Zawgyi#
နံနက်ခင်းရဲ့နေရောင်ခြည်နုနုကျရောက်နေတဲ့အခန်းလေးထဲကောင်လေးတယောက်ကတစုံတယောက် ကိုအနောက်ကထွေးပွေ့ပြီးအိပ်မောကျနေသည်။
Taeမျက်နှာပေါ်ကျလာသောအလင်းရောင်ကြောင့်အိပ်ယာကထဖို့ပြင်တော့တစုံတခုကသူ့ကိုတင်းကြပ်စွာသိုင်းဖက်ထွေးပွေ့ထားတာကိုခံစားရသည်။အတွေးတွေကိုနောက်ကြောင်းပြန်ကြည့်တော့ညကJeon..သူ့ရဲ့အခန်းထဲမှာအိပ်ခဲ့တာပဲ...
Taeသူ့အပေါ်လွှမ်းခြုံသိုင်းဖက်ထားသောJeonရဲ့လက်ကိုအသာဖယ်ပြီးနေရောင်နုနုကျရောက်နေသောJeonမျက်နှာကိုတိတ်တိတ်လေးခိုးနမ်းပြီးမျက်နှာသစ်ရန်ရေချိုးခန်းထဲဝင်ခဲ့သည်။Jeonအတွက်သွားတိုက်တံအသစ်တချောင်းထုတ်ပေးထားပြီးသူစဉ်းစားနေမိခဲ့တာက သူနဲ့Jeonရဲ့ဆက်ဆံရေးကိုပင်..သူနဲ့Jeonကချစ်သူတွေဖြစ်နေကြပြီလားဆိုတော့မဖြစ်သေးပါ ..သူငယ်ချင်းဆိုတာထက်တော့အတိုင်းအတာတခုပိုနေတာကိုခံစားမိနေသည်။
သူJeonကိုချစ်လားမေးတော့ချစ်ပါသည်..သူ့ဘဝတွင်Jungwooကအချစ်ဦးဖြစ်ခဲ့လျှင်Jeonကတော့ နှလုံးသားနှင့်ရင်းပြီးချစ်ရတဲ့အချစ်ဆုံးပါ...သူ့အပေါ်ထားတဲ့Jeonသဘောထားကကော...
သူJeonကိုချစ်မိသွားတဲ့အတွက်Jeonသခင်မကိုပေးထားခဲ့တဲ့ကတိကိုကောတည်နိုင်တော့မှာလား...သူတနေ့နေ့တချိန်ချိန်မှာJeonကိုလက်လွှတ်ရမဲ့အချိန်ရောက်လာခဲ့ရင် သူခံနိုင်ရည်မရှိတာတော့အသေအချာပါ...
အချစ်ဆိုတာလူတယောက်ဘဝကောင်းစားဖို့ အခြားတယောက်ကစွန့်လွှတ်အနစ်နာခံရမည်ဆိုသူနဲ့Jeonနှစ်ယောက်မှာ ဘယ်သူကရယူပြီးဘယ်သူကပေးဆပ်တဲ့သူတွေဖြစ်ကြမှာလည်း...
Taeရေချိုးခန်းထဲအတွေးတွေလွန်နေတာဘယ်လောက်ကြာလည်းမသိJeonက ငှက်သိုက်ဆံပင်အိပ်မှုံစုံဖွားနဲ့ကုတင်ပေါ်မှာTaeကိုယုန်သွားလေးနှစ်ချောင်းပေါ်အောင်ရီပြပြီးနွေးထွေးစွာဆီးကြိုနေသည်။
နိုးပြီလားKookနိုးရင်ရေချိုးချင်လည်းချိုးမျက်နှာသစ်ချင်လည်းသစ်ပြီးရင်ဧည့်ခန်းကိုလာခဲ့နော်Tae..ဒဏ်ရာကိုဆေးထည့်ပေးမယ်..အခုမနက်စာအတွက်Jiminကိုသွားကူရဦးမယ် အကိုYoongiလည်းရောက်နေတော့...
Taeရဲ့စကားကိုJeonကသဘောကျစွာပြုံးပြလာပြီး...ဟုတ်ပါပြီကိုယ်ပြီးရင်ဧည့်ခန်းကိုလာခဲ့မယ်နော်...
ထမင်းစားခန်း၌Park Jiminတယောက်ရဲ့ခိုင်းစေထားမှုမှာအချေကိုယ်တော်ကြီးMinYoongiတယောက်ပျာယာခတ်နေပါသည်။
Jimin:Minရေဒီမုန်လာဥနီလေးလှီးပေးပြီးရင်ရေပါဆေးပြီးဆစ်ထားပေးနော်..ဟိုကိုယ်တော်ချောနှစ်ယောက်ကချစ်ကြည်နူးလွန်ပြီးမထနိုင်သေးဘူး..
Yoongiတယောက်သူ့ရဲ့ အသက်လေးကိုကြည့်ပြီးအတောမသတ်နိုင်သောအပြုံးတို့ကိုစွန့်ကြဲကာသူ့ကိုအလုပ်ပေးထားသော.ဟိုငနာနှစ်ကောင်ကိုလည်းစိတ်ထဲမှနေပြီးကျိန်ဆဲနေလိုက်သည်။
Tae:Jiminငါအိပ်ယာထနောက်ကျသွားလို့ဘာကူရဦးမလည်း..Jiminတယောက်သူ့ကိုပြုံးဖြီးပြီးတောင်းပန်တိုးလျှိုးသံနဲ့ပြောလာသောသူငယ်ချင်းကြောင့်စိတ်မဆိုးနိုင်တော့ပေ..
Jimin:မကူပါနဲ့တော့Minဝိုင်းကူလုပ်ပေးပြီးပါပြီကိုယ်တော်လေးရယ်..ဘယ်လောက်တောင်ညကချစ်ကြနူးကြလို့လည်းအိပ်ယာထနောက်ကျရအောင်...ဟာJiminကလည်းငါတို့ကရိုးရိုးသားသားသူငယ်ချင်းတွေပါ...
ရိုးရိုးသားသားဖိုးသခွားလေးတွေပါပေါ့..ဒီအခြေအနေတွေရောက်နေကြပြီတယောက်နဲ့တယောက်ခံစားချက်တွေကိုနားမလည်နိုင်ကြသေးဘူးလား..အကိုနဲ့Jungkookဘယ်လိုသိနေတာလည်းဆိုတာကောTaeမသိချင်ဘူးလား...တချိန်လုံးငြိမ်နေတဲ့အကိုYoongiကTaeတို့စကားဝိုင်းထဲဝင်လာခဲ့သည်...
တကယ်တော့Jungkookက အရမ်းသန်မာချင်ယောင်ဆောင်တဲ့ကလေးTaeလိုပဲပေါ့..အနုပညာကိုအရမ်းခံစားတတ်ချစ်တတ်တဲ့ကလေးက စိတ်ဒဏ်ရာတချို့ကြောင့်ပတ်ဝန်းကျင်ကိုအရွဲ့တိုက်တတ်လာတယ်..ဘဝကိုလည်းဖြစ်သလိုနေတယ်..သူ့ကိုနားလည်ပေးနိုင်တာဆိုလို့သူ့ကိုညီလေးအရင်းလိုချစ်တဲ့အကိုနဲ့Hoseokနှစ်ယောက်ပဲရှိတယ်...
ကားပြိုင်ပွဲပြိုင်မို့အကို့ဆီကားလာငှါးတုန်းက သူပြောတယ်လေးလေးနက်နက်ကိုပြောခဲ့တာ..သူဒီဝါသနာကိုစွန့်လွှတ်တော့မယ်ဒီတခါနောက်ဆုံးပါပဲ တဲ့..သူသိပ်ချစ်ရတဲ့သူက သူကားပြိုင်ပွဲတွေပြိုင်တာကိုမကြိုက်လို့တဲ့လေ...အကိုအံ့သြမိခဲ့တာက ဒီကလေးက သူသိပ်ချစ်တဲ့အဖေကိုဆုံးရှုံးခဲ့ပြီးတည်းကဘယ်သူ့ကိုမှချစ်တယ်မပြောဖူးဘူး...ပြီးတော့သူချစ်တဲ့အဲ့ကောင်လေးကTaeဖြစ်နေတယ်...
အကိုTaeတို့ကိုပြောချင်တာကတယောက်ကိုတယောက်ချစ်ကြရင်ခံစားချက်တွေကိုအရမ်းမမြိုသိပ်ကြပါနဲ့...Tae..Jungwoo ကိုချစ်ခဲ့မိတုန်းက ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေရှိတယ် ဒါတွေက TaeကိုJungwooက ပကာသနတွေလမ်းခင်းပြီးဖန်ဆင်းခဲ့တဲ့ အတုအယောင်ပျော်ရွှင်မှုတွေလို့်Taeကိုယ်တိုင်အကိုတို့ကိုပြောခဲ့ဖူးတယ် .အခုJungkookနဲ့တွေ့တော့Taeပျော်ရွှင်နေတာအကိုတို့မြင်တယ်..Jungkook ပေးတဲ့အချစ်တွေပျော်ရွှင်မှုတွေက Taeအတွက်ပကာသနတွေပူလောင်မှုတွေမပါတဲ့ ပျော်ရွှင်ခြင်းတွေဆိုတာကိုTaeသေချာခံစားမိခဲ့ရင်ခံစားချက်တွေကိုမြိုသိပ်ဖို့မကြိုးစားပါနဲ့...
အကိုကောJiminကောက Jungkookနဲ့Taeနှစ်ယောက်လုံးအချစ်တွေနဲ့ပျော်ရွှင်တဲ့ဘဝကိုရဖို့မျှော်လင့်တယ်...
Jungkook ကောTaeကောကသန်မာချင်ယောင်ဆောင်ကြပြီးခံစားချက်တွေကိုဖုန်းကွယ်ထားကြဖို့ကြိုးစားနေကြတယ်...တကယ်တော့Taeတို့တယောက်ကိုတယောက်အမှန်တကယ်ချစ်မြတ်နိုးရင်ဘယ်နည်းနဲ့မှတယောက်လက်ကိုတယောက်ဖြုတ်ဖို့မကြိုးစားပါနဲ့...ဒါကTaeတို့နှစ်ယောက်လုံးပျော်ရွှင်ရဖို့အကို့စေတနာတွေပါ...
JungkookကTaeကိုအရမ်းချစ်တာအကိုတို့အပြင်ကလူတွေပါအရမ်းသိသာနေတယ်...သူTaeအပေါ်မရိုးမသားတဲ့စိတ်ထားမိလို့Taeစိတ်ဆိုးသွားမှာလည်းကြောက်နေခဲ့တာ..
Tae:တကယ်တော့အကိုYoongi...ဟို..
Jungkook:ကျွန်တော့နာမည်ပြောသံကြားတယ်အကိုYoongi..Taeတို့ကိုဘာတွေအာလူးဖုတ်နေတာလည်း..
Yoongi:မြန်မြန်လာပါအမောင်ယုန်ဗလရယ်ဒီမှာငါနဲ့Jiminieကမနက်အစောကြီးထဲက ကိုယ်တော်ချောတို့အတွက်မနက်စာထပြင်ဆင်ထားပါတယ်....
Jungkook: ဟာ..ဒီအဖိုးကြီးကတော့Taeတို့ရှေ့မှာမှနာမည်ပြောင်ကိုခေါ်ရသလား
Tae,Jimin:ဟားဟား..စိတ်မဆိုးပါနဲ့ယုန်ဗလကြီးရယ်..တကယ်ယုန်နဲ့တူတာပဲ...
Tae:Kookဒီကိုလာလေဒဏ်ရာကိုဆေးထည့်ပေးမယ်
Jimin:အဟမ်း.....ငါတို့အဲ့ဒါဆိုထမင်းစားခန်းမှာစောင့်နေမယ်နော်..
Jungkookသူ့ဒဏ်ရာကိုပိုးသတ်ဆေးထည့်ပေးပြီးစပ်မှာဆိုးလို့နှုတ်ခမ်းလေးဆူထော်ကာလေမှုတ်ပေးနေသောသူ့ရဲ့Taeကိုငေးကြည့်မိနေသည်။Tae..ဟင်ဘာဖြစ်လို့လည်းKookအနာကစပ်လို့လား..
Jungkook: မဟုတ်ပါဘူး..ကိုယ်Taeကိုနမ်းချင်တယ်..ခွင့်တောင်းတယ်ဆိုယုံလေးရဲ့နောက်မှာထိုလူသားကTaeရဲ့နဖူးကိုညင်ညင်သာသာလေးအနမ်းခြွေသွားခဲ့သည်။ပြီးတော့ချစ်တယ်...Tae:ဘာ..
အဟမ်း..အဟမ်း..ထမင်းတွေဟင်းတွေအပင်ပန်းခံချက်ထားရတာနော်ဒဏ်ရာဆေးထည့်ပြီးရင်လာစားကြတော့..Jiminရဲ့ထမင်းစားခန်းထဲက စနောက်ပြီးအော်သံကြောင့်Taeကရှက်ပြုံးပြုံးပြီးJungkookကိုမျက်စောင်းထိုးကာထွက်သွားသည်။
Jungkookကတော့သူ့အနမ်းကိုမျက်လုံးလေးပြူးကြောင်ကြည့်နေသောTaeသူ့ကိုရှက်ပြီးမျက်စောင်းထိုးသွားသောTae..သူချစ်တယ်လို့ပြောလိုက်တာကိုတောင်မကြားသွားရှာသောTaeကိုကြည့်ပြီးဝဲဘတ်ရင်အုံထဲမှ တစုံတရာကအတိုင်းအဆမဲ့ခုံပေါက်ကျန်နေခဲ့သည်။
သူ့ကိုရုတ်တရက်ခွင့်တောင်းပြီးနမ်းလိုက်တဲ့Jeonကြောင့်Taeတကိုယ်လုံးဓာတ်လိုက်သလိုခံစားသွားရသည်။ဒီခံစားချက်ကို သူJungwooနဲ့တုန်းကတခါမှမခံစားခဲ့ဖူးပါ။Jeonကသူ့ကိုအမျိုးမျိုးပြုစားနိုင်ပါသည်။Jeonကြောင့်လောလောလတ်လတ်ရရှိထားသောနှလုံးခုန်မြန်မှုကလည်းထမင်းစားပွဲကိုရောက်သည်အထိမငြိမ်သက်နိုင်..သူ့ကိုJeonချစ်တယ်လို့ပြောလိုက်တာလည်းသူနားကြားမှားတာမဖြစ်နိုင်..
ထမင်းစားပွဲမှာ တယောက်ကပြုံးဖြီးနေသောမျက်နှာနှင့်..တယောက်ကကလည်းမျက်နှာကြီးနီရဲပြီးဟင်းခွက်တွေအလွဲလွဲအချော်ချော်မှားခက်မိလို့....
သူတို့နှစ်ယောက်ကိုအကိုYoongiနဲ့Jiminကတော့အထူးအဆန်းလိုငေးကြည့်လို့်....မနက်ခင်းရဲ့ထမင်းစားဝိုင်းလေးကပျော်ရွှင်ကြည်မူးခြင်းတွေနဲ့ပြည့်နေခဲ့ပါသည်။
***********************************
ESTÁS LEYENDO
For love or money(complete)
FanficTaekookerတယောက်မို့Taekook versionလေးဖန်တီးဖြစ်တာပါ မူရင်းဇာတ်လမ်းကတော့ မင်းသားRainနဲ့မင်းသမီးLu Yee Feiတို့ရဲ့ For love or moneyဆိုတဲ့normalအချစ်dramaဇာတ်ကားလေးပါ ဇာတ်ကားကြည့်ရင်းTaekookကိုမျက်လုံးထဲမြင်ယောင်လာလို့ဇာတ်လမ်းလေ...