zawgyi#
Tae Jeonအိမ်တော်ကနေတိုက်ခန်းကိုပြန်ရောက်တော့ညဥ့်အတော်နက်နေပြီ..တိုက်ခန်းရှိရာငါးထပ်မြောက်သို့ရောက်သော်..သူ့အခန်းရှေ့လက်ပိုက်စောင့်နေသောလူအရိပ်တခုကိုတွေ့ရသည်....
အနီးရောက်လို့သဲသဲကွဲကွဲ မြင်လိုက်ရတာက..သူ့ရဲ့နှစ်ယောက်မရှိနိုင်တဲ့ မိထွေးပင်.....
လွန်ခဲ့တဲ့၁၅နှစ် မေမေသွေးကင်ဆာနဲ့ဆုံးတော့Taeရဲ့ကမ္ဘာပြိုခဲ့ရတယ် ..မေမေဆုံးပြီး၂လအကြာမှာဖေဖေကသူ့အတွက်..အမေတယောက်ထပ်ခေါ်လာခဲ့တယ်...သူ့ကိုထိန်းသိမ်းစောင့်ရှောက်ဖို့အမေလိုသည်တဲ့လေ......
သူ့ရဲ့အမေအသစ်ဆိုတဲ့သူက အိမ်ပေါ်ရောက်လာပြီး၃ပတ်မြောက်နေ့မှာ သူ့ကိုနေရာတခုခေါ်သွားခဲ့တယ်....သူပြောခဲ့တာက နင်ကဒီနေရာနဲ့ပဲတန်တယ်..နင့်အဖေကသူအမှုပတ်မှာဆိုးလိုငါ့ကိုလာပို့ခိုင်းတာ..အဲ့တော့နင်လိမ်လိမ်မာမာနေခဲ့....သူ့ရဲ့အမေအသစ်က အဲ့လိုပြောပြီးထားခဲ့တာကမိဘမဲ့ဂေဟာတခု.......
Taeနောက်မှသိရတာကသူအစွန့်ပစ်ခံရတာ သူ့အဖေရင်းကသူ့ကိုစွန့်ပစ်ခိုင်းတာတဲ့....
TaeဂေဟာမှာJiminနဲ့တူတူနေခဲ့ရတယ် Jiminကသူရဲ့အရင်းနှီးဆုံးသူစိမ်းတယောက်ဖြစ်ခဲ့ရတယ်..မကြာသေးခင်ကာလကJiminကြောင့်သူ့အဖေနဲ့ပြန်တွေ့ခဲ့ရတယ်....
သူ့မိထွေးက သူ့အဖေမရှိခင်ဂေဟာမှာသူ့ကိုစွန့်ပစ်ခဲ့တာဖြစ်ပြီး...Taeရဲ့အဖေကိုညာခဲ့တာ Taeထွက်ပြေးသွားတယ်ဆိုပြီးတော့ပေါ့.....တကယ်တော့ သူ့ဘဝက လေယူရာလွင့်နေရတဲ့ငှက်တောင်မွှေးလေးတခုလိုပါပဲ......
အခုလည်း သူ့မိထွေးသူ့နေရာကိုဘယ်လိုသိသွားပြန်ပြီလည်း.........
****************
ငါနင့်ကိုစောင့်နေတာKimTaehyung..နင့်အဖေဆေးရုံတင်ထားရတယ်....ဦးနှောက်ကင်ဆာတဲ့..သားတယောက်အနေနဲ့နင့်မှာလည်းတာဝန်ရှိတယ်...ငါ့မှာလည်းငါ့ကလေးတဖက်နဲ့..နင့်အဖေရဲ့ဆေးရုံစရိတ်တွေတာဝန်တွေကိုငါတယောက်တည်းမယူနိုင်ဘူး.....
နင်သိအောင်ငါအသိလာပေးတာ...သူကနင့်အဖေဖြစ်တဲ့အတွက် နင်လည်းတာဝန်ယူရမယ်
ပြောချင်ရာပြောပြီးထွက်သွားတဲ့သူမ...Taeကတော့ အရူးတယောက်လို အော်ဟစ်ရယ်လိုက်မိသည်....သူ့ကိုအရုပ်လို လိုသုံးလိုပဲလူတွေကသဘောထားနေကြတာလား....သူ့မှာဘာအားနည်းချက်တွေရှိလို့လည်း....သူ့ကကောဘာအပြစ်တွေလုပ်ခဲ့မိလို့လည်း....
..............🌺🌺🌺................
ရေချိုးခန်း ထဲကတတောက်တောက်ကျနေတဲ့ရေစက်သံတွေကအတိုင်းသား.....Taeရေချိုးခန်းထဲထိုင်နေမိတာ နာရီအတော်ကြာနေပြီ...ဒီကမ္ဘာမှာ သူ့ဖြစ်တည်မှုကဘာလည်းဆိုတာတောင်မသိရတော့တဲ့အခြေအနေတခု.........
အခုလည်း နှစ်တွေအများကြီးမိထွေးရဲ့ကောက်ကျစ်မှုကြောင့်ဝေးနေခဲ့ရတဲ့အဖေနဲ့ ပြန်တွေ့ပြန်တော့လည်း....လူမမာတယောက်အနေနဲ့.......အဖေ့ရဲ့ဆေးရုံစရိတ်တွေ ကို သားတယောက်အနေနဲ့သူတာဝန်ယူရမယ်...အဖေကသူ့ကိုသိပ်ချစ်တာသူသိတယ်....Taeစွန့်ပစ်ခံခဲ့ရတဲ့နှစ်တွေထဲ ဖေဖေကသူ့ကို နေရာတိုင်းအချိန်တိုင်းလိုက်ရှာနေခဲ့တာ...Taeကို ပြန်တွေ့ခဲ့ရတာတောင် သူ့ကိုယ်သူတာဝန်မကျေခဲ့လို့ အပြစ်တွေကိုခံယူပြီးTaeကွယ်ရာကအမြဲစောင့်ကြည့်နေခဲ့တာကိုတောင်Jiminပြန်ပြောပြမှသိခဲ့ရသည်။
..................🍀🍀🍀🍀....................
ဖေဖေ...နူးညံ့စွာသူခေါ်ပေမဲ့ ဆေးရုံ ရဲ့ကုတင်ပေါ်က အသက်ကယ်ကိရိယာပေါင်းစုံတပ်ထားခြင်းခံရတဲ့အဖေကတော့ သူ့ကိုပြန်မထူးနိုင်ခဲ့ပါ.....
မိထွေးကတော့ သူ့ကိုမဲ့ပြုံးတခု ပြုံးပြပြီး နင့်အဖေရဲ့အသက်ကိုကယ်ဖို့က ခွဲစိတ်မှရမယ်လို့ဆရာဝန်ကြီးကပြောတယ်...ခွဲခန်းစရိတ်...သူနာပြုစရိတ်တွေအကုန်ငါမတတ်နိုင်ဘူး....နင့်သဘောထားကကော.......
အဖေ့ကို ကုရမဲ့စရိတ်ကဘယ်လောက်မို.လို့လည်း..သူမျက်ရည်တွေနဲ့အော်မေးလိုက်သည်.....
Hello TaeငါပါJimin အဆင်ပြေရဲ့လားငါ့ရဲ့သူငယ်ချင်းလေး
ငါအဆင်ပြေပါတယ်မင်းကော ယောက်ခမလောင်းတွေနဲ့အဆင်ပြေလားပျော်ကောပျော်နေရဲ့လား...ငါကအဆင်ပြေပါတယ် ငါ့ကိုဂရုစိုက်ကြပါတယ်အားလုံးokတယ်...ဒါနဲ့လေTaeမက်းနေမကောင်းဘူးလား..အသံကတမျိုးဖြစ်နေတယ်....ငါနေကောင်းပါတယ် ငါ့ရဲ့သူငယ်ချင်းလေးသာ တဝကြီးပျော်ခဲ့ ပြန်လာရင်...ငါ့ကိုပျော်စရာတွေပြန်ပြောပြနော်...
Jimin:ဟုတ်ပါပြီJiminieရဲ့သူငယ်ချင်းလေးပြန်လာရင်တွေ့ကြမယ်...See you
*********************************
တီ..တီ..တီ......
Jungkookတယောက်....သူ့ရဲ့တိုက်ခန်းရှိရာလမ်းထိပ်သို့အပြန်လမ်းထိပ်မှာရှုပ်ယှက်ခတ်နေသော ကားတန်းကြီးနဲ့လူအုပ်တွေ....
စူးစမ်းစိတ်နဲ့ ကြည့်မိတော့ သူနေထိုင်တဲ့အခန်းရှိရာ ငါးထပ်မြောက်ဝရန်တာအစွန်မှာ မတ်တပ်ရပ်နေတဲ့ အဖြူရောင်လေး....
မြေပြင်မှာတော့ အရေးပေါ်ယာဉ်တွေ..သူနာပြုတွေ...မီးသတ်သမားတွေ....
ကောင်လေး...ဘာအခက်အခဲတွေရှိနေလို့လည်းအဲ့လိုမလုပ်ပါနဲ့ငယ်ငယ်လေးပဲရှိသေးတာလေ..မင်းမှာဘာအခက်အခဲပဲရှိရဦးတို့ကိုပြောပါ ..အဲ့လိုမလုပ်ပါနဲ့..Jungkookအခြေအနေအရပ်ရပ်ကိုသဘောပေါက်သွားသည်...
Taeအခုချိန်ဘာမှမသိပါ လွတ်မြောက်ချင်နေသည် Jiminနဲ့ဖေဖေ့ကိုလည်းခွင့်လွှတ်ပါဟုစိတ်ထဲကအကြိမ်ကြိမ်တောင်းပန်နေမိသည်.....
မင်းငါ့တောင်းဆိုမှုကိုသာလက်ခံရင် မင်းနဲ့ထိုက်တန်တာငါပြန်ပေးမှာပါ....Jeonသခင်မရဲ့စကားတခွန်းကလည်းနားထဲပန်ကြားယောင်လာသည်.....
Taeနောက်ဆုံးအနေနဲ့ အောက်ကသူ့ကို နားချနှစ်သိမ့်နေသောလူအုပ်ကြီးဆီကိုကြည့်လိုက်ပြီးမျက်စိကိုမှိတ်လိုက်သည်။
..........................
ဟို.ခဏ.ခဏနေပါဦး..သူ့ရဲ့နောက်နားကပေါ်လာတဲ့အသံတခု..Taeနောက်ကိုမကြည့်ပဲပြောလိုက်သည်...မင်းအရာမပါရင်ဝင်မပါနဲ့ကိုယ့်ဘာသာနေ...
Jungkook: ကိုယ့်အရာမပါပဲနေမလား..မင်းခုန်ချဖို့လုပ်နေတာ ကိုယ်နေတဲ့အထပ်မှာလေ..ဒီနေရာက ကိုယ့်အဖေနဲ့အမှတ်တရတွေအများကြီးရှိတဲ့နေရာ..ဒီနေရာမှာကိုယ့်အမှတ်တရတွေပျောက်ကွယ်သွားရမဲ့ဖြစ်ရပ်မျိုးအဖြစ်မခံနိုင်ဘူး...
အဲ့တော့စိတ်အေးအေးထားပါ...အနောက်ကိုတချက်လှည့်ပြီးကိုယ့်လက်ကိုဆွဲပေးပါ...."ကောင်လေးရေ..သူ့ကိုရအောင်နားချပေးပါ"အောက်ကလူအုပ်ကြီးကလည်းသူတို့နှစ်ယောက်ဆီအော်ပြောနေသည်...
Jungkook:ကိုယ်တကယ်တောင်းပန်ပါတယ်..အခုလိုမလုပ်ပါနဲ့..မင်းမှာအခက်အခဲတွေရှိရင်တောင်နောက်ကိုတချက်လောက်လှည့်ကြည့်ပြီးကိုယ့်လက်ကိုဆွဲပေးပါ.....
Taeစိတ်ရှုပ်စွာ..ထိုလူအားပြန်ကြည့်မိသည်...Jungkook သူ့ဘက်မျက်နှာမူလာသောထိုကောင်လေးအားမြင်ရသည့်အခိုက်အတန့်....
အား....Taeနောက်သို့လှည့်လိုက်ရာဝရန်တာအစွန်းမှခြေချော်ကျတော့သည်....သူအောက်ကိုပြုတ်ကျသွားတာမဟုတ်ပဲလေထဲတန်းလန်းကြီးဖြစ်နေတာ...သူ့လက်ကိုတစုံတယောက်က အသည်းအသည်ကန်ဆွဲထားတာ....ကိုယ့်လက်ကိုရအောင်ဆွဲထားနော်လုံးဝလွှတ်မချနဲ့နော်...သူ့အားတတွတ်တွတ်အော်ပြောနေသောထိုလူသား...မြေပြင်ကလူအုပ်ကြီးကတော့အခြေအနေတခုကြောင့် ပြာယာခတ်လို့လေထိုးမွေ့ယာကြီးတွေကိုအဆင်သင့်ပြင်ထားကြသည်...
သူ့လက်ကိုမလွှတ်ဖို့Jungkookအော်ပြောနေသော်လည်းကောင်လေးကမျက်ရည်တွေနဲ့ကြည့်ကာသူ့လက်ကိုလွှတ်ဖို့ပြင်သည်..မင်း...အား..အသံကုန်အော်လိုက်သံကြီးအဆုံး...မြေပြင်ပေါ်သို့ ပုံရိပ်နှစ်ခုတဖြည်းဖြည်းပြုတ်ကြလာသည်....
ဝုန်း...အမလေးကံကြီးပေလို့ပေါ့..လူအုပ်ကြီးဆီက သက်ပြင်းချသံအဆုံး အဖြူရောင်လေးကိုရင်ခွင်ထဲပွေ့ပိုက်ထားသောကောင်လေးကို သူနာပြုများကယ်ဆယ်ရေးများကလူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားတော့သည်
************************************
ဟေ့နေဦးလေ....ငါကမင်းကိုကယ်ထားတာနော်
ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်မှုဖြင့်ရဲစခန်းမှာသွားဖြေရှင်းရသည်...Taeစိတ်ရှုပ်စွာရဲစခန်းထဲမှပြန်ထွက်လာရာလမ်းတလျှောက်ထိုလူသားကတကောက်ကောက်လိုက်လာသည်။
ငါကမင်းကိုကယ်ထားတာလေ..စကားလေးပြန်ပြောသင့်တယ်..
Taeထိုလူကိုစေ့စေ့ကြည့်လိုက်သည်...ထူထဲတောမျက်ခုံး..ထင်ရှားပေါ်လွင်နေသောမေးရိုးယောက်ျားပီသသောမျက်နှာတို့နှင့်သူ့ပုံစံကလူဆိုးတယောက်မဖြစ်နိုင်...ဘယ်သူကမင်းကိုကယ်ခိုင်းလို့လည်း....
Jungkookသူ့ရှေ့မှ အဖြူလုံးလေးအား စိတ်မဆိုးပဲအူးယားလာသည် မင်းက ကိုယ့်ဘဝရဲ့အမှတ်တရတွေရှိတဲ့နေရာကိုဖျက်ဆီးဖို့လုပ်တော့ကိုယ်ကဝင်ကယ်ရတာပေါ့....
ထိုလူရဲ့စကားကိုလျစ်လျူရှုပြီး..Taeလမ်းကိုပဲဆက်လျှောက်သွားသည်...ထိုလူသားကတော့လက်မလျော့သူ့နောက်ကတကောက်ကောက်လိုက်လာသည်..
Taeပြန်လှည့်ကြည့်ရင်မသိယောင်ဆောင်နေပါသောထိုလူသား...ဒီမှာခင်ဗျားကျုပ်နောက်ဘာလို့လိုက်နေတာလည်း....ဘာငါကမင်းနောက်လိုက်စရာလားဒါကအများပြည်သူပိုင်လမ်းလေ ငါ့ဘာသာငါ့လမ်းငါသွားတာပါ...
Tae:ဒီမှာ ဒါကခင်ဗျားရဲ့ နောက်ပိုးနည်းအကုန်ပဲလား...
Jungkook:အရမ်းသိသာနေလို့လား....ကိုယ်မင်းကိုတကယ်သဘောကျတာပါ...
Tae:ဟိုကိုကြည့်တွေ့လား..Taeညွှန်ပြရာJungkookကြည့်လိုက်တော့ လမ်းရဲ့တဖက်ကcoffeeဆိုင်လေး...
Tae:အဲ့ဒါ ကျွန်တော်ဖွင့်ထားတာ..ခင်ဗျားကျွန်တော့်ကိုတွေ့ချင်ရင်နောက်နေ့လာခဲ့လေ...
Jungkook:coffee smile😊ကိုယ်ငယ်ငယ်ကမိသားစုနဲ့ ဂျပန်မှာနေခဲ့တုန်းကဆိုင်နာမည်နဲ့တူတူပဲ...နောက်နေ့တွေကိုယ်မင်းကိုတွေ့ဖို့ဒီကိုလာခဲ့ပါ့မယ်..ဒါပေမဲ့ကိုယ့်ကိုကတိပေး..မင်းနောက်နေ့ထွက်လာမယ့်နေရောင်ခြည်ကိုမြင်ခွင့်ရအောင်ကြိုးစားပါမယ်လို့...
Tae:နေရောင်ခြည်ကသာကျွန်တော်ကိုမြင်ချင်တယ်ဆို ကျွန်တော်လည်းနေရောင်ခြည်ကိုမြင်နိုင်အောင်ကြိုးစားပါ့မယ်...
Jungkookနှစ်ခြိုက်စွာပြုံးလိုက်ပြီးကောင်းပါပြီကိုယ့်ရဲ့နတ်သားလေး...ကိုယ့်နာမည်Jungkookပါ...ကျွန်တော်ကKimTaehyungပါ..Taeသူရဲ့ခေါင်းကိုခပ်ဖွဖွပုတ်ပေးပြီးအနူးညံ့ဆုံးပြုံးပြကာထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီးမနက်ဖြန်တွေကိုမျှော်လင့်မိတော့မယ်..........
VOUS LISEZ
For love or money(complete)
FanfictionTaekookerတယောက်မို့Taekook versionလေးဖန်တီးဖြစ်တာပါ မူရင်းဇာတ်လမ်းကတော့ မင်းသားRainနဲ့မင်းသမီးLu Yee Feiတို့ရဲ့ For love or moneyဆိုတဲ့normalအချစ်dramaဇာတ်ကားလေးပါ ဇာတ်ကားကြည့်ရင်းTaekookကိုမျက်လုံးထဲမြင်ယောင်လာလို့ဇာတ်လမ်းလေ...