zawgyi
တစ်နေ့တစ်နေ့ ဝမ်ရိပေါ်ဆိုတဲ့လူသားကိုပတ်ရှောင်နေရတာ ခုဆို နှစ်ပတ်တောင်ပြည့်တော့မည် သူကျနေါ့ကိုအတင်းအကြပ် နမ်းတဲ့နေ့ကတည်းက ကျနော် သူ့ကိုအရမ်းကြောက်သွားခဲ့တာ သူ့အနားကိုလဲမကပ်ရဲတော့ဘူးသူ့မြင်ကွင်းထဲကျနော်ရောက်မသွားဖို့ ကျနော်အမြဲတမ်းရှောင်ဖယ်ပြီးပုန်းနေမိတယ်
တစ်နေ့နေ့တော့ ကျနော် သူ့ကိုမေ့သွားမှာပါလေ ဆိုတဲ့အတွေးကိုခေါင်းထဲအမြဲမှတ်ထားလိုက်တယ် ကျနော်သူ့အကြောင်းကိုမသိချင်တော့ဘူး သူ့ကိုလဲမချစ်နိုင်တော့ဘူး ကျနော့ကျနော့ကိုအတင်းအကြပ်လုပ်နေတာကို ကျနော်အရမ်းမုန်းတယ်ဗျာ
.................
ဆရာမမရောက်သေးလို့ကျနော်အတန်းထဲထိုင်ကာသီချင်းနားထောင်နေတုန်း ကောင်မလေးတယောက်ကကျနော့စားပွဲပေါ် စာတစ်စောင်လာချသွားတယ် ဘာမပြောညာမပြောနဲ့သူ့ဘာသာသူအေးဆေးပြန်ထွက်သွားတာမို့ ကျနော့ကိုရည်းစားစာပေးတာတော့မဖြစ်နိုင်။
ကျနော်လဲစာကိုဖွင့်ပြီးဖတ်ကြည့်လိုက်တော့
-"ကိုယ်ပြောစရာရှိတယ် ကျန့် ကျောင်းရှေ့ကxxxကဖေးဆိုင်ကိုလာခဲ့ ခုချက်ချင်း နော မဟုတ်ရင် မင်းနဲ့ကိုယ်မှားခဲ့တာကိုတစ်ကျောင်းလုံးသိစေရမယ်လို့ ကိုယ်ပြောရဲတယ်"Yi bo
ဟက် ဝမ်ရိပေါ် ကကတိတောင်မတည်ချင်တော့ဘူးပဲ မဖြစ်ဘူးဒီကိစ္စကျောင်းကသိသွားရင် သူအရှက်နဲ့သိက္ခာရေစုန်မျောပြီ ဝမ်ရိပေါ် ခင်များ ကျနော့ ဘာကိစ္စခုလိုခြိမ်းခြောက်ရတာလဲဗျာ....
ရှောင်ကျန့်လဲ ဝမ်ရိပေါ် ပြောတဲ့အတိုင်းကဖေးဆိုင်ကို ရောက်အောင်လာခဲ့လိုက်သည် မဟုတ်ရင်မတွေးရဲစရာပဲ..
ရှောင်ကျန့် ကဖေးဆိုင်ထဲကိုဝေ့ဝိုက်ကြည့်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ဝမ်ရိပေါ်ကိုတွေ့လိုက်တယ်ဝမ်ရိပေါ် နားတဖြည်းတဖြည်းလျောက်သွားပြီး စိုက်ကြည့်ပေးလိုက်တော့ သူက ထိုင်ဆိုတဲ့ပုံစံနဲ့မေးဆတ်ပြတယ်ရှောင်ကျန့်လဲ ဝမ်ရိပေါ်နဲ့အပြိုင် မငြင်းချင်တာမို့ အေးဆေးပဲထိုင်လိုက်တယ်
![](https://img.wattpad.com/cover/283393695-288-k284671.jpg)
VOUS LISEZ
ဒဏ်ရာ များနှင့်ကျနော်(Yizhan 18+)Complete
Fiction généraleZawgyi အချစ်နဲ့နာကျင်မူကြား ခရီးသွားတဲ့ကောင်လေးရယ် ရှိစဉ်ကအချစ်ကိုတန်ဖိုးမထားဘဲ နောင်မှရတဲ့နောင်တကိုသာ ခံစားနေတဲ့ကောင်လေးရယ် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော လှပနိုင်ပါ့လား.... Uni. အချစ်နဲ့နာကျင်မူကြား ခရီးသြားတဲ့ကောင်လေးရယ...