zawgyi
ရှောင်ကျန့် မနေ့တုန်းက ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ရိပေါ်ကို တတ်နိုင်သလောက်ရှောင်နေခဲ့လိုက်သည် ဒါမဲ့ကံတရားက ဘာလို့သူ့ဘက်မာမရှိရတာလဲ
ရှောင်ကျန့် မနက်ပိုင်း ကျောင်းလာတော့ လမ်းမာ ယောက်ျားလေးငါးယောက်လောက်ကကျောင်းရဲ့ အုတ်နံရံကိုမှီထားကာ လမ်းလျောက်လာနေတဲ့ရှောင်ကျန့်ကို အလွတ်မပေးပဲ တစ်ကိုယ်လုံးကိုစိုက်ကြည့်ကာ အချင်းချင်း မဲ့ပြုံးပြလိုက် မျက်ခုံးပင့်လိုက်နဲ့ အထာပေးနေကြသည် ရှောင်ကျန့်လဲ ရှေ့ကိုဆက်သွားရမာကြောက်လာတာမို့ နောက်ပြန်လှည့်ကာ ပြေးဖို့လုပ်မိသည် လမ်းတလျောက်လဲရှင်းလင်းနေတာမို့ သူပိုပြီးစိုးရိမ်နေမိသည် သူလိုပုပုသေးသေးကောင်လေးတယောက်က အကောင်ကြီးကြီး ငါးယောက်ကိုဘယ်လိုမှမယှဉ်နိုင်လောက်ဘူးTop 2Xiao group ဆိုတဲ့ သြဇာအာဏာကို ဖုံးကွယ်ထားတာမားပီလားလို့တောင်တွေးမိပါသည် ခုတော့ပြေးရတုန်းပြေးမှတော်ကာကြမည်
ရှောင်ကျန့်လမ်းကြားတခုကိုတွေ့သည်မို့ ပြေးဝင်သွားလိုက်ကာ အမှိုက်ပုံးတစ်ခုရဲ့နောက်ကို ထိုင်ချကာကိုယ်ကိုသေးနိုင်သမျှကျုံထားမိလိုက်သည် ထို့နောက်လွယ်အိတ်ကြိုးကိုတင်းတင်းဆုပ်ကိုင်ထားကာ မျက်လုံးကိုမိတ်ပြီးထိုလူတွေဒီနေရာကမြန်မြန်သွားပါစေလို့ဆုတောင်းမိလိုက်သည်
-ဟေး ကောင်လေး မင်းပုန်းရင်လဲလှုံအောက်ပုန်းလေကွာ ခုတော့ ...
သို့သော်သူ့ဆုတောင်းကို မိုးနတ်မင်း တွေကပယ်ချခဲ့တယ်ထင်ပါရဲ့ ထိုလူငါးယောက်က သူ့ရှေ့တည့်တည့်ကိုရပ်နေကြသည်
-ကျနော့ကို လွတ် လွတ်ပေးပါဗျ ပါလာတဲ့ပိုက်ဆံကိုလဲ အကိုတို့ကိုပေးပါ့မယ် ကျေးဇူးပြုပြီး လွတ်ပေးပါဗျ
-ဟက် လွတ်ပေးရမယ်ပေါ့ ကောင်လေး မင်းရှိကပိုက်ဆံလဲ ငါတို့မလိုချင်ဘူး မင်းတစ်အိမ်လုံးကိုပုံပြီးပေးရင်တောင် ငါစိတ်မဝင်စားဘူး
ВЫ ЧИТАЕТЕ
ဒဏ်ရာ များနှင့်ကျနော်(Yizhan 18+)Complete
Художественная прозаZawgyi အချစ်နဲ့နာကျင်မူကြား ခရီးသွားတဲ့ကောင်လေးရယ် ရှိစဉ်ကအချစ်ကိုတန်ဖိုးမထားဘဲ နောင်မှရတဲ့နောင်တကိုသာ ခံစားနေတဲ့ကောင်လေးရယ် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော လှပနိုင်ပါ့လား.... Uni. အချစ်နဲ့နာကျင်မူကြား ခရီးသြားတဲ့ကောင်လေးရယ...