Unicode
အချိန်ကိုလေးစားတန်ဖိုးထားသော ဒေါက်တာနေဒီစိမ်းဆုတစ်ယောက် သူ့နှလုံးသားလေး၏ပိုင်ရှင်ကို တွေ့ပြီးသည့်နောက်ပိုင်း
အလုပ်ချိန်တွေလည်း နောက်ကျတတ်သလို တစ်ခါတစ်လေ တစ်ယောက်ထဲလဲ ပြုံးနေတတ်သည်။ တစ်ခါတစ်လေ ခွဲခန်းထဲဝင်ရင်လည်း အရင်က ဘုရားရှိခိုးတတ်သော ဒေါက်တာက အခုတော့ ဖုန်းကိုထုတ်ကာ ကြည့်နေတတ်သည်။ ပြီးမှ ခွဲခန်းထဲကို ဝင်သွားလေသည်။
အခုလို ဒေါက်တာ နေဒီစိမ်းဆု အပြောင်းလဲကြီး
ပြောင်းလဲနေသည်ကို ေဆးရုံတစ်ခုလုံး၏ သူနာပြုတွေ ဆရာဝန်တွေက သတိထားမိကြပြီး
အားတိုင်း ပြောနေကြသည်မို့ နောက်ဆုံး ဆေးရုံအုပ် နားထဲ ရောက်သွားတော့သည်...။
ဒီနေ့ စိမ်းဆု ကောင်လေး၏ ထွက်အလာကိုစောင့်နေခြင်း။ မကြာပါဘူး ခြံကြီးထဲက ကားလေးထွက်သွားသည်မို့ စိမ်းဆုလည်း ကားမောင်းကာအနောက်ခပ်လှမ်းလှမ်းကနေ လိုက်သွားသည်။
တစ်နေရာအရောက် ကားရပ်လိုက်သည်မို့ စိမ်းဆုလည်း ကားရပ်ကာ ကြည့်လိုက်တော့ ဆော့ကစားနေသော ကလေးတစ်စုကို မုန့်ဖိုးပေးခြင်း။
မုန့်ဖိုးရသော ကလေးတွေက ခုန်ပေါက်ပျော်ပါးသွားကြသည်ကို ကြည့်ကာ ပြုံးပြီးကားမောင်းထွက်သွားသော ကောင်လေးသည် ကျောင်းကိုပဲတန်းသွားမှာ အသေအချာပင်။
စိမ်းဆုလည်း ဆော့နေသော ကလေးတွေအနားကိုသွားပြီး
" ကလေးတွေ ခုဏက ကိုကြီးနာမည်က ဘယ်သူလဲ သိကြလား "
စိမ်းဆုမေးလိုက်တော့ စိမ်းဆုကိုသေချာစိုက်ကြည့်ကြသည်မို့ လန့်တောင် လန့်သွားသည်။
အရင်က အိမ်နဲ့ဆေးရုံ ကိုသာ သွားလေ့ရှိသောကြောင့် ပတ်ဝန်းကျင်ဆိုတာ စိမ်းဆုအတွက် အမြဲစိမ်းသက်နေသည်။ အခုတောင် မနည်းအားတင်းပြီး ကလေးတွေကို မေးလိုက်ခြင်း...။
ဒီပုံအတိုင်းကို ဖြေမှာမဟုတ်သည်မို့ လက်ထဲပါလာသော ပိုက်ဆံတစ်ထောင်တန်တစ်ရွက်ကို ထုတ်ကာ ပေးလိုက်သည်။ ပိုက်ဆံဖြင့်တန်ဖိုးဖြတ်သည်မဟုတ်ပါ... ကလေးတွေကို မုန့်ဖိုးပေးစေချင်သည့်စေတနာမို့...
" ကိုကြီးဝိုင်းဖြိုးကို ပြောတာလား "
ဝိုင်း ဖြိုး တဲ့လား....။
ကလေးငယ်၏ နာမည်လေးက ဝိုင်းဖြိုးတဲ့။
ဒီရပ်ကွက်ထဲမှာ ကလေးကအစ ခွေးအဆုံး သိတယ်ဆိုပဲ ဝိုင်းဖြိုးဆိုရင် ။ အခုက ကျောင်းတတ်နေသည်မို့တဲ့လေ မဟုတ်ရင် ရပ်ကွက်ထဲ ကလေးတွေနှင့် ဘောကန်သတဲ့လေ။
ဘောလုံး........ ဘောလုံး ပြောပါတယ်။
ВЫ ЧИТАЕТЕ
လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)