01

1.4K 111 4
                                    

Unicode

LOVE

တံခါးပေါက်ဝကနေ အိမ်အပြင်ထွက်ထွက်ခြင်း ရေစက်တစ်ချို့ မျက်နှာပေါ်ရှပ်ပြေးသွားတော့ ကောင်းကင်ပေါ်အသာမော့ကြည့်မိသည် ။

မီးခိုးရောင် ကောင်းကင်ကြီးပေါ်၌ ခပ်မှိုင်းမှိုင်းတိမ်စိုင်တွေက ဟိုတစ်စ ဒီတစ်စ ၊

စိုထိုင်းထိုင်းမြေစတွေအားဖြတ်ပြေးလာတဲ့ ခပ်သင်းသင်း လေပြေလေအေးတစ်ချို့ကြောင့် ရင်ထဲအေးခနဲပင် .

သဘောကျသည်မို့ အပြုံးနဲ့အတူ ပေါ်လာသည့်ပါးချိုင့်နက်ကလေးတစ်ခု ။

ဒီရာသီဥတုမျိုး သူနှစ်သက်သည် ၊
လူတော်တော်များများက မိုးရာသီဆိုသဘောမကျကြပေမယ့် သူကတော့ မိုးရွာသည်ကိုအလွန်သဘောကျသည် ၊

မိုးရေထဲမှာလမ်းလျောက်နေရသည်ကိုက သူ့အတွက် ဘာနဲ့မှအစားထိုးမရနိုင်သည့် ခံစားချက်တစ်ခု .

သို့သော် ဒီနေ့တော့အတန်းပျက်လို့မရသည်မို့ မိုးရေထဲစက်ဘီးစီးကာ လာမနေတော့ .
ဘတ်စ်ကားဖြင့်သာ ကျောင်းသွားမည်ဟုဆုံးဖြတ်၍ ထီးတစ်ချောင်းယူကာထွက်လာခဲ့လိုက်လေသည် ။

အခုချိန်လောက်ဆို သူမျှော်နေလောက်ပြီ.........

.
.
.

“ဟိုဆော့ကီ (Hoseokie)”

“နမ်ဂျွန်း မင်းဘာလို့ဒီလောက်နောက်ကျနေတာလဲ ငါစောင့်နေတာကြာနေပြီ”

ကြည့် .. ကျတော်မပြောဘူးလား ၊ ကျတော့်ကိုသူမျှော်နေလောက်ပြီဆိုတာလေ...

“ဆော်ရီးပါကွာ မနက်စာထည့်နေတာနဲ့ နည်းနည်းကြာသွားတယ်”

“မနက်စာ!”

အစားအကြောင်းပြောလိုက်တာနဲ့ကို မျက်လုံးလေးတွေအရောင်လက်လာတဲ့ဒီကောင်လေး ၊
ကျတော် အသည်းမယားဘဲနေမလားဗျာ ။

“အင်း .. ရော့ စား ၊ ငါကြက်ဥလိပ်ထမင်းကြော် နဲ့ ရေညှိထမင်းနဲနဲလိပ်လာတယ်”

“ဝါးးး တကယ်ကိုမင်းကငါ့အတွက်မရှိမဖြစ်ပဲ”

ပြောလဲပြော ပါးစပ်ထဲလဲထိုးထည့်နေတဲ့ ဟိုဆော့ အားကြည့်ကာ နမ်ဂျွန်း မှာဘာမှပြန်မပြောနိုင် .
ပါးချိုင့်နက်တွေပိုနက်လောက်သည်အထိပြုံးကာသာပြုံးနေသည် ၊
သူ့ချစ်စရာအမူအကျင့်တွေနဲ့ အပြောလေးတွေကြောင့် မှိုင်းမိနေတယ်လို့ပြောရင်ပိုမှန်လေမလား....

  LOVE    (MinJoon)Where stories live. Discover now