အပိုင်း ( ၁၃ )

284 26 14
                                    


စိုထိုင်းထိုင်းအဝတ်များကို လဲလှယ်ပြီး အပြင်ထွက်‌လာသည့်တိုင် သတိလစ်နေသူမှာ သတိလည်ပုံမရသေး။ အဖြူရောင် တဘက်ကို ပခုံးပေါ်တင်လိုက်ပြီး ထိုကောင်လေးလဲလျောင်းနေသည့် ကုတင်နားရပ်လိုက်သည့်ကျော်သာသည် ခဲရောင်ဖျော့ဖျော့ ရှမ်းဘောင်းဘီနှင့်ရှပ်အဖြူကို ဝတ်ထား၏။
ကျော်သာသည် အသားညိုသော်လည်း သဘာဝအတိုင်းကြည့်ကောင်းသည့်အထဲတွင်ပါ၏။

တစ်ဖက်က သတိလစ်နေသူကို တစ်ချက်မျှကြည့်ပြီးသည့်နောက် မှန်ပြတင်းဘက်ဆီအနည်းငယ်လှမ်းသွားကာ အသာဖွင့်လိုက်၏။

ညလေအေးက တဖြူးဖြူးတိုက်ခတ်လာချိန် လရောင်အောက်ကန်ရေပြင်ပေါ် လှိုင်းကြက်ခွပ်ကလေးများက ဟိုဒီပြေးလွှားဆော့ကစားနေကြသည်။

တိမ်ကင်းစင်နေသော ကောင်းကင်တစ်ခွင်ကို ငေးမော့ကြည့်နေသော ကျော်သာသည် ဝိုင်းစက်နေသည့် လမျက်နှာပြင်တွင် တစ်စုံတစ်ယောက်၏မျက်နှာကို မြင်ယောင်လာတော့ အသာပြုံးလိုက်မိတော့သည်။

တစ်ဖန် လဲလျောင်းနေသူဘက်ကို အသာလှမ်းကြည့်တော့ ငြိမ်မနေသည့် မျက်တောင်တို့လှုပ်ခတ်နေမှုမှာ  သတိမလည်သေး‌ဟုဆိုရလည်း ခပ်ခက်ခက်။

ထို့နောက် ကျော်သာသည် ဆင်တူအဝတ်ပိုတစ်စုံကို ဘေးနားစားပွဲပေါ်တင်ပေးလိုက်၏။
စိုစွတ်သွားသော အဝတ်များကိုတော့အခြောက်ခံထားသည်။နာရီကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အလုပ်များကို ပစ်ထားရသဖြင့် ထိုကောင်လေးနှင့် ထပ်မံကစားနေရန်အချိန်မရှိတော့သောကျော်သာမှာ နေရာမှ ထွက်ခွာဟန်ပြုလိုက်သည်။

“ အဟွတ်အဟွတ် !! ”

ထိုအခါမှ သတိမလည်သေးသူဆီမှ လုပ်ချောင်းသံ တဟွတ်ဟွတ်က စတင်ထွက်ပေါ်လာတော့သည်။ ထိုအပြုအမူကြောင့် ကျော်သာ့နှုတ်ခမ်းတို့ကော့သွားရကာ
ခပ်ဖျော့ဖျော့အပြုံးလေးတစ်ခုပေါ်လာ၏။
ထို့နောက် ပုံမှန်မျက်နှာထားအတိုင်းပြန်ဖြစ်သွားပြီးနောက် မရည်ရွယ်ပါဘဲ အသံလာရာဆီသို့ လှည့်ကာ မေးလိုက်သည်။

“ နိုးပြီးပေါ့ ”

ထပ်မံ၍ မပတ်သက်စေရန် ကိုယ့်ကိုယ်ကိုယ်သတိထားနေမိသည့်တိုင် မပတ်သက်ဘဲ မနေနိုင်သည့်အမည်မသိတစ်စုံတစ်‌ရာကြောင့် အမှတ်မထင် စိတ်ရှည်ရပြန်၏။ အဘယ့်ကြောင့် ထိုကောင်လေးနှင့် အချိန်ဖြုန်းနေမိမှန်း ကိုယ့်ကိုယ်ကိုယ်ပင်မသိ။

အထင်ကရ ချစ်ခြင်း [ Completed ]حيث تعيش القصص. اكتشف الآن