Unicode
" ကိုကိုရယ် မြိုသိပ်နေရတာ မပင်ပန်းဘူးလားဟင် ကိုကို ဖြိုးလေးကို စတွေ့တည်းက ရင်ထဲရှိခဲ့တယ်ဆိုတာကိုလေ "
အလန့်တကြား လှည့်လာပြီး ဝိုင်းဖြိုးကို ကြည့်သည်။ ဘယ်လိုသိသွားတာလဲ ဆိုသည့် အကြည့်။ ဝိုင်းဖြိုး အိတ်ထဲကနေ ကိုကို့ဒဏ္ဍာရီစာအုပ်လေးကို ထုတ်လိုက်ပြီး ကိုကို့ကိုပြလိုက်သည်။
" ကိုကို လိမ်ချင်သပဆိုလည်း လိမ်ပါအုံး "
ဘာမှပြန်ပြောမလာတော့ပဲ ဒဏ္ဍာရီစာအုပ်ကိုပိုက်ကာ မျက်ရည်တွေကျလာသော ကိုကိုကြောင့် ဝိုင်းဖြိုးလည်း မျက်ရည်ကျမိသည်။
ဝိုင်းဖြိုး ကိုကို့ကိုအသာဖက်လိုက်ပြီး နှစ်သိမ့်မိသည်။
" ကိုကိုက ဖြိုးလေးကို တစ်ယောက်ထဲ ထားခဲ့တယ် စိတ်ဆိုးချင်စရာကြီး ဒါမဲ့ စိတ်မဆိုးရက်ဘူးသိလား ကိုကို့ကို နေ့တိုင်း အချိန်တိုင်းပဲ လွမ်းနေခဲ့ရတာ "
" ကိုကိုလည်း လွမ်းပါတယ် ဖြိုးလေးရယ်... "
ပြန်ဖက်လာပြီး စိတ်လွတ်လက်လွတ်ငိုသော ကိုကိုသည် မြိုသိပ်ထားခဲ့တာတွေကို လွှတ်ချလိုက်သလိုပင်။ ကိုကို့ကို အငိုတိတ်အောင် နှစ်သိမ့်ပြီး ဝိုင်းဖြိုးကိုယ်တိုင်ကလည်း မျက်ရည်တွေကျလျက်။
" ကိုကို မပြောတော့ဘူးလို့ ဆုံးဖြတ်ထားရင်လည်းရပါတယ် ဖြိုးလေးပဲ ေပြာတော့မယ်
ကိုကို့ကို ဖြိုးလေး သိပ်ချစ်တယ် ကိုကို သိပ်မြတ်နိုးတယ် သိလား ထွက်သွားသူကြီးရဲ့ "
" ကိုကိုလည်း ဖြိုးလေးကို သိပ်ချစ်ပါတယ် "
ဝိုင်းဖြိုးရင်ခွင်ထဲ ငိုနေသော ကိုကိုသည် အချိန်အတော်ကြာမှ အငိုတိတ်သည်။ မျက်ရည်တွေကို
သုတ်ပြီး ဝိုင်းဖြိုးကို ကြည့်လာလေသည်။
" မင်္ဂလာပွဲကို ကိုကိုလာမှာပါ ဖြိုးလေး နားတော့လေ ပင်ပန်းလာတာကို "
ဟား.....ဟား.....
ဝိုင်းဖြိုး ကျွေးလိုက်သော ဂျင်းကို အပီအပြင်စားလိုက်သော ကိုကိုပါ။ ခုဏက ဖိတ်စာကိုကြည့်နေပြီး တစ်ခါမျက်ရည်တွေ ပြန်ဝဲလာပြန်သည်။
ကြည့်ရတာ ဝိုင်းဖြိုးက မင်္ဂလာဆောင်ဖို့ သူ့ကို
လာနှုတ်ဆက်ပြီး ရင်ဖွင့်တာပါပေါ့။
ဘယ်လိုတောင် တွေးခေါ်တတ်ရတာလဲ ဒေါက်တာရယ်။
ESTÁS LEYENDO
လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်အထိ(Completed)