09

389 49 6
                                    

Unicode

"ဝင်လာလေ မင် ... ဘာရပ်လုပ်နေတာလဲ?"

အိမ်ပေါက်ဝကနေရပ်ပြီးတွေတွေကြီးရပ်ကြည့်နေသည့် ဂျီမင်း အား အိမ်ထဲကနေအမေးထူးတော့အူလည်လည်လေးနဲ့လုပ်နေလေရဲ့ ။

"အော် ဝင်လာခဲ့ပါဆိုနေကွာ ... ကဲ လာ"

မနေနိုင်တဲ့သူကပဲ အိမ်ပေါက်ဝကရပ်နေသည့် ဂျီမင်း ၏ပခုံးနှစ်ဖက်အားတွန်း၍အိမ်ထဲဝင်စေတော့မှခြေလှမ်းတွေကရွှေ့လျားလာသည် ။

"ကိုယ့်အိမ်ကိုယ်ပြန်လာတာပဲ ... ဘာတွေငေးနေတာလဲ မင် ရဲ့"

အိမ်ထဲရောက်တော့လည်းအိမ်ထဲကိုမျက်လုံးဝိုက်ကြည့်နေသည့် ဂျီမင်း ကြောင့် နမ်ဂျွန်း ပြုံးပြုံးလေးဖြင့်သာပြောမိသည် ။

"ဘာမှမပြောင်းလဲဘူးပဲ"

ဂျီမင်း ရဲ့တိုးတိုးလေးပြောလိုက်တဲ့စကားသံက အိမ်ထဲကနေ ဂျီမင်း အားစောင့်ကြိုနေသည့်မိဘ၂ယောက်လုံးခမျာမျက်ရည်ကျလာစေ၏ ။

ဝမ်းသာလို့ကျတဲ့မျက်ရည်လို့ပဲပြောရမှာပေါ့ ၊

မျက်ရည်ကျနေပေမယ့် မျက်နှာပေါ်မှာတော့ပြုံးလို့ရွှင်လို့လေ ။

ဆေးရုံတက်နေရသည့်၈လဟူသည့်အချိန်ကာလတစ်ခုကြောင့် မိဘတွေလဲသားဖြစ်သူအားဒီအတောအတွင်းစိုးရိမ်နေခဲ့ရတာ နမ်ဂျွန်း ဆရာဝန်တစ်ယောက်အနေနဲ့မဟုတ်တောင် လူသားချင်းကိုယ်ချင်းစာပေးနိုင်ပါသည် ။

"သားလေး .. မေမေ တို့ဆီလာပါဦး"

ခြေစုံရပ်ကာ ဂျီမင်း အားရပ်ကြည့်နေသည့်မိဘနှစ်ပါးမှ အမေဖြစ်သူကလက်ကမ်းကာလှမ်းခေါ်တော့ ဂျီမင်း တစ်လှမ်းချင်းဆီသာတိုးလို့ရွှေ့သွားလေသည် ။

"ပျော်လိုက်တာ သားလေးရယ်"

ရင်ခွင်ထဲရောက်လာသည့် ဂျီမင်း အားအမေဖြစ်သူမှာပွေ့ဖက်ရင်းပြောတော့ ဘေးကအဖေကပါနှစ်ယောက်လုံးအားထပ်မိုးဖက်၍ခေါင်းတညိမ့်ညိမ့်နှင့်မျက်ရည်များကျလာသည် ။

နေပြန်ကောင်းလာသည့်သားအခြေအနေကြောင့် ပျော်ရွှင်နေကြသည့်မိဘနှစ်ယောက်အားကြည့်ပြီး နမ်ဂျွန်း လည်းမျက်ရည်လည်လာမိသည် ။

  LOVE    (MinJoon)Where stories live. Discover now