zawgyi#
"ငါ့သားနဲ့အသင့်တော်ဆုံးကမင်းပဲ မင်းက ငါ့သားငါ့ဆီပြန်လာဖို့အကောင်းဆုံးလက်နက်ပဲမင်းသတိထားမှာကငါ့သားကမင်းကိုချစ်လာအောင်လုပ်ရမယ်ဒါပေမဲ့မင်းကတော့လုံးဝပြန်မချစ်ရဘူး"
"သာလေးကိုအဖေလာတွေ့တာအဖေ့အိပ်မက်တွေမကောင်းလို့အိပ်မက်ထဲမှာသားကရေထဲပြုတ်ကျသွားတယ်တဲ့"
"ငါ့ရဲ့သူငယ်ချင်းလေးအတွက်စိတ်ထဲမှာလေးနေလို့ဖုန်းဆက်လိုက်တာTaeအဆင်ပြေရဲ့လားဟင်"
ဟင်း....Taeရဲ့နားထဲအလုအယက်ဝင်ရောက်လာတဲ့စကားသံတွေနဲ့အိပ်မက်ဆိုးကလန့်နိုးလာခဲ့သည်။အိပ်မက်ထဲမှာJeonမေမေ...သူ့ရဲ့ဖေဖေနဲ့Jiminတို့ရဲ့သတိပေးစကားသံတွေသူဘယ်လိုလုပ်ရမှာလည်း။သူဘယ်လိုခွန်အားတွေနဲ့Jeonကိုလက်လွှတ်ရမှာလည်းJeonကိုနာကျင်ခံစားရအောင်လုပ်ရမှာလည်း...သူချစ်တဲ့Jeonကတော့ဘေးမှာအပူအပင်ကင်းစွာအိပ်မောကျလို့...Jeonရဲ့ပါးပြင်နဲ့နှာခေါင်းလုံးလုံးလေးကိုအနမ်းဖွဖွခြွေခဲ့ပြီးသူခြေသံလုံလုံဖြင့်ရေချိုးခန်းဆီဦးတည်ခဲ့သည်။
Jungkookသူ့နားထဲကြားနေရသောရေကျသံ..အိပ်မက်လားလက်တွေ့လားခွဲ ခြားမရသောအခြေအနေတခုအိပ်မှုန်စုံဖွားနဲ့ဘေးနားကိုလက်လှမ်းမိတော့ချစ်ရသူရဲ့ကိုယ်စားကိုယ်ငွေ့နွေးနွေးလေးကဆီးကြိုနေသည်။Taeရေချိုးနေတာလားကြာနေပြီလေ ထွက်လာခဲ့တော့နေမကောင်းဖြစ်နေမယ်..အပြင်ကJeonရဲ့အသံကြားမှTaeအတွေးတွေလွင့်ပျယ်နေရာမှပြန်စုစည်းမိသည်။သူရေပန်းအောက်ရပ်နေခဲ့တာအချိန်အတော်ကြာနေပြီဖြစ်သည်။ထွက်လာပါပြီKookရဲ့ဟီး..ကိုယ့်ကိုmorning kissမပေးရသေးတဲ့ကိုယ့်ရဲTaeအတွက်ဆိုပြီးJeonက သူ့နှုတ်ခမ်းထက်အနမ်းဖွဖွလေးကိုခြွေချလာသည်။
ကျေနပ်ပြီးလားယုန်နှာဘူးကြီးကျေနပ်ရင်ရေသွားချိုးတော့သွား..Taeမနက်စာပြင်ဦးမယ်..ဟားဟားဟုတ်ပါပြီကိုယ့်ရဲ့Taeရယ်နေကောကောင်းရဲ့လားဆေးသောက်ပြီးပြီလား..ဟင်ဆေးလားဘာဆေးလည်းဟာKookကတော့Taeဘာသာသောက်လိုက်မယ်သွားရေသွားချိုးတော့..Taeရဲ့အရှက်သည်းနေတဲ့မျက်နှာလေးကိုJeonကတစိမ့်စိမ့်ကြည့်ပြီးတဟားဟားအော်ရီပြီးရေချိုးခန်းထဲဝင်သွားတော့သည်။ဒီလောက်သူ့အပေါ်ဖြူစင်ပြီးအရမ်းချစ်တတ်သောJeonကိုသူဘယ်လိုနည်းနဲ့နာကျင်အောင်လုပ်ရက်ပါမည်နည်း။
Taeဆိုင်ကိုတန်းသွားမှာလားကိုယ်လိုက်ပို့ပေးမယ်နော်..မနက်စာစားရင်းJeonကသူ့ကိုမေးလာသည်။ဟုတ်တယ်Kook..Taeဆိုင်ကိုတန်းသွားမှာလေညဆိုင်ပိတ်ချိန်မအားရင်လာမကြိုနဲ့တော့နော်Taeဆိုင်အတွက်လိုအပ်တာလေးတွေဝယ်စရာရှိလို့...ဟာTaeကလည်းဒီတိုင်းတောင်စိတ်မချတာညဆိုင်ပိတ်ပြီးတယောက်တည်းဈေးဝယ်ထွက်မှာစိတ်မချပါဘူးကိုယ်ပြောပြီးပြီလေကိုယ်ကTaeအရိပ်လို့အလုပ်ကိစ္စနဲ့မို့Taeကိုဆိုင်မှာထာခဲ့ရတာတောင်စိတ်မချဘူး...ဟိုတခါကလိုလူရမ်းကားတွေလာမှာကြောက်လို့...Kookကတော့လုပ်ပြီစိတ်မချရင်လာကြိုလူရမ်းကားတွေလာတော့လည်းTaeကပြန်ခုခံနိုင်ပါတယ် အလုပ်ကိစ္စပြခန်းကိစ္စကိုသာအာရုံထား အဆင်ပြေမှTaeကိုလာကြို...
ဟုတ်ပြီကိုယ်ညနေကျရင်Taeကိုလာကြိုမယ်ဈေးတူတူသွားမယ်နော်ပြွတ်...ဟာလူလည်ကြီးလူတွေရှိတယ်လေ Taeကိုနမ်းကာJeonက ရီမောပြီးကားပေါ်တက်သွားသည်။
Taeတယောက်Jeonနဲ့တူတူဆိုင်အတွက်လိုတာတွေဝယ်ရန်အတွက်ကုန်တိုက်ကိုရောက်ရှိနေကြသည်။
Taeဘာတွေလိုသေးလည်း...ကိုယ်ရှာကူမယ်လေဟင်..Taeကသူ့စကားကိုကြားပုံမပေါ်မှန်ဘောင်အတွင်းကပစ္စည်းတစုံဆီအကြည့်ရောက်နေသည်။Taeကြိုက်လို့လား..Jeonကသူ့အနားကပ်ပြီးမေးလာတော့မှ ဟင်မလိုချင်ပါဘူးKookရယ်ဒါတွေကTaeအတွက်မလိုပါဘူးပစ္စည်းတွေစုံပြီလေသွားကြရအောင်...Taeကသူ့ကိုခေါ်နေပေမယ့်သူကတော့ဖုန်းထုတ်ကာTaeအမြတ်တနိုးနှမြောတသစွာကြည့်နေသော လက်စွပ်လေးနှစ်ကွင်းကိုအမိအရမှတ်တမ်းတင်လာခဲ့သည်။Taeအတွက်သူအရာရာကိုနားလည်ပြီးTaeရဲ့ပုံကိုကြည့်တာနဲ့စိတ်ကိုဖတ်နိုင်တဲ့သူTaeအတွက်အရာရာဖြည့်စည်းပေးနိုင်တဲ့သူဖြစ်ချင်ပါသည်။
**********************************
Jeonကပြခန်းကိစ္စအတွက်NewYorkကိုခဏသွားတဲ့အတွက်Taeတယောက်တည်းယောင်ချာချာဖြစ်နေသည်။Jiminကလည်းအိမ်ထောင်သည်ဖြစ်သွားတဲ့အပြင်အကိုYoongiရဲ့အလုပ်မှာကူညီနေရတဲ့အတွက်Taeအနားမှာအရင်လိုမရှိပေးနိုင်...နေ့လည်ခင်းတခုဆီမှာTaeဆီကိုရောက်လာသောmessageတစောင်နှင့်ချိန်းဆိုထားသောနေရာတခု...Taeသွားသင့်လားJeonကလည်းမရှိဘူးချိန်းတဲ့သူကJeonမေမေဖြစ်နေရင်ကောသူသွားတော့သွားရပေလိမ့်မည်။
Seoulမြို့ရဲ့နာမည်ကြီးဟိုတယ်တခုရှေ့မှာကားရပ်တော့Taeကားသမားကိုကားခရှင်းပြီးကပေါ်မှဆင်းလိုက်သည်ဒီလိုနေရာမျိုးမှာချိန်းတယ်ဆိုတော့သူထင်သလိုမကောင်းတဲ့သူမဖြစ်နိုင်ပါ...
ဟိုတယ်ထဲရောက်တော့ဧည့်ကြိုကောင်မလေးကိုနာမည်ပြောလိုက်သည်။ထိုကောင်မလေးကTaeကိုအထူးဧည့်သည်တွေအတွက်ပြုလုပ်ထားသောညစာစားခန်းတခုဆီပို့ပေးသည်။Taeထိုအခန်းထဲရောက်တော့ သပ်ရပ်စွာဝတ်ဆင်ထားသောအဆင့်အတန်းမြင့်လူတယောက်ကကျောပေးရပ်နေသည်။ရောက်လာပြီလားကိုယ့်ရဲ့Tae...ဟင်Jungwooမင်း..မင်းကိုး...ဟုတ်တာပေါ့ကိုယ့်ရဲ့Taeတော်တော်ပျော်နေရဲ့လားအဲ့ကောင်လေးကမင်းကိုအရမ်းဂရုစိုက်တယ်ပေါ့...မင်းသိလားသူ့ဘဝနဲ့အဆင့်အတန်းကိုမင်းကကိုယ့်ကိုအနိုင်ယူချင်တာနဲ့မိုးကျရွှေကိုယ်လေးကိုရအောင်ချဉ်းကပ်ထားတယ်ပေါ့မင်းပြောတော့ချက်လက်မှတ်တွေကမင်းအတွက်အရေးမပါဘူးဆို....
ဒီမှာJungwooမင်းနဲ့ငါလည်းဘာမှမဆိုင်တော့ဘူးမင်းကဘာမို့လို့ငါ့ကိုဒါတွေလာပြောနေတာလည်းပြီးတော့Jeonကမင်းလိုမဟုတ်ဘူးငါ့ကိုအရမ်းချစ်တယ်ဘယ်သူမှမချစ်ပေးခဲ့ဖူးတဲ့အချစ်မျိုးနဲ့ပေါ့...အဟားJeonဆိုပါလားသူ့အကြောင်းကိုမင်းမသိဘူးလို့တော့မပြောနဲ့နော်မင်းကအရမ်းလှသလောက်အကွက်လည်းမြင်တတ်တဲ့ကောင်လေးပါလား..ဒီပုံတွေကိုကြည့်စမ်း..Jungwoo ပြလိုက်တဲ့ပုံတွေကသူနဲ့Jeonလက်ချင်းတွဲပြီးပျော်ရွှင်စွာလျှောက်လည်နေတဲ့ပုံတွေအနမ်းခြွေနေတဲ့ပုံတွေ...
ဒီမှာTaeမင်းနဲ့Jeonသခင်မကြားကလျှို့ဝှက်ချက်တွေကိုကိုယ်မသိဘူးထင်နေလားမင်းဘာအတွက်Jeon Jungkookကိုချဉ်းကပ်ခဲ့လည်းဆိုတာတွေကောပေါ့...ဒီတော့ကိုယ့်ရဲ့Taeကလိမ်လိမ်မာမာနဲ့ကိုယ့်နားပြန်လာပေါ့ကိုယ့်စကားကိုနားမထောင်ဘူးဆိုရင်တော့ မင်းသဘောပေါ့...
Jungwooမင်းမင်း...လူယုတ်မာငါ့ဘဝကိုဖျက်ဆီးပစ်တာအားမရလို့ ငါ့ဘဝနဲ့ငါပျော်နေပြီမင်းလည်းမင်းဘဝမင်းပိုင်ဆိုင်နေပြီဘာလို့များဒီလိုလုပ်ရတာလည်း...ဘာလို့လည်းဆိုတော့မင်းကသိပ်လှလို့လေTaeရယ်...
Jungwoo ရဲ့ပါးပြင်ဆီလက်ဖဝါးတချက်အရှိန်ပြင်းပြင်းရောက်ရှိလာပြီးနောက်Taeလက်သီးကိုတင်းတင်းဆုပ်ပြီးHotelထဲမှပြန်ပြေးထွက်လာခဲ့သည်။မိုးတွေရွာနေပြန်ပြီ...Taeမိုးရွာထဲအရူးတယောက်လိုအော်ဟစ်ငိုမိပြန်ပြီ..အရင်လိုအင်္ကျီကိုထီးလုပ်ပြီးမိုးပေးမယ့်Jeonလည်းအနားမှာမရှိ သူမရောက်ချင်တဲ့နေ့ရက်တွေရောက်လာပြီသူကအချစ်ခံရဖို့မထိုက်တန်တဲ့လူသားတယောက်ဖြစ်နေခဲ့တာလား..သူJeonကိုဘယ်လိုနည်းနဲ့ထားခဲ့ရမှာလည်းမိုးရေထဲအရူးတယောက်လိုလျှောက်နေရင်းJeonကိုသာတမ်းတရင်းငိုနေမိသည်။
***********🍀🍀🍀🍀🍀🍀*********
အရေးအသားတွေဆုတ်ပြတ်နေတုန်းပါပဲဖတ်ရတာပျင်းစရာဖြစ်နေရင်လည်းတောင်းပန်ပါတယ် ဝါသနာအရဖန်တီးချင်လို့ပါအားပေးဖို့ကိုလည်းအရမ်းကြီးမတောင်းဆိုတော့ပါဘူးနော်
YOU ARE READING
For love or money(complete)
FanfictionTaekookerတယောက်မို့Taekook versionလေးဖန်တီးဖြစ်တာပါ မူရင်းဇာတ်လမ်းကတော့ မင်းသားRainနဲ့မင်းသမီးLu Yee Feiတို့ရဲ့ For love or moneyဆိုတဲ့normalအချစ်dramaဇာတ်ကားလေးပါ ဇာတ်ကားကြည့်ရင်းTaekookကိုမျက်လုံးထဲမြင်ယောင်လာလို့ဇာတ်လမ်းလေ...