်ရက်တွေဆို လူကအားပင်မကျန်တော့ပါ။
"Morning သီရိ"
ရုတ်တရက်ဖုန်းထဲဝင်လာသော message လေးတစ်စောင်။ သီရိပြုံးလိုက်မိပါသည်။ အမကို စာပြန်ပို့လိုက်ရင်း သီရိ ထပ်ပြုံးမိသည်။
ခေါင်းစဉ်အသေအချာတပ်၍ မရသောဆက်ဆံရေးတစ်ခု။ အခုလောလောဆယ်မှာတော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေနိုင်သော ဒီလိုခြေအနေကို သီရိ သဘောကျပါသည် ။" Dr, parcel ဘူးတစ်ခုရောက်လာတယ်"
ဘူးတစ်ဘူးကိုင်ကာ နားနေခန်းထဲဝင်လာသော သူနာပြုယမင်းကြောင့် သီရိ အကြည့်က ပါဆယ်ဘူးဆီရောက်သွားသည် ။
ဘယ်သူပို့တာပါလိမ့်ပေါ့။
အမ ပဲဖြစ်လိမ့်မည် ဟု သီရိ တွေးမိသည် ။
ပါဆယ်ဘူးကို နားနေခန်းထဲ ယူလာခဲ့ကာ ဖွင့်ကြည့်မိသည်။ဘူးထဲက Ploy ကော်ဖီထုတ်တွေကို ကြည့်ရင်း သီရိ ရင်တွေနာလာသည်။
" သီရိ ငါတို့မတွေ့ဖြစ်တာ သိပ်ကိုကြာပီပဲနော်၊ အရာရာကို လွယ်လင့်တကူ ကုစားနိုင်တဲ့ နင်က အဆင်ပြေနေလောက်မှာပါ ၊ ငါ လွန်ခဲ့တဲ့ရက်ပိုင်းက Paris ကပြန်လာခဲ့တာ ၊ ဖေဖေ့ကို သွားတွေ့ခဲ့တာပါ၊ငါနင့်အတွက် ကော်ဖီတွေ ဝယ်လာခဲ့တာ ၊ များသောအားဖြင့် အဲ့မှာပဲ ဝယ်လို့ရတဲ့ နင်သိပ်ကြိုက်တဲ့ တံဆိပ်မို့ ငါလက်ဆောင်ပေးတာပါ ၊ အနည်ထိုင်ခါစ ဆက်ဆံရေးကို ငါနှောင့်ယှက်သလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ် "
မျက်လုံးအိမ်ထဲ ဝဲတက်လာသော မျက်ရည်တို့ကို သီရိ မုန်းမိသည်။
မဟုတ်ဘူး ၊ မဟုတ်သေးပါဘူး ။ ငါတို့ တစ်ယောက်ကိုတစ်ယောက် ဒီလိုကြီး ညှဉ်းဆဲမနေသင့်ဘူး ၊ မချစ်ဘူးဆို ၊ မချစ်တော့ပါဘူးဆို ။ အချစ်တွေမရှိတော့တဲ့ သံယောဇဉ်သက်သက် ဆက်ဆံရေးကို မလိုချင်ပါဘူးလို့ ပြောခဲ့တဲ့ သူက ဘာကြောင့် ဒီလိုတွေ လုပ်နေရသလဲ ။
သီရိ ဖုန်းကိုထုတ်လိုက်သည်၊ မဆက်သွယ်တာကြာပီဖြစ်သော ဖုန်းနံပါတ်တစ်ခုကို နှိပ်ရန် လက်ချောင်းတို့လှုပ်ရှားနေစဉ် 'Ama Khoon ' ဟူသော contact ကို screen မှာ မြင်နေရသည် ။
သီရိ ဖုန်းကိုင်လိုက်ပါသည် ။
YOU ARE READING
''Trust "
Fantasyတစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်ရော နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား ၊ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မတို့ နှစ်ယောက် တစ်ယောက် ကိုတစ်ယောက် မချစ်ကြတော့ရင်၊ နှလုံးသားတွေက အေးစက်သွားတတ်ကြတယ် မဟုတ်လား...