05

701 75 10
                                    

Unicode
................

                                    

“ကိုကို ဘယ်မှာလဲ”

ဂျီမင်း တစ်ယောက်အိပ်ရာနိုးနိုးချင်းချစ်ရသူအားသတိရနေသည်မို့ချက်ချင်းပင်ဖုန်းဆက်ကာမေးနေပြန်သည် ။

ကျောင်းပြီးလို့အေးဆေးတွေ့ရမလားမှတ်တယ် ၊
ကိုကိုကဘွဲ့ရသွားသည်မို့ ယခုဆိုဆေးရုံ၌အလုပ်သင်ဆရာဝန်လောင်းလေးဖြစ်နေပြီလေ ၊

အဲ့တော့ကိုကိုမှာမအားလပ်သည့်အချိန်ကများနေသောကြောင့် ဘယ်လိုမှအလွမ်းသယ်တွေ့လို့မရ ၊
အမှတ်များများနဲ့ဘွဲ့ရခဲ့တဲ့ ကျတော်ရဲ့ကိုကိုက ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးဆေးရုံတစ်ခုမှာအလုပ်သင်အဖြစ်နေရာရခဲ့တယ် ။

မတွေ့ရပေမယ့်လဲ အရမ်းတော်တဲ့ကျတော့်ကိုကိုအတွက်ကျတော်ဂုဏ်ယူလို့မဆုံး .....

“ကိုကို ဆေးရုံမှာပေါ့ ဂျီမင်းနီလေးရဲ့”

ဂျီမင်း အခန်းနံရံပေါ်ကနာရီအားလှမ်းကြည့်လိုက်တော့ ၆:၂၀ ၊

“အစောကြီးကို ဆေးရုံရောက်နေပြီလား”

“ကိုကို ညထဲကမပြန်ရသေးတာ”

“ဟင် ဘာလို့လဲ”

“မနေ့ညက ကိုကိုတို့ night duty လေ .. ဒီမနက်၉နာရီမှကိုကိုဂျူတီပြန်ထွက်ရမှာ”

“အာ ကိုကို ပင်ပန်းနေမှာပဲနော်”

တဖက်ဖုန်းကကြားလာရတဲ့အသံဖျော့ဖျော့လေး ၊
သူ့အတွက်စိုးရိမ်ပေးနေရှာတဲ့ဒီကောင်လေးဟာအင်မတန်ချစ်ဖို့ကောင်းပါသည် ။
ဖြစ်နိုင်ရင် အခုချက်ချင်းတောင်ဆေးရုံကနေအမြန်ပြေးသွားပြီးဖက်လိုက်ချင်ရဲ့ ..

“မပင်ပန်းပါဘူး ကိုကိုအတွက်ဘာမှမစိုးရိမ်နဲ့နော်”

“ကိုကို ဆေးရုံကထွက်လိုက်တော့ ၊ ကိုကို့ကိုကျတော်ပဲရှာကျွေးမယ်”

ဟောကြည့် ! သူ့ကိုဆိုတအားဂရုစိုက်တတ်တဲ့ဒီကောင်လေး ။
သူ့မရှိရင်ကျတော်ဘယ်လိုမှနေတတ်တော့မှာမဟုတ်ဘူး ၊

“ကိုကို အဆင်ပြေပါတယ် ၊ ပြီးတော့ ဒီဆရာဝန်အလုပ်ဆိုတာ ကိုကို အရမ်းဖြစ်ချင်နေတဲ့ဝါသနာ ကိုကို တတ်တဲ့ဆေးပညာနဲ့လူ့အသက်ကိုကယ်ချင်တာ ကိုကို့ရည်မှန်းချက်လေ ဂျီမင်းနီလေးရဲ့ ၊ ကိုကို မပင်ပန်းပါဘူး”

  LOVE    (MinJoon)Where stories live. Discover now