Epi- 10 final.

2.1K 149 10
                                    

Unicode

မိုးလင်းလို့နိုးတာနဲ့ ကိုကိုနှင့်ဝိုင်းဖြိုးအတွက် နှစ်ယောက်စာချက်ပြုတ်သည်။ ကိုကိုနိုးလာတာနှင့်
အဆင်သင့်စားရုံပင်။ ပြီးလျှင် နှစ်ယောက်သား
ဆေးခန်းကိုသွားသည်။ လူနာတွေများစွာလာသည်မို့ ကိုကိုမှာ နားချိန်တောင်မရ။ ဘေးကနေ
ကိုကိုလိုတာကို ဖြည့်စည်းပေးရတာက ဝိုင်းဖြိုး၏ ကူညီမှု့။ နေ့လည်စာ နောက်မကျအောင်
ဘေးကနေ သတိပေးနေသည့်ဝိုင်းဖြိုးရှိနေသည်မို့ တော်သေးသည်ဆိုရမည်။ မဟုတ်ရင်တော့လား.... ဒေါက်တာဆုကြီးက သတိတောင်ရမှာမဟုတ်ဖူး။
ဆေးခန်းက သူနာပြုဆရာမလေးကတော့ ဝိုင်းဖြိုးကို နေ့တိုင်းပါလာလို့ ရိုးနေပြီထင်ပါရဲ့ ။
အရင်လို ပြူးပြူးပြဲပြဲ လိုက်ကြည့်မနေတော့ဘူး။

ကိုကိုပျော်ရွှင်နေတာကို မြင်နေရသည်မို့
ကျေနပ်သည်။ နောက်ထပ် ဝေးကွာရမည့်အချိန်တွေကိုလည်း ဝိုင်းဖြိုး ဖြတ်ကျော်ဖို့အားတွေရှိသွားပြီလေ။ နောက်ဆုံးတော့ ကိုကိုဆိုသည့်
လူသားကြီးကို ဝိုင်းဖြိုး အပိုင်သိမ်းခဲ့ပြီလေ အဟစ် အဟစ်...။

"မနက်ဖန် ပြန်ဖို့အကုန်ပြင်ပြီးပြီလား ဖြိုးလေး "

ဟုတ်တယ်.... ကျောင်းတွေ စာသင်နှစ်ပြန်စတော့မှာမို့ ဝိုင်းဖြိုးပြန်ရတော့မည်။ ဖြစ်နိုင်ရင် ကိုကို့ကိုပါ ပြန်ခေါ်သွားချင်ပေမဲ့ ကိုကိုပျော်ရွှင်နေတာကိုမြင်တော့ အဲ့အတွေးကိုဖျောက်ပစ်လိုက်သည်။ ကိုကို အနားမရှိတော့ရော ဘာအရေးလဲ
ကျောင်းပိတ်ရက်တွေတိုင်း ဝိုင်းဖြိုးအရောက်လာမှာပေါ့....။

" ဟုတ် ဖြစ်ပြီ ကိုကို ဖြိုးလေးပြန်သွားရင်
ကိုကိုကတော့ အရှုပ်ထုပ်မရှိတော့ဘူးဆိုတော့
လွတ်လပ်ပြီ "

" ကိုကို ဖြိုးလေးကို လွမ်းနေမှာ... "

အား....... ဒီဆရာဝန် လူကိုသတ်နေတာလား။
သူများက စလိုက်တာကို မျက်နှာငုံ့သွားပြီး ဝမ်းနည်းသွားပြီလေ။ တကယ်ပါပဲ... ဆရာဝန်လေးကို အိတ်ထဲထည့်ပြီးခေါ်သွားလိုက်ရ အင်း...။

" ကျောင်းပိတ်ရက်တွေတိုင်း ဖြိုးလေး အရောက်လာမှာပါ ကိုကို ကိုကိုသာ ကျန်းမာရေး
ဂရုစိုက် ပေးထားတဲ့ကတိကိုသာ မမေ့နဲ့ "

🎉 You've finished reading လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed) 🎉
လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Where stories live. Discover now