Zawgyi
ဒေါက်..ဒေါက်.....
တံခါးခေါက်သံ အချိန်အားဖြင့် မနက်၅နာရီ
-သား ကျန့် ထတော့လေ ၅နာရီထိုးနေပြီ
-ဟာ မား ၅မိနစ်
-Aww မနက်ကတော့ ကူညီပါဆို မလိုတော့ဘူးဆိုလဲမားသွားပြီ ကျန့်ရေ
-လာပြီ လာပြီ မားရာ သားသွားတိုက်မျက်နှာသစ်ဦးမယ် မားငါးမိနစ်တော့စောင့်လို့ရတယ် ဟုတ်
-အေအေ မြန်မြန်လုပ်ဟေ့
-ဟုတ် မားရှောင်ကျန့်အဝတ်အစားလဲကာ အောက်ထပ်ကိုဝုန်းဒိုင်းဆင်းလာတော့ မနက်စာစားနေတဲ့ရှောင်ပါးက လန့်သွားကာ သောက်နေတဲ့ကော်ဖီနှုတ်ခမ်းကိုအပူထိသွားသည် အကျိုးရလဒ်ကတော့ ရှောင်ကျန့်ဆူခံရတာပေါ့
-ဟ ရှောင်ကျန့် ဘယ်လိုဖြစ်လိုလှေကားကိုဝုန်းဒိုင်းကျဲပြီးဆင်းနေတာတုန်း မနက်စောစောစီးစီး ဖြေးဖြေးသာသာလုပ်ပါကွာ
-ဟီး ပါးကလဲ အရေးကြီးလို့ပါဗျ
-သားကျန့်လာတော့လေ မနက်စာကိုကျောင်းကcanteenမှာပဲ ဝယ်စားမယ်မလား
-ဟုတ် မား
-လာ တက်မြန်မြန် မားရဲ့သူငယ်ချင်းစောင့်နေတယ် သားကိုအကောင်းဆုံးလုပ်ပေးမာမို့ မပူနဲ့နော
-ဟုတ် မားရှောင်းမားနဲ့ရှောင်ကျန့်တို့ ကားအတော်မောင်းလာပြီးနောက် Beauty & Heaven ဆိုတဲ့ ဆိုင်ကြီးကိုရောက်လာခဲ့သည် အပြင်ဒီဇိုင်းနဲ့တင် ဆိုင်ကလုံးဝကိုအဆင့်မှီ အကောင်းစားတွေချည်းသုံးထားသည်မို့ ဒီဆိုင်က ကပိုင်ရှင်မှာ အတော်ချမ်းသာတဲ့သူဖြစ်မည်ဟု သူယူဆမိသည်
-လာ သား ရောက်ပြီ
-ဟုတ်မား
ထိုချိန် ကျက်သရေရှိစွာလှပနေတဲ့ အမျိုးသမီးတယောက်ရဲ့ အသံလေးက တိတ်ဆိတ်နေတဲ့အခြေအနေလို ဖြိုခွဲလိုက်သည် ကြည့်ရတာမားအသိထင်ပါရဲ့
-ဟေး မိန်းမ စောင့်နေတာနင့်ကို
-အေး ဟာ ငါ့သားကိုနိုးနေတုန်းနောက်ကျသွားတယ် ဟထိုချိန်ရှောင်ကျန့်ဘက်ကို ကြည့်လာသော အမျိုးသမီးကြောင့် ရှောင်ကျန့် ကိုယ်ကို45°ကိုင်းကာ နှုတ်ဆက်လိုက်သည်
أنت تقرأ
ဒဏ်ရာ များနှင့်ကျနော်(Yizhan 18+)Complete
قصص عامةZawgyi အချစ်နဲ့နာကျင်မူကြား ခရီးသွားတဲ့ကောင်လေးရယ် ရှိစဉ်ကအချစ်ကိုတန်ဖိုးမထားဘဲ နောင်မှရတဲ့နောင်တကိုသာ ခံစားနေတဲ့ကောင်လေးရယ် သူတို့နှစ်ယောက်ရဲ့ အဆုံးသတ်ကရော လှပနိုင်ပါ့လား.... Uni. အချစ်နဲ့နာကျင်မူကြား ခရီးသြားတဲ့ကောင်လေးရယ...