Epi - 8

1.4K 122 0
                                    

Unicode

ဒုတိယနှစ်စာမေးပွဲကြီးလည်း ပြီးသွားခဲ့ပြီမို့
ဝိုင်းဖြိုးလေးတစ်ယောက် ထွက်ပြေးသွားသော
နှလုံးသားကိုခိုးသွားသည့်သူကြီးရှိရာအရပ်ဆီ
ခြေဆန့်ခဲ့လိုက်သည်။
ရန်ကုန်ကနေ မနက် ၉ နာရီခွဲမှာ စတင်ထွက်ခွာလာလိုက်တာ ကားဖြင့်စီးလာရသည်က တစ်နေရာအရောက်မှာတော့ ဆင်းရပြီလေ။
ရောက်ပြီလားဆိုတော့ မဟုတ်ဖူး ထပ်ပြီး နှစ်နာရီလောက် ကားထပ်စီးရသေးသည်။
တစ်ခါ နာရီဝက်လောက် ဇက်ဆိုသောဟိုဖက်ဒီဖက် ကူးရသည့်ဟာကြီးဖြင့် ကူးရသေးသည်။
အဲ့ဒါလည်းရောက်ပြီလားဆိုတော့ မရောက်သေးဘူးနော်။ ထပ်ပြီး ရွာကိုရောက်ဖို့အတွက် ဆိုင်ကယ်တစ်ဆင့်ထပ်စီးရပြန်သည်။
တစ်နေ့လုံး စီးလိုက်ရတဲ့အစီးဟာဆိုရင်
ညနေ ၅နာရီမှသာ ထွက်သွားသူကြီးနေသည့်ရွာကို ရောက်လေသည်။

ရွာအဝင်ကနေ ဒေါက်တာနေဒီ၏ဆေးခန်း
ဘယ်မှာလဲမေးလာလိုက်ရတာ အာပေါက်မတတ်။ သို့သော် တစ်ယောက်မှ မဖြေကြပေ။
အသက်လတ်အရွယ်လူတစ်ယောက်ကိုတွေ့လို့မေးတော့မှ ' ဒေါက်တာဆု ကို မေးတာလား'
ဆိုကာ အခမဲ့ဆေးခန်းရှိရာဆီ လမ်းညွှန်တော့သည်။ အဲ့တော့မှ ဝိုင်းဖြိုး သက်ပြင်းအရှည်ကြီး ချလိုက်မိတော့သည်။

' DR.HSU အခမဲ့အထွေထွေဆေးခန်း ' ဟုသော
ဆိုင်းဘုတ်လေးကို မြင်လိုက်ရတော့ ဝိုင်းဖြိုး
တစ်နေ့လုံးပင်ပန်းလာခဲ့သမျှ အကုန်ပျောက်ပင်။
တတ်ကြွသောခြေလှမ်းတွေဖြင့် ဆေးခန်းရှိရာ
ဝမ်းသာအားရသွားလိုက်တော့ မြင်လိုက်ရသည့်
မြင်ကွင်းက ဝိုင်းဖြိုး၏ရင်ဝကို ချီးလူးထားသောဖိနပ်ဖြင့် စောင့်ကန်ခံလိုက်ရသလိုပင်။
ကိုကို့လက်တစ်ဖက်ကို မိန်းကလေးတစ်ယောက်က ကိုင်ထားလေသည်။

" ကိုကို........."

" ဟင် "

အမယ်.... ဟင် ဆိုပဲ။ မျက်လုံးကြီးပြူးပြီး
လူကိုကြည့်လာသော သူကြီးကို ဂုတ်ကနေဆဲွဲပြီး
အနားကို လာခဲ့ လို့ခေါ်လိုက်ချင်သော်လည်း
အသက်ကြီးတယ်နော် ဆိုပြီး မနည်းထိန်းချူပ်လိုက်ရသည်။ ငါနော်........ ဒေါသတွေလည်း
ထွက်ရပါတယ်။

စိမ်းဆု လူနာတွေရှင်းတုန်းလေး ဆေးခန်းပတ်ဝန်းကျင်လေးကို သန့်ရှင်းရေးလုပ်လိုက်သည်။ ကံမကောင်းချင်တော့ မိုးတွေရွာထားသည်မို့ ရေညှိတွေရှိနေသောနေရာကို နင်းမိကာ ချော်လဲတော့သည်။
အရှိန်ပြင်းသည်မို့ ကိုယ့်ဘာသာကိုယ် ပြန်မထနိုင်ပေ။ ဆေးခန်းထဲမှ အကူသူနာပြုဆရာမရောက်လာပြီး ကူတွဲပေးမှ ထနိုင်တော့သည်။
ဆရာမက စိမ်းဆုကိုတွဲပြီး ဆေးခန်းထဲ ဝင်လိုက်ချိန်တွင် နားထဲရင်းနှီးနေသော ခေါ်သံလေးကို
ကြားလိုက်ရသည်။
အသံကိုတင်မဟုတ် မျက်စိရှေ့တည့်တည့်မှာပါ
နေ့နေ့ညည လွမ်းနေခဲ့ရသောဖြိုးလေးကိုတွေ့လိုက်ရသည်မို့ စိမ်းဆု တကယ်ကို အံ့သြသွားရတော့သည်။
အိပ်မက်မက်နေတာမဟုတ်မှန်း ဆူပုတ်သွားသော မျက်နှာလေးက သက်သေပြုလေသည်။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)Dove le storie prendono vita. Scoprilo ora