“ လူလေး .. ”ရင်းနှီးနေသော ခေါ်သံတစ်သံကြောင့် လွှမ်းချက်ချင်းလှည့်ကြည့်လိုက်သည့်အခါ မျက်မှန်းတန်းမိနေသော ဦးကြီးတစ်ယောက်၏ မျက်နှာကို တွေ့လိုက်ရသည်။
“ ဦးကြီး ”
ထိုလူကြီးသည် ဟိုးယခင်ကတည်းက ကိုယ်ပိုင် စက်လှေမောင်းလေ့ရှိသူဖြစ်သည်။
ဇနီးတစ်ယောက်ရှိသော်လည်း အသက်ကြီးခါမှ အိမ်ထောင်ရက်သားကျသဖြင့် သားသမီးမထွန်းကားခဲ့။ ယခင်က ခေါင်တိုင်သို့ရောက်တိုင်း ထိုဦးကြီးလှေကိုသာ ငှားစီးနေကျဖြစ်သဖြင့် ထိုဦးကြီးက လွှမ်းကိုမှတ်မိနေခြင်းဖြစ်သည်။“ အေး.... ဦးကြီးက လူလေးတို့ဟုတ်ပါ့မလားလို့ လူလေးတို့နှစ်ယောက်က အရင်ကလိုပဲ....ဟင် !! ”
‘ အရင်ကလိုပဲ ခင်ခင်မင်မင် ရှိနေတုန်း’ ဟုပြောမည့်စကားများက ကပြားမျက်လုံးနှင့် Nelson ကိုမြင်ကာမှ ရုတ်တရက် စကားရပ်သွားပုံရသည်။ ဦးကြီး၏ အံ့ဩသွားသော ပုံစံကိုကြည့်ပြီး လွှမ်းလည်းသဘောပေါက်သွားခဲ့သည်။ ထို့နောက် အေးအေးလူလူပင် ပြောလိုက်၏။
“ ဒါက အလုပ်ကိစ္စနဲ့ရက်ကန်းရုံဆီအလည်သွားမယ့် ဧည့်သည်ပါ ဦးလေး ”
“ အော် ဟုတ်သား ... လူလေးက ရက်ကန်းအထည်တွေကိစ္စနဲ့ အလုပ်များနေတာကိုး ... ဦးကြီးလည်း လူလေးတို့နှစ်ယောက်အမှတ်နဲ့လှမ်းတားလိုက်တာ နို့မို့ဆို အနှောင့်အယှက်မပေးပါဘူးကွာ စိတ်မရှိနဲ့ ”
ခေါင်းပေါ်ဆောင်းထားသော ခမောက်ကိုဖြုတ်၍ ယပ်ခတ်နေသောဦးလေးကြီးက ရိုးရှင်းသော သဘောထားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။သို့သော် ထိုစကားသံအဆုံး လွှမ်း၏မျက်နှာမှာ ကွက်ခနဲ ပျက်သွားသည်။
ထို့နောက် လွှမ်းက ခေါင်းတညိတ်ပြကာ
က်ိစ္စမရှိကြောင်း တုံ့ပြန်လိုက်သည်။ ဦးကြီးကလည်း အချိန်ဆွဲမထားလိုဟန်ဖြင့် ဆက်ပြောလာခဲ့၏။“ ကဲ... လူလေးက ဧည့်သည်နဲ့ဆိုတော့ ခပ်မြန်မြန်သွား နေကပူတော့မယ် ဟိုဘက်ကလှေဆိပ်မှာ ဦးကြီးတူရဲ့လှေနဲ့သွားကြလေ”
“ ဟုတ်ကဲ့ပါ ဦးကြီး ”
“ အေးအေး.... ဉီးကြီးလည်း ပြန်အုံးမယ် ”
DU LIEST GERADE
အထင်ကရ ချစ်ခြင်း [ Completed ]
Romantik' အလွမ်းက ခါးသီးပေမယ့် လွမ်းဆွတ်မှုတွေနဲ့ အနားသတ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုရဲ့အဆုံးသတ်ကတော့ ချိုမြိန်လှပါတယ်....❤️ အလွမ်းတို့အနားသတ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအကြောင်း....' [ More Than Brothers ] [ ခန့်ထင်မင်းလွင် + စိုင်းလွှမ်း ] [ Fictional Characte...