Unicode.
အချစ်ရဲ့မမျှတမှု..
"မင်းသွားချင်တိုင်းလိုက်ရအောင်ငါအားမနေဘူး ဂျောင်ဂု"
"အရင်ကတစ်ယောက်ထဲမို့လို့လုပ်ချင်ရာလုပ်သွားချင်ရာသွားတယ်ဆိုပေမယ့် အခု အကိုက ကျတော့်ယောက်ျားလေ .. ကျနော်သွားချင်တဲ့နေရာတိုင်းရှိနေပေးရမှာ အကို့ရဲ့တာဝန်ပဲ"
"ငါ့ဘဝတစ်ခုလုံးကိုမင်းပိုင်နေပြီပဲကွာ .. မကျေနပ်နိုင်သေးဘူးလား?"
အကြောင်းမှာ ဂျူတီကုပ်အဖြူနဲ့ကောင်လေးအားအိမ်ထဲကမထွက်နိုင်အောင်ဆွဲထားပြီး တဂျီဂျီပြောနေတဲ့ကောင်လေးကမျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်နဲ့ပင်။
"ချစ်လွန်းလို့သူများလက်ထဲကလုယူခဲ့တာပါ မှန်ပါတယ် .. နောင်တရလားဆိုရင်နည်းနည်းလေးတောင်မရဘူး .. အကိုမလိုက်ဘူးဆိုရင် ဟိုကောင့်ကိုပိုရူးသွားအောင်လုပ်ပစ်မှာနော်"
အခုပဲခခယယပြောနေရာကနေ ချက်ချင်းတင်းမာသွားသောမျက်နှာနှင့်ကောင်လေးက လိုချင်တာမရရင်ဒီလိုနည်းကိုသုံးစမြဲ။
ဟိုဆော့ စိတ်ရှုပ်ရှုပ်ဖြင့်ဆုတ်တစ်ချက်သပ်လိုက်လေသည်။“ငါ လိုက်ခဲ့ရင်ပြီးပြီမလား…"
"ဒီလိုကျတော့ အကိုကသဘောပေါက်လွယ်သား"
ဂျူတီမရှိဘဲ ပတ်ဂျီမင်း ကိုကွယ်ရာကနေသွားသွားကြည့်နေတတ်တဲ့ အကို့ကို ကျတော် မသိရအောင် ထိတော့ ကျတော်မတုံးသေးဘူး အကို။
အဲ့ကောင်ကို အကို မေ့နိုင်တဲ့အထိ ကျနော့်အချစ်တွေကို အကိုမမြင်သေးဘူးထင်ပါရဲ့။"ဒါဆိုသွားရအောင်လေ"
လက်သွယ်သွယ်လေးတွေကိုကိုင်ဖို့ ရွယ်လိုက်ပေမယ့် ထိုလက်ကလေးတွေကဆီက ပုတ်ထုတ်ခြင်းကိုခံလိုက်ရတော့ ရင်ထဲစပ်ဖျင်းဖျင်းရယ်။
ကားစက်နှိုးပြီး ဘေးကိုကြည့်မိတော့ဆူပုတ်ပုတ်မျက်နှာထားနဲ့ဖုန်းကိုကြည့်နေတဲ့ နေရောင်ခြည်လေးကဘယ်လောက်ကောက်ကောက် ကျတော့် အတွက် တော့ကြည်နူးစရာလေးပဲ။
ကောက်နေတဲ့သူကိုချော့ရတာလောက် ဂျွန်ဂျောင်ဂု ဘဝမှာပျော်စရာကောင်းတာမရှိ။
နောက်ခန်းထဲကဂျူတီကုပ်လေးကတော့ အထီးကျန်စွာဖြင့် ဖြူလွလွရှိနေလေရဲ့။

YOU ARE READING
LOVE (MinJoon)
Humorပေးဆပ်ခြင်း၊ရယူခြင်း ဆိုပြီးခွဲခြားထားလဲအချစ်ကအချစ်ပါပဲ ၅၂၈ ၊၁၅၀၀ဆိုတဲ့အရေတွက်သာကွာပေမယ့်အချစ်ကတော့အချစ်ပါပဲ တစ်ခုပဲ အချစ်နွံထဲအလွန်အကျွံတိုးမိသွားရင်တော့ ခင်ဗျားတို့ပြောတဲ့အချစ်ကမကောင်းဆိုးဝါးတစ်ကောင်လိုခင်ဗျားတို့ကိုဝါးမျိုပစ်လိမ့်မယ်...