zawgyi#
Jungkookအလောတကြီးလေယာဉ်ပေါ်မှဆင်းပြီးသူရထားတဲ့လိပ်စာအတိုင်းသွားဖို့စိတ်လောနေသည်။ဟေးJungkookအလောတကြီးနဲ့NewYorkကိုဘယ်လိုပေါက်ချလာတာလည်းမင်းပန်းချီကားတွေမင်းပြောသလိုရောင်းလိုက်တာဈေးကထင်ထားတာထက်ပိုရသွားတယ်....အခုကောဘာကိစ္စနဲ့ပေါက်ချလာတာလည်း...လေဆိပ်မှာလာကြိုသောHoseokကသူပြောချင်ရာတွေကိုမမောမပန်းပြောနေတော့သည်။ငါမှာထားတဲ့ပြိုင်ကားအနီပါတယ်မှတ်လားကားကိုငါယူသွားမယ်မင်းကငါ့လူတွေကိုမင်းအိမ်ခေါ်သွား .....
ဟာJungkookနေဦးလေမင်းကဘယ်သွားမှာလည်းငါ့ကိုပြောသွားဦးလေ...Hoseokကအနောက်မှတကြော်ကြော်အော်နေပေမဲ့Jungkookကတော့သူ့ရဲ့ပြိုင်ကားအနီလေးကိုမောင်းပြီးသူရထားတဲ့လိပ်စာအတိုင်းတစုံတယောက်ကိုရှာဖို့ထွက်သွားတော့သည်။ဒါဟာကိုယ်မင်းအပေါ်နောက်ဆုံးမျှော်လင့်ထားတဲ့အခွင့်အရေးတခုမို့ကိုယ်မျှော်လင့်သလိုဖြစ်နေပေးပါ..သူကားကိုလမ်းသွယ်တခုကြားချိုးကွေ့ခဲ့ပြီးအထပ်မြင့်အဆောက်အဦးတခုရှေ့ထိုးရပ်လိုက်သည်။လိပ်စာအတိုင်းအထပ်တခုဆီရောက်တော့အခန်းရှေ့ရပ်ပြီးတံခါးကိုခေါက်ဖို့ပြင်ပြီးမှတံခါးကစေ့ရုံစေ့ထားတာသိလိုက်သည်။သူတံခါးကိုတွန်းဖွင့်ပြီးအခန်းထဲဝင်မိတော့ အခန်းကျဉ်းလေးနဲ့အလင်းရောင်ဖျော့ဖျော့ကဆီးကြိုသည်။တစုံတဦးကိုရှာဖွေမိတော့အခန်းကျဉ်းလေးရဲ့ကုတင်ခြေရင်းကဆိုဖာထက်မှာစောင်ပါးလေးခြုံပြီးခွေနေသောပုံလေး....သူတံခါးဖွင့်ဝင်လာတာတောင်သတိမထားမိသေးပေ....သူမျှော်လင့်ထားသည့်အရာတွေကိုအလောတကြီးရှာဖွေမိတော့မျှော်လင့်ချက်တွေပျောက်ဆုံးသွာသည်။သူ့အမေဆီကဝမ်သန်းငါးဆယ်ယူသွားတဲ့သူကအခုတော့အခန်းကျဉ်းလေးတခုအပြင်ဘာပရိဘောဂမှမရှိ.....ဆိုဖာထက်ခွေနေတဲ့ပုံရိပ်လေးကသူ့ခြေသံတွေကြောင့်နိုးလာသည်ထင်....သူ့ကိုမယုံနိုင်သောအံ့သြသောမျက်ဝန်းတို့ဖြင့်ကည့်နေသည်။ဘယ်လိုလည်းဝမ်သန်းငါးဆယ်တောင်ရသွားတာမင်းအဆင်ပြေနေရမှာမဟုတ်ဘူးလား..မင်းပြောတော့ဆင်းရဲခက်ခဲတဲ့ဘဝတွေကိုမလိုချင်ဘူးဆို....Taeသူ့ရှေ့မှာရပ်ပြီးသူ့ကိုနာနာကြည်းကြည်းနဲ့စကားတွေပြောနေသောလူသားကိုအံ့သြမှုတို့ဖြင့်ကြည့်နေမိသည်။သူအမြဲတမ်းလွမ်းဆွတ်နေခဲ့ရသောလူသားကိုသူ့ရှေ့မှာတွေ့နေရတာအိပ်မက်တခုလို....သေချာတာတော့အိပ်မက်မဟုတ်ဘူးJeonကသူဖြစ်စေချင်ခဲ့သလိုအဆင့်အတန်းမြင့်အိမ်တော်ကသခင်လေးတဦးရဲ့ပုံစံအပြည့်ဘောင်းဘီအိတ်ထဲလက်ထည့်ကာသူ့ကိုနာနာကြည်းကြည်းစိုက်ကြည့်နေသောJeonကအနက်ရောင်suitအပြည့်နှင့်ရင့်ကျက်တည်ငြိမ်တဲ့တကယ့်လူကြီးလူကောင်းတယောက်ပုံစံ....ငါမင်းဆီကိုတစုံတခုရှာဖွေဖို့ရောက်လာတာမင်းကတော့အရင်ကအတိုင်းဘာမှမပြောင်းလဲဘူးငါ့အချိန်တွေမင်းအတွက်အကုန်မခံနိုင်ဘူးအဲ့တော့နှုက်ဆက်ပါတယ်အဟက်....
Taeသူ့ရှေ့ကJeonကိုရှင်းပြဖို့ပြင်ပေမဲ့ စကားတွေကထွက်မလာ...Jeon ပြန်သွားတော့ပြတင်းပေါက်မှတဆင့်အပြေးအလွှားကြည့်မိသည်။Jeonကသူ့အခန်းရှိရာကိုတချက်စောင်းငဲ့ကြည့်ပြီးကားအနီရောင်လေးကိုမောင်းထွက်သွားသည်။Taeလက်သီးကိုတင်းတင်းဆုပ်ပြီးJeonသခင်မရဲ့စကားတွေနားထဲမှာကြားယောင်လာတော့မျက်ရည်တွေကတာကျိုးသလိုပြိုကျလာသည်။သူရှိရာအထိJeonရောက်လာပြီးပြီပဲသူဘာမှစဉ်းစားမနေတော့ပဲJeonနောက်ကိုခြေဗလာဖြင့်တရောသောပါးပြေးလိုက်ခဲ့သည်။
Jungkook ပြန်လာရာလမ်းတလျှောက်ကားစတီယာတိုင်ကိုတင်းတင်းဆုပ်ကိုင်ပြီးမြင်ယောင်လာတာကTaeရဲ့ဖြူဖျော့နေတဲ့မျက်နှာTaeနေမကောင်းဘူးလား...အမေပြောတော့Taeကဝမ်သန်းငါးဆယ်ယူသွားတယ်..ဒါပေမဲ့ အခုTaeပိုင်ဆိုင်မှုကဘာမှမရှိ ရုတ်တရက်Taeထိုင်နေတဲ့ဆိုဖာအနောက်ကအဖြူရောင်ကန့်လန့်ကာတွေကိုသတိရမိတော့သူ့ကားကိုလာရာလမ်းအတိုင်းပြန်လှည့်လျက်မိသား...သူအထပ်တွေကိုကျော်ဖြတ်ပြီးအခန်းရှေ့တဖန်ပြန်ရောက်လာတော့တံခါးကပွင့်လျက်သား..သူ့ခေါင်းတခုလုံးထူပူပြီးစိုးရိမ်စိတ်ဖြင့်ရှာဖွေတော့အခန်းထဲမှာမည်သူမျှမရှိ.. သူကန့်လန့်ကာအဖြူရောင်တွေကိုအလျင်အမြန်ဖယ်ရှားမိတော့မြောက်များလှစွာသောပန်းချီကားတွေကသူ့ကိုလှောင်ပြောင်လို့...သူ့ရင်ထဲမှနာကြင်မှုတွေနှင့်အတူမျက်ရည်ပေါက်တို့ကျဆင်းလာခဲ့သည်။ကိုယ့်တဘဝလုံးမင်းအနားမှအရိပ်လိုစောင့်ရှောက်မယ်လို့အမြဲပြောခဲ့မိတယ်.. ဒါပေမဲ့မင်းရဲ့ရင်ထဲတောင်မမြင်နိုင်ခဲ့တဲ့အပြင်မင်းရဲ့မျက်နှာအမူအရာတောင်အကဲမခတ်နိုင်ခဲ့ဘူး ..တကယ်တော့ ကိုယ်ကအသုံးမကျတဲ့သူပါ...မင်းကိုမကာကွယ်ပေးနိုင်တဲ့အပြင်မင်းအချစ်တွေကိုစော်ကားမိပြန်ပြီ...ကိုယ်တောင်းပန်ပြီးမင်းကိုအချစ်တွေနဲ့စောင့်ရှောက်မှာမို့ထွက်မပြေးပါနဲ့တော့ကိုယ့်ရဲ့Taeသူကားကိုအလျင်အမြန်သူနဲ့Taeစတင်တွေ့ဆုံခဲ့သည့်NewYorkရဲ့Hudson river floating parkတည်ရှိရာလမ်းမဆီဦးတည်မိသည်ကိုယ့်ကိုအဲ့နေရာမှာTaeစောင့်နေမယ်မှတ်လား...
ကားမောင်းထွက်သွားသောJeonနောက်ကိုခြေဗလာဖြင့်အော်ဟစ်ငိုယိုရင်းပြေးလိုက်သွားတဲ့Taeဟာတကယ်တော့အရူးတယောက်လိုပါပဲ...လမ်းအသွယ်သွယ်ကိုဖြတ်ပြီးJeonကိုပြေးလိုက်နေရင်းကလမ်းချိုးတခုအရောက်မှာအိမ်ခြေယာမဲ့တယောက်ကသူ့ကိုဖမ်းချုပ်ပြီးဓားနဲ့ထောက်ကာ....ငါ့ကိုပိုက်ဆံပေးငါပိုက်ဆံလိုတယ်....ကျွန်တော့မှာဘာပိုက်ဆံမှမပါပါဘူးသူ့ဆီအချိန်မှီရောက်မှဖြစ်မှာမိုလို့ပါလွှတ်ပေးပါကျေူဇူးပြုပြီး....ဟာရှုပ်လိုက်တာပိုက်ဆံမရှိရင်မင်းဝတ်ထားတဲ့လက်စွပ်ကိုပေးလို့ထိုအိမ်ခြေယာမဲ့ကပြောတော့သူအထိတ်တလန့်ဖြင့်သူ့လက်စွပ်ကိုဖုံးကွယ်ကာဒါကပေးလို့မရလို့ပါ...ဒီမှာမင်းပေးမှာလားမပေးဘူးလား....ကယ်ကြပါဦးလို့သူအော်ဟစ်အကူအညီတောင်းမိတော့ထိုလူကဒေါသထွက်ကာသူ့အားဓားနှင့်ထိုးပြီးထွက်ပြေးသွားသည်။ဓားဒဏ်ရာကြောင့်လဲကျသွားပေမဲ့သူ့ကိုJeonစောင့်နေတယ်ဟူသောယုံကြည်မှုကြောင့်လက်ရန်းကိုအားပြုကာဒဏ်ရာကိုလက်ဖြင့်ဖိပြီးအားတင်းထကာပြေးမိသည်။လမ်းမကြီးပေါ်ရောက်တော့ ဓားဒဏ်ရာဖြင့်သွေးတွေမြင်မကောင်းအောင်ထွက်ကာခြေဗလာဖြင့်ပြေးနေသောသူ့ကိုလမ်းသွားလမ်းလာတို့ကစိုးရိမ်တကြီးဖြင့်..ဟေးမင်းအဆင်ပြေရဲ့လားဘာဖြစ်တာလည်းငါတို့ဆေးရုံကားခေါ်ပေးရမလားမေးနေပေမယ့်သူလက်ကာပြကာများပြားလှသောကားတန်းတွေကြားသူပြိုင်ကားအနီလေးကိုရှာနေမိသည်။သူဝေဒနာတွေကိုကြိတ်မှိတ်ခံစားရင်သူနဲ့Jeonအမှတ်တမဲ့စတင်တွေ့ဆုံခဲ့သည့်Hudson riverရဲ့Floating parkရှိကာလမ်းမထက်ရောက်လာခဲ့သည်။
ESTÁS LEYENDO
For love or money(complete)
FanficTaekookerတယောက်မို့Taekook versionလေးဖန်တီးဖြစ်တာပါ မူရင်းဇာတ်လမ်းကတော့ မင်းသားRainနဲ့မင်းသမီးLu Yee Feiတို့ရဲ့ For love or moneyဆိုတဲ့normalအချစ်dramaဇာတ်ကားလေးပါ ဇာတ်ကားကြည့်ရင်းTaekookကိုမျက်လုံးထဲမြင်ယောင်လာလို့ဇာတ်လမ်းလေ...