အချိန်တစ်လခန့်ကြာပြီးဖြစ်သော်လည်း
ချမ်းအေးသောဆောင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန်အခွင့်မသာခဲ့။ရေမြေသစ်နှင့်အသားကျရန်လွယ်ကူသောသူတစ်ယောက်အတွက် တကယ်တမ်းစောင့်မျှော်နေသည်က အိပ်ပျက်ညများသာဖြစ်သည်။နှင်းငွေ့ခြုံသောမနက်ခင်းအငွေ့အသက်များမှာ ရင်းနှီးသယောင်နှင့်ဝေးကွာလှ၏။သို့သော် နှင်းအငွေ့အသက်ကိုတော့ ချစ် သည်။စွဲလမ်းသည်။ရှင်သန်နေရသည်ကသာ
လျှင်ဒုက္ခဟု ဆရာတော်ဘုရားကဟောကြား
ခဲ့ဖူးသော်လည်း အစွဲအလမ်းကိုမပယ်သတ်နိုင်သေးသူအတွက်တော့ ထိုရှင်သန်ခြင်းအပေါ်ထားသည့် မျှော်လင့်ချက်သေးသေးလေးကသာလျှင် ဘဝတစ်ခုဖြစ်နေခဲ့သည်။ယနေ့ကဲ့သို့ပင်မြူဆိုင်း၍မှိုင်းနေသော တစ်ခုသောမနက်ခင်း၌ တစ်စုံတစ်ယောက်နှင့်ဆုံတွေ့ ခဲ့ချိန်ကို အမှတ်ရမိသလိုဘယ်တော့မှ
လည်း မေ့နိုင်မည်မဟုတ်ပါ။ထိုအချိန်က နားစည်ထဲ တိုးညင်းစွာတိုး
ဝင်ရောက်လာခဲ့သည့် ဝဲတဲတဲ အသံလေးတစ်ခုသည် ဘဝတစ်လျှောက်လုံး တွယ်ငြိလာလိမ့်မည်ဟု မည်သူကထင်ထားလိမ့်မည်နည်း။' ဟွန်း... ဗမာရုပ်ကြီး '
သေချာနားထောင်ကြည့်ပါကထိုအသံလေးထဲတွင် အလိုမကျမှုတို့က အတိုင်းသား။ရှည်သွယ်သွယ်မျက်နှာလေးပေါ်က မနှစ်မြို့ပုံအမူအရာတို့သည် ခန့်ထင်၏စိတ်အစဉ်တို့ကို
နောင်နှစ်ပေါင်းများစွာထိ လွှမ်းမိုးနိုင်ခဲ့သည်။နူးညံ့လွန်းသည့်ဖော့ဖယောင်းက အပူငွေ့ကြောင့် ညင်ညင်သာသာညွှတ်ကျသွားသလိုမျိုး။ ထို့နောက် တဖြည်းဖြည်း.......။
ကောင်းကင်ယံတွင် မြူမှုန်တို့ဇာပဝါလို ပါးလျလာသည့်အခါ ပတ်ဝန်းကျင်ကိုကောင်းစွာ မြင်နေရပြီးဖြစ်၏။မနက်ခင်းလေသည် မျက်နှာဆီသို့ ပွတ်ကာ သီကာဖြင့် ကျီစယ်နှုတ်ဆက်၏။ထိုလေတို့ကို တစ်ဝကြီး ရှူရှိုက်ပစ်လိုက်သည့်နောက်တွင် အခန်းတံခါးခေါက်သံသဲ့သဲ့ကို ကြားရလေသည်။
" မနက်စာ အဆင်သင့်ဖြစ်ပါပြီဆရာ "
" ကော်ဖီတစ်ခွက်ပဲ အရင်ဖျော်ခဲ့ပါ "
VOUS LISEZ
အထင်ကရ ချစ်ခြင်း [ Completed ]
Roman d'amour' အလွမ်းက ခါးသီးပေမယ့် လွမ်းဆွတ်မှုတွေနဲ့ အနားသတ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုရဲ့အဆုံးသတ်ကတော့ ချိုမြိန်လှပါတယ်....❤️ အလွမ်းတို့အနားသတ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအကြောင်း....' [ More Than Brothers ] [ ခန့်ထင်မင်းလွင် + စိုင်းလွှမ်း ] [ Fictional Characte...