အပိုင်း ( ၂၁ )

270 20 4
                                    

ညလေအေးက တဖျတ်ဖျတ်တိုက်ခတ်လာချိန် နှင်းစက်လေးတို့က မျက်နှာဆီ တို့ထိသွားခဲ့သည်။
အိမ်ရှေ့မှ တောင်ဇလပ်အနွယ်ဝင်ရောင်စုံပန်းလေးများ ယိမ်းနွဲ့လှုပ်ရှားသွားပုံကို လသာဆောင်မှ ငေးကြည့်နေသည်။ ‌လေတိုးတိုင်း ယိမ်းခါနေသည့်ပန်းကလေးများကိုကြည့်ခြင်းဖြင့် အချိန်အကြာကြီး စိုက်ပျိုးခြင်းခံထားရသည်ကို သိနိုင်သည်။

မည်သူစိုက်ပျိုးမှန်း သိထားသဖြင့် နှုတ်ခမ်းတို့တွန့်ရုံသာ ပြုံးလိုက်မိသည်။ ယခုအချိန်၌ လွှမ်း၏ အတွေးထဲတွင် ဝမ်းနည်းခဲ့သော၊ နာကျင်ခဲ့သော၊ ခါးသီးခဲ့ရသောခံစားချက်တို့မရှိတော့ပြီ။

အတိတ်က စိတ်ဖိစီးမှုဒဏ်တို့ကို လွှတ်ချလိုက်နိုင်ပြီးဖြစ်ကြောင်းတွေးမိချိန် စိတ်သက်သာရာရသွား၏။

" ကိုယ့်အချစ်... "

လွှမ်းခါးတစ်ခွင် ရစ်တွယ်လာသော လက်တစ်စုံနှင့်နီးကပ်လာသော ရင်ခွင်ကျယ်တစ်ခုကြောင့် အေးစိမ့်နေမှုမှ ချက်ချင်း ပျောက်ကွယ်သွားရပြီး နွေးထွေးသော ဤရင်ခွင်ပိုင်ရှင်မှာ လွှမ်း၏ချစ်ရသူပင်။

" ကိုခန့်~~ "

" အေးနေတာကို... ဘာလို့အပြင်မှာ ရပ်နေတာလဲကွာ... အအေးမိတော့မှာပဲ ..."

ခန့်ထင်၏ပွေ့ဖက်မှုဖြင့် ငြိမ်သက်နေသည့်လွှမ်းသည် ရုန်းကန်ခြင်းမရှိပါဘဲ လေတိုးတိုင်းလှုပ်ရှားနေသော ပန်းကလေးများကိုသာ အကြောင်းမဲ့ငေးမောနေဆဲ။ ထို့နောက် တိုးတိတ်စွာဆိုလာသည်။

" ကျွန်တော် အဲ့လောက်အားမနည်းသေးပါဘူး
ကိုခန့်ရာ .."

ခန့်ထင်၏စိုးရိမ်ပူပန်မှုကို လွှမ်းသိပ်မကျေနပ်သော်လည်း ဘာမှထပ်မပြောဖြစ်ပေ။ ထို့နောက် အခြားတစ်ခုခုကို သတိရမိသွားသည့်နှယ် သက်ပြင်းလေးချလာ၏။ထိုအပြုအမူကို ခန့်ထင်က မြင်လေတော့....

" ဘာတွေ သက်ပြင်းချနေတာလဲ ....ဟင် ?"

ခန့်ထင်၏မေးခွန်းကို လွှမ်းကမဖြေ။ ထိုအစား လှုပ်လီလှုပ်လဲ့ ပန်းကလေးများဆီသာ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

အထင်ကရ ချစ်ခြင်း [ Completed ]Where stories live. Discover now