Unicode
ကလေးငယ်က သူငယ်ချင်းတွေနှင့် ခရီးသွားပြီမို့
စိမ်းဆုတစ်ယောက်ထဲသာ အချိန်တွေကုန်နေရသည်။ ဖြိုးလေးကို အသိမပေးရသေးသော ကိစ္စ
ရှိပါသေးသည်။
အင်း.... ကလေးငယ်ပြန်လာရင်တော့ အသိပေးရအုံးမည်။ ဖြိုးလေးသာ သိရင် စိမ်းဆုကို ဘာပြောမလဲ။တီ...
ဖုန်းကိုကြည့်လိုက်တော့ ဖြိုးလေးဆီက ။
ဖြိုးလေးဆိုသည့် စိမ်းဆု၏ကလေးငယ်သည်
စိမ်းဆုကို အမြဲတမ်းရင်အေးစေသည်။
ဖြိုးလေးကြောင့်သာ မဟုတ်ရင် စိမ်းဆုအခုချိန်ထိ ဖခင်ဖြစ်သူ၏အမိန့်တွေထဲက လွတ်မြောက်မှာမဟုတ်ပေ။" ဟယ်လို ကိုကို ဖုန်းကိုင်တာ နောက်ကျတယ် "
" အင်း ဟုတ်တယ် ကိုကို operation တစ်ခုအတွက် ပြင်နေရလို့ပါဗျာ ရောက်ပြီလား ဖြိုးလေး "
" ဟုတ် အခုပဲ ရောက်တယ် ကိုကို ကိုကို ကိုယ့်ကျန်းမာကိုယ် ဂရုစိုက်နော် ဖြိုးလေးမရှိဘူးဆိုပြီး
နေချင်သလို မနေရဘူးနော် ကြားလား "ဖုန်းထဲကနေ မှာကြားနေသော ကလေးငယ်ကြောင့် သူမမြင်ပေမဲ့လည်း ပြုံးလိုက်မိသည်။
ဘယ်အချိန်ပဲဖြစ်ဖြစ် ဖြိုးလေးက စိမ်းဆုကို ကလေးတစ်ယောက်လိုမှာနေသည်။
အင်း..... ဖြိုးလေးသာ မရှိရင် စိမ်းဆုလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဖြစ်ပါ့မလား။" အင်းပါ စိတ်ချနော် နားလိုက်အုံး ပင်ပန်းနေမှာကို "
" ဟုတ် ကိုကို ဒါဆို ဒါပဲနော် သတိရတယ် ကိုကို"
ပြောပြီး ဖုန်းချသွားသော ဖြိုးလေးကြောင့်
စိမ်းဆုမှာသာ ရင်တွေခုန်ပြီး ကျန်ခဲ့ရတာ။
ဘယ့်နှယ့် လူက operation ဝင်ရပါမယ်ဆို
ဒင်းလေးက လူကိုနှလုံးရောဂါရအောင်လုပ်သွားသည်။ တကယ်ပါပဲ..... ထိုင်ခုံမှာထိုင်ကာ နှလုံးခုန်တာပုံမှန်ပြန်ဖြစ်အောင် လုပ်နေရသည်။' သတိရတယ် ကိုကို ' လို့ ဝိုင်းဖြိုးပြောလိုက်တော့ သေချာပါသည် ကိုကို့မျက်နှာလေး ရဲသွားမည်ပင်။ မနက်က ကိုကိုနိုးသည်အထိ ထိုင်ကြည့်နေဖြစ်ခဲ့သည်။ အိပ်ပျော်နေသော ကိုကိုကတော့
ငြိမ်ကာ အသက်ပုံမှန်ရှုပြီးသာ အိပ်မြဲပင်။
ကိုကို့မျက်နှာလေးကို ဝိုင်းဖြိုးလက်ဖြင့်အသာထိလိုက်မိသည်။ မျက်နှာနုနုလေးထက် ဝိုင်းဖြိုးလက်တွေကို ကစားမိသည်။ သို့သော် ကာလနဂါးလေးကတော့ နိုးလာဖို့နေနေသာသာ သိတောင်မသိ။
မနက်စာကို အတူတူ အမေပြင်ပေးသော မုန့်ဟင်းခါးကိုစားခဲ့ကြပြီး ကိုကိုက ဆေးရုံသွားသည်။ ဝိုင်းဖြိုးလည်း ငဝင်းအိမ်ကိုလာခဲ့လိုက်သည်။
![](https://img.wattpad.com/cover/283249177-288-k183503.jpg)
BẠN ĐANG ĐỌC
လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)