03

663 85 5
                                    

UNICODE

နေရောင်ခြည်အောက်မှာလင်းလက်နေတဲ့အကို့အပြုံးကိုကြည့်နေရသည်ကိုက ကျတော့်အတွက်အင်အားဖြစ်စေတယ်၊
အရမ်းကို တောက်ပလွန်းတယ်ဗျာ .....

ကျတော့်လက်ကိုယှက်တွယ်ထားတဲ့အကို့ရဲ့လက်နွေးနွေးလေး ကျတော့်ကိုတစ်သက်လုံးဖမ်းဆုပ်ထားပေးပါ ၊

ခေါင်းကို အကို့ပခုံးပေါ်အသာလေးမှေးတင်လိုက်တော့ ပြုံး၍ကျတော့်ပါးလေးအားအနမ်းတစ်ပွင့်ခြွေချလိုက်တဲ့ အကိုဆော့ ..
သစ်ပင်ပေါ်ကသစ်ရွက်လေးတွေတောင်ရှက်လို့ မြေကြီးပေါ်မဆင်းလာတော့ဘူးထင်ပါရဲ့ .....

ကျတော်ဒီလိုပဲ တသက်လုံးပျော်ချင်ပါတယ် အကို။
ကျတော့်ဆန္ဒကအကိုနဲ့ဆိုဖြစ်မြောက်လာမယ်လို့ယုံကြည်ပြီးသားပါ ::

ဘာလို့ဆိုအကိုကလဲကျတော်ကိုချစ်သလို ကျတော်ကလဲအကို့ကိုသိပ်ချစ်လို့ ။

ကျေးဇူးပြု၍ကျတော်နဲ့အတူအမြဲရှိနေပေးပါ ....

ပခုံးထက်မှီထားရင်း အကိုမျက်နှာအားအသာမော့ကြည့်၍တွေးမိနေတုန်း ကျတော့်မျက်နှာအားပြန်ငုံ့ကြည့်လျက်ပြုံးပြလာတဲ့ အကိုဆော့ ။

အကိုဆော့ ရဲ့အပြုံးတွေကြားမှတွေ့လိုက်ရသည်ကအရည်ကြည်လေးတွေလဲ့နေတဲ့မျက်လုံးအိမ်တစ်စုံ ,
အကိုဆော့ ငိုနေတာလား .....

ဘယ်ဘက်ရင်အုံကဆစ်ခနဲနာကျင်လာကာ ချက်ချင်းပင်အကို့ပါးနှစ်ဖက်ပေါ်အားလက်ဝါးအသာတင်လျက်မျက်လုံးချင်းတို့ဆုံစေလိုက်သည် ။

"အကိုဆော့ ဘာလို့ငိုနေတာလဲ"

မေးလိုက်မှပို၍ကျလာသောကြည်လဲ့လဲ့မျက်ရည်ဥတွေ ,
သို့သော်အပြုံးတို့ကတော့ရပ်မသွားခဲ့ ,
မငိုပါနဲ့ အကို ၊ အကိုငိုရင်ကျတော်ပိုနာကျင်လို့ပါ......

"ကျတော်မေးနေတယ်လေ ဘာလို့ငိုနေတာလဲလို့"

"အကို တောင်းပန်ပါတယ်"

"ဘာကိုလဲ ဘာတွေပြောနေတာလဲ"

"အကို တောင်းပန်ပါတယ် ဂျီမင်းနီ"

ဘာကိုတောင်းပန်နေတာလဲ ..
မကြောင်းအရင်းမရှိပဲနဲ့ ဘာလို့ဒီစကားကိုပဲထပ်တလဲလဲပြောနေရတာလဲ ။

  LOVE    (MinJoon)Where stories live. Discover now