Part 6

37 3 0
                                    

'အချစ်က အန္တရယ်သိပ်များတယ်တဲ့ '
မကြာခဏ ကြားခဲ့ရဖူးတဲ့ စကားပါပဲ ။
ကိုယ်တိုင် မကြုံခင်အထိတော့ အထွေထူး မတွေးမိခဲ့ပါဘူး ၊ အမှန်တိုင်း ပြောရရင်တော့ အပိုတွေပြောနေကြတယ်ပဲ ထင်မိတာ ။

နင့်ရဲ့တစ်နေ့တာမှာ ငါ ဆိုတာ မရှိတော့ဘူး။
'ကသစ်အိမ်' ဆိုတဲ့ ငါ့ကို တစ်သက်လုံးချစ်နေမှာပါလို့ ကတိတွေပေးခဲ့ပေမယ့် နင့်ကတိကို နင်ကိုယ်တိုင် မတည်နိုင်ခဲ့မှန်း သိရောသိရဲ့လား ။

နင့်ကိုအရမ်းလွမ်းမိတဲ့ နေ့တွေ ၊ မမြိုသိပ်နိုင်ပဲ အရမ်းတွေ့ချင်လာတဲ့အခါ နင့်ကိုငါချစ်နေတုံးပဲဆိုတာ ကိုယ်တိုင် ပြောပြချင်လာတယ်။

ငါတို့နှစ်ယောက်ကြားမှာ အချစ်ဆိုတာမွေးဖွားလာပီး သေဆုံးခဲ့တယ် ။ ငါတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အချစ်ဦးဖြစ်ခဲ့တာပဲ ။ နင့်ကို ပိုင်ဆိုင်ခဲ့ရခြင်းအတွက် ငါသိပ်ဂုဏ်ယူခဲ့တယ် ။

ဖြေရှင်းမရတဲ့ ပြသနာတွေကြားမှာ ငါတို့တစ်ယောက်ကို တစ်ယောက် လက်လွှတ်ခဲ့တယ် ။

" ဖြေရှင်းမရတဲ့ ပြသနာ"
ဟင့်အင်း ကသစ် စာအုပ်ထက်ကထိုစာကြောင်းကို စုတ်တစ်ချက်သတ်ကာ ခြစ်ချပစ်လိုက်သည် ။

ငါတို့က ဖြေရှင်းဖို့မကြိုးစားခဲ့ကြရုံပါ သီရိ။

နေသားကျဖို့ ငါကြိုးစားရင်း ၊ စာအုပ်ထက်မှာ ခံစားချက်တွေကို ထွက်ပေါက်အဖြစ် ချရေးရင်း ငါ နေနိုင်သွားမှာပါ ။

မျက်ရည်တစ်စက်က ပါးထက်မှာ လှိမ့်ဆင်းလာသည် ။
ငါဘာတွေဖြစ်နေသလဲ ။ ငါဘာကြောင့် နာကျင်နေရက်နဲ့ ဘာကြောင့် ။
________________________________________

" ကိုယ် မင်းကိုချစ်တယ် "

တစ်နေ့နေ့ ရောက်ရင် ဒီစကားကို အမဆီက ကြားရမယ်မှန်း သီရိ မှန်းဆခဲ့ပါတယ်။
ဒါပေမယ့် သီရိတို့အတူ shopping ထွက်ရင်း
အကျီတွေရွေးနေရင်း ရုတ်တရတ်ဆန်စွာ ပြောလိမ့်မည်ဟု မထင်ခဲ့မိပါ ။

"အမ နောက်နေတာလားဟင်"

အမက ပြုံးသည် ၊ ဘောင်းဘီရှည်အနက်နှင့်suit ကို စတိုင်ကျစွာ ဝတ်ထားသော အမက ဒီနေ့မှ ခန့်ညားနေသည်ဟု သီရိ ထင်မိသည် ၊ ချစ်စရာကောင်းပီး ဆွဲဆောင်မှုလည်းရှိနေသည် ။

You've reached the end of published parts.

⏰ Last updated: Aug 30 ⏰

Add this story to your Library to get notified about new parts!

''Trust "Where stories live. Discover now