Epi - 4

1.7K 143 0
                                        

Unicode

နောက်ဆုံးတွင်တော့ စာမေးပွဲကြီးပြီးသွားခဲ့လေပြီ။ စာမေးပွဲဖြေနေစဥ်အတွင်းမှာတော့ ဝိုင်းဖြိုးတစ်ယောက် နိဗ္ဗာန်ရောက်နေသလိုပါပဲ။
အကြောင်းကတော့ ဝိုင်းဖြိုးဘေးမှာ ကိုနေဒီစိမ်းဆုတစ်ယောက်က ဂရုစိုက်လွန်း အလိုလိုက်လွန်းနေသည်မို့ပင်။ စိမ်းဆုခဗျာကတော့ ဝိုင်းဖြိုးလိုအပ်သမျှကို ဘေးကနေ သေချာဂရုတစိုက်ဖြင့် လုပ်ကိုင်ပေးတတ်သည်။

နောက်ဆုံးတော့ စာမေးပွဲကြီးပြီးသွားပြီမို့
ကိုကိုတို့အိမ်ကို လွတ်လွတ်လပ်လပ်သွားလို့ရပြီလေ။ ဒါကြောင့် ကိုကိုတို့အိမ်ဘက် ခြေဆန့်ခဲ့သည်။ တကယ်တော့ ကိုကို့ကို မျှော်နေတာရယ်
ရောက်မလာသော ကိုကိုကြောင့် ဝိုင်းဖြိုးက သွားမည်။ သီချင်းလေးတညီးညီးဖြင့် ကိုကို့အိမ်ဝရောက်တော့ ဧည့်သည်တွေရောက်နေသည်ထင်
စကားပြောသံတွေ ကြားလိုက်ရလေသည်။
မဝင်သွားတော့ပဲ အိမ်ဝမှာသာ ရပ်နေလိုက်သည်။

" ဟား ဟား ကိုနေရေ ကျွန်တော်တို့ သားရေးသမီးရေးတွေ ပြောကြရတော့မယ်နဲ့တူပါတယ်ဗျာ "

" ဟုတ်ပါ့ ကိုလှိုင်ရေ ဟား ဟား "

အထဲမှ ကိုကို့အဖေနှင့် ဧည့်သည်တို့ပြောနေကြသည် သားရေးသမီးရေးတဲ့။ ဘာတွေလဲ.... အခု
ကိုကို့ကို မိန်းမပေးစားကြတော့ဖို့လား။
ကိုကိုကရော ယူဖို့လားမသိဘူး... ဒါမှမဟုတ် ငြင်းဖို့လား။
ဝိုင်းဖြိုး အတွေးများနေခိုက် အိမ်ထဲမှလူတွေသည် အပြင်ထွက်လာကြသည်။

" ဟင် ဖြိုးလေး ရောက်နေတာကို အိမ်ထဲ ဝင်မလာဘူး..."

" အခုမှ သတိရတယ် ကိစ္စလေးရှိသေးလို့ "

ဝိုင်းဖြိုး ဆက်မနေချင်တော့သည်မို့
အိမ်ကိုပြန်လာခဲ့လိုက်သည်။ ခုဏကမြင်လိုက်ရသည့် ကိုကို့ဘေးက အမျိူးသမီးသည် ကျက်သရေရှိပြီး လှသည်။ ကိုကိုနှင့်တွဲတွေ့လိုက်ရတော့ လိုက်ဖက်လိုက်တာ။
ဒါဆို ကိုကိုက ထိုအမျိူးသမီးနှင့်လက်ထပ်တော့ဖို့လား  ၊ ကိုကို့အဖေကရော သားရေးသမီးရေးတွေ ပြောပြီးခဲ့ကြပြီပေါ့။
ကိုကို့အတွက် ဝမ်းသာရမည်ကို ဘာလို့များ
ဝိုင်းဖြိုးရင်ထဲ မကောင်းရတာလဲ မသိဘူး...။
ဝိုင်းဖြိုးကို အလိုလိုက်လွန်းသူ ကိုကို့ကို တစ်ခြားတစ်ယောက်ဆီ ပေးလိုက်ရတော့မှာမို့ထင်ပါတယ်လေ ။

လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)حيث تعيش القصص. اكتشف الآن