zawgyi
-ဟေး ဟိုမှာကြည့်စမ်း အဲ့တာ ဝမ်အိမ်တော်ကသခင်လေးဝမ်ရိပေါ်မဟုတ်လား
-ဟုတာပေါ့ သူကအရမ်းချောတာနော ငါဆို သူ့ကိုအသေကြွေတာ
-ဒါနဲ့ သူဒီနေ့ final year လို့ပြောတယ်
-အီး..ငါကိုက ကံဆိုးတာ ဒီနှစ်မှဒီကျောင်းပြောင်းလာရတယ်လို့ ဝမ်သခင်လေးသာ ဒီမာတတ်တာသိရင် အစကတည်းကပြောင်းလာပါ
-ဟုတယ် ငါရောပဲ....ဒီလိုမျိုးချီးကျူးစကားတွေ ဝမ်ရိပေါ်နားနဲ့အဆံ့အောင်ကြားခဲ့ဖူးသည်မို့ ထူးဆန်းမနေတော့ အားလုံးကိုအရေးမစိုက်ပဲ သူနေရမဲ့အခန်းထဲသာ လျောက်လာခဲ့လိုက်သည် ဝတ်ထားတာ ကျောင်းဝတ်စုံဆိုပေမဲ့ ဝမ်ရိပေါ်ဝတ်လိုက်မှတောက်ပြောင်နေသလိုပင် ဆံပင်ကို အပြာနုနုအရောင်လေးဆိုးထားပြီး ဖွဖွလေးရှေ့ကိုချထားကာ နားဂတ်က သူတစ်လှမ်း သွားတိုင်းလှုပ်ရှားနေသည်မို့ ပုံစံက k-pop idol တယောက်လို ကြွေစရာကောင်းနေတော့သည်
Xioa zhan တယောက်ဒီနေ့ ကျောင်းပထမဆုံးတတ်ရမဲ့နေ့မို့စောစောလာခဲ့သည် ကျောင်းဝတ်စုံလေးကိုမှhoddiခေါင်းစွပ်အပြာနုရောင် အနွေးလေးတစ်ထပ် ထပ်ဝတ်ကာ ဆံပင်နုနုအနက်ရောင်လေးက မျက်လုံးကိုမဖုံးရုံတမယ်ကျနေသည် မျက်လုံးကသိပ်မကောင်းတော့ ပုလင်းဖင်လောက်ထူနေတဲ့ မျက်မှန် ကိုလဲတပ်ရသည် အဝေးကကြည့်လျင် မျက်မှန်တပ်ထားတဲ့ ယုန်လေးတကောင်လိုဖြစ်နေသည်
ကျောင်းရောက်တော့လူသိပ်မရှိသေးတာမို့ အခန်းထဲမဝင်သေးဘဲ ကျောင်းက ချယ်ရီပန်းပင်ကြီးနားကခုံတန်းရှည်ပေါ်ထိုင်ကာ သူအရမ်းကြိုက်တဲ့သီချင်းလေး တစ်ပုဒ်ဖြစ်တဲ့"Shaun ရဲ့ Way back home "ဆိုတဲ့ သီချင်းကိုနားကြပ်နဲ့ထိုးကာနားထောင်နေလိုက်သည်
ထိုချိန်
-ဟေး တယောက်တည်းလား
ရှောင်ကျန့်သူ့ကိုလာနှုတ်ဆက်တဲ့ကောင်လေးကို ကြည့်လိုက်တော့ သူနဲ့ရွယ်တူပဲရှိဦးမယ် အရပ်ကတော့ အင်း သူ့ထက်3လက်မလောက်ပိုရှည်မယ်ထင်တာပဲ (ကောက အရပ်ပိုပုပါမယ်နော)သူ့အရပ်က5'6"လောက်ပဲရှိမည် ယောက်ျားလေးတန်မဲ့အရပ်ပုနေသောမိမိကိုယ် ကိုတခါတရံစိတ်ပျက်မိပါသည်
![](https://img.wattpad.com/cover/283393695-288-k284671.jpg)
YOU ARE READING
ဒဏ်ရာ များနှင့်ကျနော်(Yizhan 18+)Complete
General FictionZawgyi အချစ်နဲ့နာကျင်မူကြား ခရီးသွားတဲ့ကောင်လေးရယ် ရှိစဉ်ကအချစ်ကိုတန်ဖိုးမထားဘဲ နောင်မှရတဲ့နောင်တကိုသာ ခံစားနေတဲ့ကောင်လေးရယ် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော လှပနိုင်ပါ့လား.... Uni. အချစ်နဲ့နာကျင်မူကြား ခရီးသြားတဲ့ကောင်လေးရယ...