အပိုင်း ( ၁၆ )

271 23 16
                                    


“ ခင်ဗျား ...! ဘာလုပ်တာလဲ...! ”

ပြောစရာမဲ့သွားသော လွှမ်းသည် ထိုသူ၏ နောက်တစ်ကြိမ် နှောက်ယှက်မှုကိုခံလိုက်ရပြန်၏။ အဆင်မပြေချိန်တိုင်း ထိုသူ၏ ရင်ဆိုင်တွေ့ရခြင်းက ကိုယ့်ကိုယ်ကိုယ်ပို၍ပင် သိမ်ငယ်စေသည်။ ထိုသူ၏ အောင်မြင်မှုများကို မြင်လျှင် ဝမ်းသာမပေးနိုင်ပေ။ လွှမ်းဘဝတစ်လျှောက်လုံး အခက်အခဲများစွာဖြင့် ကမောက်ကမဖြစ်အောင် ပြုလုပ်ထားခဲ့ပြီး ကိုယ်တိုင်ကျအဝေးထွက်ပြေးသွားခဲ့သူကို လွှမ်းစိတ်နာချင်မိ၏။

“ လွှတ်စမ်း ...! ”

လွှမ်း၏တွန်းထိုး ရုန်းကန်မှုကြောင့် နှုတ်ခမ်းချင်းကွာသွားခဲ့ပြီး လူချင်းလည်းအနည်းငယ် ခွာသွား၏။ သို့သော် ထိုလူကအလွတ်မပေးဘဲ ထပ်မံတိုးကပ်လာပြန်၏။ခန့်ထင်၏ ဤအပြုအမူများကို လွှမ်းနားမလည်နိုင်သလို အဓိပ္ပါယ်ဖော်နေရန်လည်းအတွေးမရှိ။ ထိုအခိုက်အတန့်၌ လွှမ်းဘက်က ထိုသူကို တစ်ခဏမျှမငြင်းပယ်နိုင်ရခြင်းက အရက်ကြောင့်သာ ဖြစ်လိမ့်မည်။

သို့သော် ယခုတစ်ကြိမ်ထပ်မံတိုးကပ်လာသော ခန့်ထင်ကစောနကလို အတင်းအကြပ် နမ်းရှိုက်ခြင်းမျိုး မပြုတော့ပါဘဲ လွှမ်း၏ခါးမှတဆင့် ပိန်ပိန်ပါးပါး ကိုယ်လေးကို ဆွဲယူကာ ရင်ခွင်ထဲပွေ့ဖက်ထား၏။ ထို့နောက် ကလေးများချော့မြှူနေသလို လွှမ်း၏ကျောပြင်လေးကိုပါခပ်ဖွဖွပုတ်ကာ ဆိုသည်။

“ ကိုယ်တို့ စကားအေးဆေးပြောဖို့လိုနေပြီ ”

ခန့်ထင်စကားသံအဆုံး ခပ်တောင့်တောင့်ဖြစ်သွားသော ခန္ဓာကိုယ်လေးကြောင့် လူချင်း အနည်းငယ်ခွာလိုက်ကာ မျက်နှာချင်းဆိုင်လိုက်ပြန်သည်။

“ အိမ်ပြန်ရအောင် ~~ နော် ”

ကြင်နာမှုတို့လွှမ်းနေသော စကားသံနှင့်အတူ
လွှမ်းထံသို့ ငုံ့လျှက် ပြောလာသောခန့်ထင်၏ စကားလုံးတို့ကြောင့် လွှမ်းမျက်နှာပြင်တစ်ခုလုံး ပူဆွေးလာရသည်။

နွေးထွေးမှုတချို့ လွှမ်းခြုံလာသည်က တစ်ဘဝလုံး ဝေးကွာသွားခဲ့သော လုံခြုံမှုကို တစ်ခဏမျှတမ်းတမိသွားစေ၏။

အထင်ကရ ချစ်ခြင်း [ Completed ]Tempat cerita menjadi hidup. Temukan sekarang