Epi - 1

5.7K 237 6
                                    

Unicode

များပြားလှသော duty time တွေကို ဖြတ်ကျော်ပြီးနောက် နားဖို့အချိန်ရလေပြီ။ နားနေခန်းမှာနားလို့ရသော်လည်း ဆေးနံ့တွေဖြင့်တစ်ကိုယ်လုံးမသန့်ရှင်းသလိုခံစားရသည်မို့ အိမ်ပြန်နားရန်ဆုံးဖြတ်ခဲ့သည်။
အရင်နေသော အိမ်မှာမဟုတ်တော့ပဲ မြေကွက်ဝယ်ကာအသစ်ဆောက်ထားသောအိမ်သည်အကုန်ပြီးစီးပြီမို့ အိမ်သစ်ဆီလည်းပြောင်းပြီးနေပြီမို့ အိမ်သစ်ဆီသာ လာလိုက်သည်။

တိတ်ဆိတ်ရပ်ကွက်လေးမို့ အေးချမ်းပါသည်။
တိုက်တွေသာ ရှိနေသောကြောင့်လည်း ဘောစိရပ်ကွက်ဆိုပါစို့...။
စိမ်းဆု ကားမောင်းနေရင်း ​ခြံတစ်ခြံဆီအကြည့်ရောက်မိတော့ ကောင်လေးတစ်ယောက် အရပ်ကြီးကလည်း အရှည်ကြီးပဲ ၊ ဆံပင်တိုတွေက နဖူးပေါ်ကျနေသည်။ မျက်ခုံးမွှေးထူကာ မျက်နှာသည် ပြေပြစ်ချောမောလှသည်။
ယောကျာ်းဆန်ဆန်ချောမောပြီး ကြည့်ကောင်းလွန်းသော လူငယ်တစ်ယောက်ပင်။

စိမ်းဆု ဟိုကောင်လေးကို ငေးကောင်းကောင်းနဲ့ငေးလိုက်တာ ကိုယ့်ခြံကြီးကို ကျော်သွားပါလေရော။ အမြန်လွတ်သွားသော သတိကို ပြန်ကပ်ပြီး ကားကိုနောက်ပြန်ဆုတ်ကာ ခြံထဲမောင်းဝင်ခဲ့လိုက်သည်။

" သား ဘယ်သွားတာလဲ "

" ဟင်.... ဘာဖြစ်လို့လဲ အမေ "

" အော် သားက ခြံကိုကျော်သွားတော့ ဘယ်များသွားသလဲမသိလို့လေ "

အိ......စိမ်းဆုအငေးလွန်သွားလို့ဟု ဖြေလိုက်လျှင် အမေက ဘယ်လိုပြန်ပြောလာမလဲ သိနေသည်မို့.....

" အင်း အမေ ရပ်ကွက်ထဲ လေ့လာတဲ့သဘောပါ"

" အင်းပါ သွား နားတော့ ပင်ပန်းလာတယ်မလား "

အမေ့ကိုနှုတ်ဆက်လို့ အိမ်ပေါ်အမြန်တတ်ရတော့သည်။ အလုပ်ပင်ပန်းလွန်းသ​​ဖြင့်
နားချင်လို့တော့ မဟုတ် ။ ဟိုကောင်လေးဝင်သွားသော ခြံကို အပေါ်ထပ် ဝရန်တာကနေ ကြည့်မလို့ပင်။

ဟိုကောင်လေးဝင်သွားသော ခြံကို စိမ်းဆု ကြည့်လိုက်တော့ ခြံက စိမ်းဆုတို့လိုပဲ အကျယ်ကြီး။
ခြံထဲမှာ အပင်တွေလည်း အများကြီး စိုက်ထားလေသည်။ ကားဂိုထောင်လည်းတွေ့ရသည်မို့ ကားတွေလည်း ရှိမည့်ပုံ။
စိမ်းဆု သူများအိမ်ကိုတစ်ခါမှ အခုလို မစပ်စုဖူးခဲ့။ အခုတော့ သေချာကို ကြည့်နေမိသော စိမ်းဆုက မသိရင် အိမ်ဖောက်ထွင့်မည့်သူလိုလို ။
ကိုယ့်အဖြစ်ကိုယ် သဘောကျသွားသည်မို့ စိမ်းဆု ရယ်လိုက်မိသည်။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Место, где живут истории. Откройте их для себя