zawgyi
ပွဲကျင်းပဖို့အချိန်အခါကျရောက်လာပြီမို့ အားလုံးကကျောင်းရဲ့ခန်းမကြီးထဲစုဝေးနေကြသည်
အားလုံးကအချင်းချင်းမျက်နှာချင်းဆိုင်ကာ တီးတိုးတီးတိုးပြောနေကြပြီး ပွဲရဲ့အချိန်ကိုကြာမြင့်စေသည်
-ကဲ အားလုံးပဲ ဒီပွဲကိုမစခင်ကျောင်းအုပ်ကြီးကမိန့်ခွန်းပြောမှာမို့ အားလုံးငြိမ်ပေးကြပါ
-သ ကြာ ဟောင် ဝေါ် ရှီုး လောင်ရှီးဖန်ဟန်ကျိုး အားလုံးဒီပွဲကိုတက်ရောက်လာပေးလို့ ပထမဦးစွာ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်...ဘလာ...
ဆရာကြီးမိန့်ခွန်းပြောပြီး နောက်မှာတော့ ကာယဆရာမဖြစ်တဲ့ဆရာ လျိုရှင်းရှင်း ကဒီအခန်းအနားနဲ့ပတ်သတ်ပြီး အကြောင်းအရာအစုံအလင်ကိုရှင်းပြတယ်
အဲ့ဒီနောက်မှာတော့ အားလုံးမျော်လင့်ထားတဲ့အတိုင်း ပထမရဖို့အတွက်ယှဉ်ပြိုင်ကြရန်အချိန်ကျရောက်လာပြီမို့ အားလုံးကိုယ်တွဲမဲ့ပါတနာနဲ့ ခန်းမအလည်မှာနေရာယူကြနေပြီ
တစ်ချို့က မိန်းမ ချင်းချင်းကျသည် တစ်ချို့ယောက်ျားနဲ့မိန်းမ. တစ်ချို့ကယောက်ကျားချင်း
-ကို နေရာယူရအောင်လေ အရင်ကလဲ ကိုကအနိုင်ယူနေကြပဲကိုလာ မေ့ကိုတွဲ
-အင်းမေနဲ့ရိပေါ်လည်း ခန်းမအလည်ကိုနေရာယူကြလေပြီ
ထို့နောက် ရှောင်ကျန့်နဲ့သူ၏ပါတနာကလဲ ရိပေါ်တို့ရဲ့ဘေးမှာနေရာယူနေပြီ အရမ်းကို လှပတဲ့princess နဲ့ prince ရယ် အရမ်းကိုညို့ယူအားပြင်းတဲ့kingနဲ့queen တို့စုံတွဲနှစ်တွဲကြောင့် ဘေးကလူတွေတောင် အရေးမပါတော့သလို။ထို့နောက် အသံညိမ့်ညိမ့်လေးနဲ့အားလုံးကိုငြိမ်သက်သွားစေမဲ့ တီးလုံးချိုချိုလေးကြောင့် အတွဲတိုင်းစတင်လှုပ်ရှားကြလေတော့သည်
ဘယ်ညာ ယိမ်းကနေတဲ့ ရှောင်ကျန့်ဟာ အဖြူရောင်ဇာမဏီငှက်ငယ်လေးတစ်ကောင်နှယ် လိုက်ဖက်လှတဲ့ တီးလုံးနဲ့အတူစီးမျောခံစားနေပုံက ပန်းချီကားတစ်ချပ်လိုပင် ကြည့်တဲ့သူတိုင်းကို ဆွဲဆောင်သွားနိုင်တဲ့ရှောင်ကျန့်ကြောင့်တစ်ချို့လူတွေတောင်ကဖို့ ငုတ်တုတ်မေ့နေကြသည်
![](https://img.wattpad.com/cover/283393695-288-k284671.jpg)
YOU ARE READING
ဒဏ်ရာ များနှင့်ကျနော်(Yizhan 18+)Complete
General FictionZawgyi အချစ်နဲ့နာကျင်မူကြား ခရီးသွားတဲ့ကောင်လေးရယ် ရှိစဉ်ကအချစ်ကိုတန်ဖိုးမထားဘဲ နောင်မှရတဲ့နောင်တကိုသာ ခံစားနေတဲ့ကောင်လေးရယ် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော လှပနိုင်ပါ့လား.... Uni. အချစ်နဲ့နာကျင်မူကြား ခရီးသြားတဲ့ကောင်လေးရယ...