shadowအပိုင်း၇

289 30 0
                                    

Zawgyi#
Jiminကအိမ်​ပြန်​ဖို့​ခေါ်​နေ​ပေမဲ့Taeမပြန်​ဖြစ်​ပဲဆိုင်​မှာJeonကို​စောင့်​​နေခဲ့သည်​။Jeonဆိုင်​ကိုလာလိမ့်​မယ်​လို့စိတ်​ထဲကထင်​​နေမိ​သော​ကြောင့်​ဖြစ်​သည်​။
သူ့ကတိအတိုင်းပြိုင်​ပွဲမှာရှုံးသွား​သော​ကြောင့့််​Jungkookတ​ယောက်​အတွင်းခံ​ဘောင်းဘီတို​လေးကလွဲလို့ကျန်​တဲ့အဝတ်​အစားအကုန်​ချွတ်​၍ပြန်​ခဲ့ရသည်​။အကိုYoongi​ကကားနဲ့လိုက်​ပို့၍​တော်​​သေးသည်​။ကား​ပေါ်မှာအကိုYoongiကသူနဲ့Taeရဲ့အ​ကြောင်း​တွေကို​မေး​တော့သူနဲ့Taeရဲ့စတင်​​တွေ့ဆုံပုံကစပြီးပြန်​​ပြောပြမိသည်​။
Taeအ​ကြောင်းကို​ပြောရာတ​လျှောက်​လုံး၌လည်းသူ့မျက်​နှာမှာအပြုံး​တွေနှင့်​ဖြစ်​သည်​။
သူ့စကား​တွေကိုအကိုYoongiက​ခေါင်းတငြိမ့်​ငြိမ့်​နဲ့နား​ထောင်​လာပြီးစကားဆုံး​တော့ သူ့ကို​လေး​လေးနက်​နက်​​မေးလာသည်​။
ငါ​မေးတာ​သေချာစဉ်းစားJungkookမင်းTaeကိုတကယ်​မြတ်​မြတ်​နိုးနိုးနဲ့ချစ်​တာလား..ဘာအခက်​အခဲမဆိုလက်​တွဲမဖြုတ်​ပဲရင်​ဆိုင်​မှာ​သေချာလား..TaeကJiminieရဲ့ နှစ်​​ယောက်​မရှိတဲ့အချစ်​ဆုံးသူငယ်​ချင်းပဲငါ့အတွက်​လည်းညီ​လေးတ​ယောက်​လိုပဲအဲ့​တော့မင်းသာသူ့ကိုအမှန်​တကယ်​မြတ်​နိုးတာဆို အကိုကူညီ​ပေးမယ်​....
အကိုYonngiရဲ့ရှင်းပြမှုအဆုံးမှာJungkookတ​ယောက်​​ခေါင်းကိုပုတ်​သင်​ညိုကဲ့သို့အဆက်​မပြတ်​ညိမ့်​ပြပြီး သူTaeကိုအမှန်​တကယ်​မြတ်​မြတ်​နိုးနိုးချစ်​တာဖြစ်​​ကြောင်းရင်​ဖွင့်​ခဲ့သည်​။
Taeဆိုင်​မှာ​စောင့်​​နေတယ်​လို့Jiminဖုန်းဆက်​တာ​ကြောင့်​အကိုYoongiကJungkookကို​ကော်​ဖီဆိုင်​ရဲ့အနီးအနားမှာချ​ပေးထားခဲ့သည်​။
**********************************
Jungkookကား​ပေါ်မှဆင်း​တော့ အတွင်းခံ​ဘောင်းဘီတိုမှလွဲ၍အဝတ်​အစားကင်းမဲ့​နေ​သောခန္ဓာကိုယ်​က​အေးစက်​​နေတဲ့​လေထုနဲ့စတင်​မိတ်​ဆက်​သည်​။
ဆိုင်​အတွင်းကိုလှမ်းကြည့်​မိ​တော့မှိန်​ဖျဖျမီး​ရောင်​​လေးကလွဲလို့အ​မှောင်​ထုကဆီးကြို​နေသည်​။Jungkookရင်​ထဲထိတ်​ခနဲဖြစ်​သွားသည်​...​စော​စောကJiminဖုန်းဆက်​တာTaeဆိုင်​မှာ​စောင့်​​နေတယ်​ဆိုအခုက Taeဘယ်​​ရောက်​​နေတာလဲ...
သူဆိုင်​ရဲ့မှန်​တံခါးကိုအသာတွန်းပြီးအထဲကအ​ခြေအ​နေကိုစူးစမ်းကြည့်​​တော့မှTaeက ထိုင်​ခုံ​ပေါ်မှာလက်​ပိုက်​လျက်​ထိုင်​​နေပြီးသူ့ကိုစိုက်​ကြည့်​​နေသည်​။
Tae:အမှန်​အတိုင်း​ပြောကားပြိုင်​ပွဲကိုသွားတာTaeကို ညစာလိုက်​​ကျွေးချင်​လို့လား...
Taeရဲ့​ဒေါသရိပ်​သန်း​နေတဲ့​မေးခွန်းအဆုံးမှာJungkookကမျက်​နှာငယ်​နဲ့​ခေါင်းငြိမ့်​ပြလာသည်
Taeလည်းစိတ်​မ​ကောင်းစွာသက်​ပြင်းချ၍သူ့​ရှေ့က ​ဘောင်းဘီတိုကိုယ်​တုံးလုံးနဲ့လူသားထံ ခြုံ​စောင်​တဘက်​ကိုပစ်​​ပေးလိုက်​သည်​။
Tae​ပေးလိုက်​​သောတဘက်​ကိုခြုံပြီး​ရှေ့မှာမျက်​နှာငယ်​နဲ့ထိုင်​လာ​သောJeonကိုကြည့်​ပြီး​ဒေါသဖြစ်​ချင်​​ယောင်​​ဆောင်​ထား​သောTaeမှာဟန်​မ​ဆောင်​နိုင်​​တော့ပဲ ပြုံးလာခဲ့သည်​။
ရော့​သောက်​လိုက်​ပူတုန်း​လေး...Jungkookသူ့​ဆီပြုံးပြီး​ရေ​နွေးခွက်​​လေးကမ်း​ပေးလာ​သောTae​ကြောင့်​ ရင်​ထဲတွင်​အတိုင်းအဆမရှိ​သော​ပျော်​ရွှင်​မှုတို့က​နေရာယူလာသည်​။
သူ့ဘဝတွင်​အ​ဖေ့ကိုဆုံးရှုံးခဲ့ရပြီးတည်းကလွတ်​လပ်​စွာ​ပျော်​ရွှင်​မှု​နွေး​ထွေးမှုတို့​ပျောက်​ဆုံးခဲ့ရတာ Taeကသူ့ဘဝကိုတဖန်​ပြန်​လည်​​နွေး​ထွေးပြည့်​စုံမှု​ပေးခဲ့တဲ့​နေ​ရောင်​ခြည်​​လေးလိုပါ။
ညဉ့်​နက်​​နေပြီ Taeပြန်​​တော့မယ်​ဆိုင်​မှာ​နေခဲ့မှာလား..
Jungkook:မ​နေခဲ့ပါဘူးTaeကိုစိတ်​မချဘူးကိုယ်​ကTaeရဲ့​နောက်​အရိပ်​လိုလိုက်​ပြီး​စောင့်​​ရှောက်​​နေမှာ
Taeက​တော့ ပိုပြန်​ပြီးဆိုတဲ့အကြည့်​နဲ့မျက်​​စောင်းထိုးပြီး ဆိုင်​ထဲကမီးကိုပိတ်​ပြီးဆိုင်​ကို​သော့​သေချာခတ်​​နေသည်​။
ဝိုး...အလှ​လေးကဆိုင်ပိတ်​​တော့မလို့လားကိုယ်​တို့ကို​တောင်​ဧည့်​မခံ​တော့ဘူးလား?.?
အရက်​နံ့​တွေမွှန်​ထူ​နေပြီးမူးရူး​နေတဲ့လူတသိုက်​ဆီကရိသဲ့သဲ့စကား​ကြောင့်​Jungkook​သွေးတို့ဆူသွားသည်​..သူတို့ဦးတည်​​နေတဲ့စကား​တွေကသူ့ရဲ့မြတ်​နိုးမှုတို့တည်​ရှိရာTaeဆီထံသို့ဖြစ်​​နေ​သော​ကြောင့်​ဖြစ်​သည်​။
သူ့လက်​​မောင်းကိုဆွဲ၍Taeကရန်​မဖြစ်​ရန်​အကြည့်​တို့ဖြင့်​တားသည်​။
ဒီကလူကြီးမင်းတို့ဆိုင်​ပိတ်​ပါပြီခင်​ဗျ ..Taeကပြသနာမတက်​ချင်​လို့ ​ကောင်း​ကောင်းမွန်​မွန်​​ပြော​ပေမဲ့ထိုလူ​တထေဲကတ​ယောက်​ကTaeရဲ့ပါးကိုမထိတထိလာကိုင်​ရင်းအသည်း​လေးကလည်းလုပ်​ပါကိုယ်​ကြီးတို့ကတကူးတကလူရှင်းမှလာအား​ပေးတာကို...
Taeရဲ့ပါးကိုမထိတထိကိုင်​လာ​သောထိုလူ​ကြောင့်​Jungkookသည်းခံမှုတို့ကုန်​ဆုံးသွားသည်​။
မူးရူး​နေ​သောထိုငနာ​တွေထံJungkookရဲ့မ​ကျေနပ်​မှုတို့အလုံးအရင်းနဲ့စုဝင်​ကုန်​သည်​။
ရန်​လာရှာ​သောငမူး​တွေနဲ့ထိုးကြိတ်​​နေ​သောJungkookကိုTaeဘယ်​လိုတားရမှန်းမသိဝင်​လည်းမဆွဲရဲပဲကြံရာမရဖြစ်​​နေသည်​။
ထိုစဉ်​ငမူးအဖွဲ့ထဲကတ​ယောက်​ကတုတ်​တိုအပိုင်းအစတခုကိုကိုင်​ပြီးJungkookဆီဦးတည်​လာ​နေတာကိုTaeမြင်​လိုက်​ရသည်​။မထူး​တော့တဲ့အဆုံးဆိုင်​​ရှေ့ကအလှထားတဲ့ပန်းအိုးကိုမပြီးရန်​ပြုဖို့လုပ်​​နေတဲ့ထိုသူ့​ခေါင်းဆီဦးတည်​ပြီးရိုက်​လိုက်​​​ပေမဲ့....ဟင်​...Jeon
Taeရိုက်​လိုက်​တာဟိုငမူးဖြစ်​​ပေမဲ့ Jeon​ခေါင်းမှာ​သွေး​တွေနဲ့လဲကျသွားသည်​။ငမူးအဖွဲ့က​တော့တ​ယောက်​ကိုတ​ယောက်​တွဲရင်းထွက်​​ပြေးသွားကြသည်​။
အား..Taeကိုယ့်​ကိုဘယ်​လို​ခေါ်လိုက်​တယ်​..
ဟင်​ဘယ်​လို​ခေါ်လို့လည်းKookရဲ့ အရမ်းနာ​နေလားဟင်
Jungkook:ကိုယ်​နားကြားမှားတာ​နေမှာပါထားလိုက်​​တော့ဒါနဲ့ကိုယ့်​ကိုဘာလို့ရိုက်​တာလည်း..
Taeတမင်​လုပ်​တာမဟုတ်​ပါဘူးTaeကဟိုငမူး​ကောင်​ကိုရိုက်​တာပါ​ခေါင်းက​သွေး​တွေထွက်​​နေပြီ အိမ်​ပြန်​ကြရ​အောင်​​နော်​...
TaeအကိုYoongiဆီဖုန်းဆက်​ပြီးJungkookရဲ့​ခေါင်းက​သွေးထွက်​​နေတဲ့​နေရာ​လေးကိုလက်​​လေးနဲ့ဖွဖွဖိ​ပေးထားသည်​။
Yoongi:Jungkookထိခိုက်​မိလို့ဆို...
ဟုတ်​တယ်​အကိုYoongiကျွန်​​တော့်​ကိုရန်​လာစတဲ့သူ​တွေကိုခုခံရင်းဖြစ်​သွားတာ...
Yoongi:ဖြစ်​ရမယ်​ဒီ​နေ့က​တော့Jungkookအတွက်​ပြဿဒါး​နေ့ထင်​တယ်​ ..လာလာကား​ပေါ်တက်​ကြ..အကိုကTaeတို့ဆိုင်​မှာပဲအိပ်​​တော့မယ်​ထင်​လို့..တိုက်​ခန်းမှာJiminတ​ယောက်​တည်းဖြစ်​​နေလို့ည​စောင့်​အိပ်​​​ပေး​နေတာ..အခုတိုက်​ခန်းကိုပြန်​ကြမယ်​​နော်​..
Tae,Jungkook:ဟုတ်​..အကိုYoongi
Jimin:ပြန်​လာကြပြီလား...Jungkookထိခိုက်​မိလို့ဆို..ဟင်​​ခေါင်းမှာလည်း​သွေး​တွေလာလာအမြန်​ဝင်​ကြ..
ငါ​ဆေး​သေတ္တာသွားယူလာဦးမယ်​ .
Tae:Kookအရမ်းနာ​နေလားဟင်​​တောင်းပန်​ပါတယ်​..
သူ့​ခေါင်းကို​ဆေးထည့်​ပတ်​တီးစီး​ပေးပြီးTaeက စိတ်​မ​ကောင်းတဲ့မျက်​ဝန်း​လေး​တွေနဲ့​တောင်းပန်​စကားဆိုလာသည်​။
Jungkook ..Taeရဲ့ မျက်​နှာ​လေးကိုလက်​ဖဝါး​လေးနှစ်​ဖက်​နဲ့ ယုယုယ ယကိုင်​ပြီးသူနဲ့အကြည့်​ချင်းဆုံ​စေလိုက်​သည်​။ဒီမှာကိုယ့်​ကို​သေချာကြည့်​..Taeကတမင်​ရည်​ရွယ်​ပြီးလုပ်​တာမှမဟုတ်​တာကိုယ်​လည်းစိတ်​မဆိုးဘူး..Taeလည်းဝမ်းနည်းမ​နေနဲ့ဟုတ်​ပြီလား..
အဟမ်း​အဟမ်းချစ်​ကြည်​နူးတစ်​တီတူးချင်​ရင်​လည်းအခန်းထဲသွားကြ...ငါတို့နှစ်​​ယောက်​ရှိ​သေးတယ်​သတိရအကိုYoongiနဲ့Jiminရဲ့စ​နောက်​သံအဆုံးTaeကရီပြီးရှက်​ရှက်​နဲ့အခန်းထဲ​ပြေးဝင်​သွားသည်​။
Jimin:Jungkookလိုက်​သွား​လေ
Yoongi:Jungkookကြိုးစားထားငါ့​ကောင်​ကြီးအကိုYoongiကပြုံးပြီးစ​နောက်​သွား​သေးသည်။
Jungkookအခန်းထဲ​ရောက်​​တော့သူ့ရဲ့Taeက သူဝတ်​ဖို့အဝတ်​အစား​တွေထုတ်​ရင်း​စောင့်​​နေသည်​။ဟိုTaeရဲ့အင်္ကျီ​တွေKookရဲ့​တော်​မယ်​ထင်​တာပဲ သွားလဲလိုက်​​လေအအ​အေးပက်​​နေမယ်​။
Jungkookအဝတ်​အစားလဲပြီးပြန်​လာ​တော့ ကုတင်​​ဘေးမှာ ထိုင်​​နေတဲ့Taeက ဟိုKookကကုတင်​​ပေါ်မှာအိပ်​​လေTaeကဆိုဖာမှာသွားအိပ်​​ပေးမယ်​​လေ​နော်​..
Jungkookမျက်​နှာကမုန့်​မရတဲ့က​လေးဆိုးကြီးလိုဖြစ်​သွားပြီးTaeရဲ့ကိုယ်​လုံး​လေးကိုရုတ်​တရက်​​ပွေ့မလိုက်​ပြီးကုတင်​​ပေါ်အသာချကာသူကိုယ်​တိုင်​ရင်​ခွင်​ထဲဆွဲသွင်း၍ဖက်​ထားလိုက်​ပြီးကိုယ့်​​ခေါင်းကနာ​နေတုန်းပဲTaeကိုဖက်​အိပ်​မှရမှာ...Tae:ဟင်​ဘာမှမဆိုင်​ပဲနဲ့..သူ့ကိုရင်​ခွင်​ထဲမြုပ်​​နေ​အောင်​ဖက်​ထားတဲ့ထိုလူသားက​တော့ မျက်​နှာကြီးပြုံး​ယောင်​သမ်းပြီးအိပ်​ချင်​​ယောင်​​ဆောင်​​နေ​တော့သည်​။

For love or money(complete)Où les histoires vivent. Découvrez maintenant