Zawgyi
မျက်နှာနားတစ်ဝိုက်ကျီစယ်လာတဲ့ အေးစက်စက်လေထုကြောင့်ရှောင်ကျန့် လန့်နိုးလာသည် မျက်လုံးကတော့ဖွင့်ထားပါရဲ့ မြင်ရသမျှအရာအားလုံးက အမဲရောင်တွေချည်း .မျက်နှကိုကိုင်ဖို့အနည်းငယ်ရုန်းလိုက်ပေမဲ့ လက်တွေထုံကျင်နာကျင်တာကလွဲရင်အချည်းနီးသာ သြော် သူအခုမှ နောက်ပြန်ကြိုးတုပ်ခံထားရမှန်းသိတော့သည်
ဘယ်သူကများသူ့ကိုပြနိပေးဆွဲတာလဲရှောင်ကျနိ့ အတွေးမဆုံးခင် အခန်းထဲဝင်လာတဲ့ခြေသံယဲ့ယဲ့လေးကြောင့်လာရာလမ်းဘက်အာရုံစူးစိုက်လိုက်သည်
"ပြန်ပေးသမားကအကောင်ကြီးရင်တော့ငါနိုင်မှာမဟုတ်ဘူး အို ငါ့ထက်ပုရင်တောင်နိုင်ချင်မှနိုင်ဦးမှာ ဘယ်လိုလုပ်ရမလဲ"
-နိုးလာပြီလား ကျန့်
ကြားရတဲ့အသံကတော့ တော်တော်မိုက်တယ် လုံးဝယောက်ျားပီသတဲ့ပုံစံပဲ အသံကလူကိုတောင်တိမ်းညွနိ့သွားစေနိုင်လောက်တယ်-ခင်များကဘယ်သူလဲ ဘာလို့ကျနော့ကိုပြန်ပေးဆွဲရတာလဲ ခင်များဗျာ ကျနော်ကအခုမှကျောင်းသားပဲရှိပါသေးတယ် အဲ့လိုမလုပ်သင့်ဘူးလေ နော လုပ်ပါကျနော့ကိုပြန်လွှတ်ပေးလိုက်လေ ခင်များလိုချင်တဲ့ money ရစေရမယ်ဗျာ ok လား
ဝမ်ရိပေါ်ကျန့်စကားကြောင့် ဟက် ခနဲရီကာတွေးလိုက်သည်
"မင်းက ဒီလိုမျိုးလဲချစ်စရာကောင်းသေးလားကွာ "တဲ့
-အင်း...ကိုယ်ကပိုက်ဆံလိုချင်တယ်လို့ မင်းထင်ရတာလဲပြောကြည့်
ထိုသူစိမ်းရဲ့စကားကြောင့်ရှောင်ကျန့် cat mountain mountain (ကြောင်တောင်တောင်) တောင်ဖြစ်သွားသည် ဒီငလူးကပိုက်ဆံလိုချင်လို့ပဲသူ့ကိုပြန်ဆွဲတာမဟုတ်ဘူးလား ဟ
-ခင်များကျနော့ကိုပြန်ပေးဆွဲတာ ပိုက်ဆံကြောင့်ပဲမဟုတ်လားဗျ
-မဟုတ်ဘူး
-ဒါဆို...အာ ကျနော့မျက်စိကိုစည်းထားတဲ့အဝတ်ကိုဖယ်ပေးစမ်းပါဗျာ အဆငိမပြေဖြစ်လွန်းတယ်ဗျရှောင်ကျန့်စကားကြောင့် ဝမ်ရိပေါ် တွေးဆ ဆဖြစ်သွားသည် သူသာ မြင်ခွင့်ပေးလိုက်ရင် ကျန့်သူ့အပေါ်ဘယ်လိုမြင်သွားမှာလဲ အရမ်းမုန်းပြီးအရမ်းကိုရွံရှာနေမလား
![](https://img.wattpad.com/cover/283393695-288-k284671.jpg)
ВЫ ЧИТАЕТЕ
ဒဏ်ရာ များနှင့်ကျနော်(Yizhan 18+)Complete
Художественная прозаZawgyi အချစ်နဲ့နာကျင်မူကြား ခရီးသွားတဲ့ကောင်လေးရယ် ရှိစဉ်ကအချစ်ကိုတန်ဖိုးမထားဘဲ နောင်မှရတဲ့နောင်တကိုသာ ခံစားနေတဲ့ကောင်လေးရယ် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော လှပနိုင်ပါ့လား.... Uni. အချစ်နဲ့နာကျင်မူကြား ခရီးသြားတဲ့ကောင်လေးရယ...