အပိုင်း ( ၂၂ )

256 19 18
                                    


" အွန်း ..! "

မွတ်သိပ်နေသောအနမ်းများက ခရီးဦးဆိုက်ပုံမပေါ်။
ဘေးနားတွင် ပြန့်ကျဲနေသည်က ဝေယံ့အပေါ်ကုတ်နှင့် ကျော်သာဝတ်လေ့ရှိသောအပြင်ခံတို့။ မည်သူ့ဘက်ကစမှန်းမသိသော အနမ်းတစ်ခုမှသည် အခြေအနေတစ်ရပ်ဆီ တဖြည်းဖြည်း ဦးတည်မှန်းမသိ ရှိနေ၏။ ပူနွေးပြင်းပြထူးခြားသောလေထုက
နှစ်ယောက်ကြား အတန်ငယ် သတိဝင်‌လာစေသည့်အခါဝေယံက အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

" ကျွန်တော့်ကို သိပ်လွမ်းနေတယ်ပေါ့ "

လူချင်းခွာလိုက်ချိန် နှစ်ယောက်သားမှာ အတူနေဖြစ်သော ပျဉ်ထောင်ခြေတံရှည်အိမ်၏ ဧည့်ခန်းကျဉ်းလေးဆီ ရောက်နှင့်နေခဲ့ပြီ။ အပြင်မှအိမ်ပြန်ရောက်သည်အထိ မည်သူမှစကားဆိုခြင်း မရှိခဲ့သော်လည်း ခါးသီးလှသော အလွမ်းတို့သည် နှစ်ဦးကြားအကွာအဝေးတို့ကို ပိုမိုနီးကပ်စေခဲ့ပုံရသည်။

အနမ်းတို့ကို ထပ်မံပုံဖော်ရန် နီးကပ်လာသည့် ကျော်သာ့မျက်နှာကြောင့် ကပ်သီလေးရှောင်ပစ်လိုက်သူက ဝေယံ။ ကျော်သာသည် မျိုသိပ်ထားသည့် အရာအားလုံးကို ထပ်မံသည်းမခံနိုင်တော့သည့်နှယ်။ ထိုအစား ဝေယံက ကျော်သာ့မျက်နှာအနား တမင်ဝေ့ဝဲကျီစယ်ရင်း ...

" ဖြေလေ ~~ ကျွန်တော့်ကို လွမ်းနေတာလားလို့~~ "

" ကိုယ့်ကို နမ်းခွင့်ပြု...!"

စကားတို့အဆုံးမသတ်ခင် အနမ်းတို့ကို ယှက်နွှယ်လိုက်ရင်း ထိုသူကို ခဏမျှအလိုလိုက်ကာ ခွင့်ပြုလိုက်သည်။ထိုမှတဆင့် နှစ်ယောက်အတူတူမျှသုံးနေသည့် အိပ်ခန်းထဲရောက်ချိန် ဝေယံက တစ်ခုခုကို သတိရသွားသည့်နှယ် နမ်းရှိုက်နေမှုကို ရပ်လိုက်ပြန်၏။

" ခဏ...ဟွန်း ! "

ဝေယံ၏ တွန်းထိုးရှောင်နေမှု ကျော်သာသည်းမခံနိုင်ပေ။ နှစ်ယောက်သား တစ်ယောက်အိပ်ကုတင်ပေါ် လုံးထွေးကျသွားသည့်အခါ ဝေယံက သူထံဦးတည်‌နေသည့် ကျော်သာ့နှုတ်ခမ်းအစုံတို့ကို လက်ဖြင့်ဖွဖွကလေး ပိတ်ကာကွယ်လိုက်၏။

တလက်လက်တောက်ပနေသော ယံ့မျက်ဝန်းများက ကျော်သာ့ရင်ထဲက ခံစားချက်တို့ကို ဗြောင်းဆန်အောင်မွှေနှောက်လျှက်ရှိသည်။အတွေး၊နှလုံးသား၊
အရာအားလုံးထိ ပြုစားနေသည့်နှယ်။ ရုတ်တရက် သတိထားမိသွားသည်က ထိုကောင်လေးအပေါ် သုံးနှုန်းလိုက်မိသည့်အသုံးအနှုန်းပင်။

အထင်ကရ ချစ်ခြင်း [ Completed ]Onde histórias criam vida. Descubra agora