zawgyi#
**********🌷🌷🌷🌷**************
unicode#
**********************************
Yoongiတယောက်Hoseokကိုမခံချင်အောင်စနောက်ပြီးသူ့ရဲ့ကြက်ပေါက်လေးကိုခေါ်ပြီး သူတို့ရဲ့ဘဝစတည်မဲ့အချစ်တွေအပြည့်နဲ့အိမ်လေးဆီဦးတည်လိုက်သည်။
Minမင်္ဂလာကိစ္စနဲ့တနေကုန်ပင်ပန်းထားတာနားဦးလေ ဗိုက်ဆာနေပြီလားJiminieရေချိုးပြီးရင်ညစာလုပ်ပေးမယ်လေနော်...
ညစာ ကမလုပ်နေပါနဲ့ ကိုယ့်ကြက်ပေါက်လေးရယ် ကိုယ်ကဒီညကြက်သားစားမှာ..
ဟာMinနှာဘူးကြီး ဘာတွေပြောနေတာလည်းကိုယ့်ဘာသာနားနေရေသွားချိုးတော့မယ်..
ဟားဟား..ကိုယ်က အားသိပ်မရှိလို့ကြက်သားစားချင်တယ်ပြောတာပါJiminieရယ်
Jiminရေချိုးပြီးထွက်လာတော့ Minက အိပ်ခန်းထဲရောက်နေပြီ ....ကိုယ်ကောရေချိုးရမှာလား
Jimin:ချိုးရမှာပေါ့ တနေကုန်ချွေးတလုံးလုံးနဲ့လူတွေကိုလိုက်ဧည့်ခံထားရတာလေ..
Yoongi:ဟုတ်ပါပြီ..ကိုယ့်မိန်းမလေးသဘောပါဗျ..
Jimin:Minကတော့လေminnieကမိန်းမမဟုတ်ပါဘူးဆိုနော်
Minဒီကိုလာခဲ့minnieရေသုတ်ပေးမယ်...Yoongiသူ့ကိုနှုတ်ခမ်းလေးတထော်ထော်နဲ့ပြောပြီးခေါင်းကရေတွေသုတ်ပေးနေသောသူ့ရဲ့အသစ်စက်စက်သတို့သားလေးကိုကြည့်ပြီးစိတ်မထိန်းနိုင်စွာစူထော်နေတဲ့နှုတ်ခမ်းလေးကိုငုံခဲတော့ သည်။
Jimin:ဟိုလေ..Minညစာမစားတော့ဘူးလား..
Yoongi:ကိုယ်ပြောတယ်လေကိုယ်ကဒီညကြက်သားစားမှာလို့...
ချစ်သူနှစ်ဦးချစ်ကြည်နူးတစ်တီတူးဖို့ပြင်နေခိုက်...အေ့အကိုကြီးအကိုကြီးရေ..ဒီကဆော့ဆော့လေးအဖြစ်ကိုလာကြည့်ပါဦး..
ဆော့ဆော့လေးကိုလာခေါ်ပါဦး..ဒီကအကိုကြီးကိုတကူးတကလာဂုဏ်ပြုပေးတာလေ..
Yoongi:ဒီကောင်တမင်သက်သက်အကျင့်လာယုတ်တာအကြောင်းသိစေရမယ်..Minnieခဏစောင့်နေနော်Jiminieကိုယ်တို့ရဲ့ညလေးကိုဖျက်လိုဖျက်ဆီးလာလုပ်တဲ့အဲ့ငနာကိုဆုံးမဦးမယ်...
Hoseokတယောက်သူ့ကိုဖဲ့သွားသောအကိုကိုတမင်စချင်လို့အချိန်ကိုမှန်းပြီးလာခဲ့သည်...အင်္ကျီကြယ်သီးဖရိုဖရဲ မကျေမနပ်ရုပ်နဲ့အကိုYoongiကအိမ်ထဲကထွက်လာပြီးသူ့ကိုသတ်တော့မလိုကြည့်နေသည်။
ဟီးအကိုကြီးကိုလာဂုဏ်ပြုပေးတာလေ အိမ်ထဲမခေါ်တော့ဘူးလား..
Yoongi:ငါ့ညီလေးကလာဂုဏ်ပြုပေးတာဆိုတော့လည်းအကိုက ဝမ်းပန်းတသာကြိုဆိုရတော့မှာပေါ့..ဒါပေမဲ့ဒီညကအကို့အတွက်အရေးကြီးတဲ့ညဖြစ်နေတော့ငါ့ညီလေးကိုအဖော်မပြုနိုင်ဘူးအရေးကြီးတာလုပ်ရဦးမယ်ငါ့ညီလေးပျင်းနေမှာဆိုးလို့သရဲကားဖွင့်ပေးမယ်လေ...အကိုတို့အသံတွေမထွက်အောင်ငါ့ညီလေးကအသံနဲ့ဖုံးပြီးကူညီပေး..
Yoongiရဲ့စကားအဆုံးHoseokတယောက်မျက်နှာကသွေးဆုတ်ဖြူလျော်သွားပြီး..ဟိုဟိုအကိုကြီးကလည်းတကယ်တော့ညီလေးကအမူးလွန်ပြီးမျက်စိလည်လာတာပါမနှောင့်ယှက်တော့ဘူးနော်သွားပြီဟီးဟီး..
တော်တော်အနှောင့်အယှက်ပေးတဲ့ကောင်ဒါကြောင့်လည်း faဖြစ်နေတာဒီအရွယ်ထိYoongiတယောက်မကျေမနပ်ရေရွတ်ရင်းသူ့အသက်လေးစောင့်နေသည့်အချစ်တို့ရှိရာအိပ်ခန်းဆီအမြန်ဦးတည်လိုက်သည်။
အခန်းထဲရောက်တော့Jiminieကအိပ်ငိုက်နေလေပြီ...Minကစောင့်နေတာလားအိပ်ချင်ရင်အိပ်တာမဟုတ်ဘူးJiminieရယ်...
Jimin:အိပ်လို့မရလို့ပေါ့သူပဲအိပ်မရအောင်လုပ်ထားခဲ့ပြီး..
Yoongi:ဟားဟား...ဟုတ်ပါပြီကိုယ့်ကြက်ပေါက်လေးကကိုယ့်ကိုစောင့်နေတော့လည်းဒီကကြောင်ကြီးကကြက်ပေါက်လေးကိုစစားပါပြီ..
ထို့နောက်ထပ်တူကျသွားသောနှုတ်ခမ်းတစုံအချစ်တွေအပြည့်နဲ့ပုံဖော်သွားခဲ့တဲ့မင်္ဂလာဦးညလေး...
ကဲကြက်ပေါက်လေးကိုတော့ကြောင်ကြီးစားသွားပါပြီ😁
**********🌷🌷🌷🌷**************
Taeမနက်အိပ်ယာကထတာနဲ့သတိရမိတာကJeonကို
Jeonကိုသူရှာမိတော့သူချစ်ရတဲ့Jeonကသူ့ဘေးနားမှာနှစ်ခြိုက်စွာအိပ်မောကျလို့...မျက်နှာပေါ်အနမ်းတပွင့်ခြွေခဲ့ပြီး
Jeonနိုးသွားမှာဆိုးလို့ခြေသံဖွဖွနင်းက မနက်စာပြင်ပေးရန်မီးဖိုခန်းဆီဦးတည်ခဲ့သည်...
Jeonကအနုပညာဆန်သလိုစည်းကမ်းလည်းရှိတဲ့ကောင်လေးပါ ...မီးခိုခန်းကလည်းသန့်ရှင်းသပ်ရပ်နေသည်။Jeonကတိုက်ခန်းကိုတခါတလေမှပြန်လာတတ်တာဒီမှာနေနေလို့လား..Taeအတွေးတွေလွန်နေစဉ်မှာပင်သူချစ်ရတဲ့ လူသားကအနောက်ကနေပြီးTaeရဲ့ခါးကိုဖွဖွလေးဖက်၍ညင်သာစွာထွေးပွေ့ပြီး အနမ်းခြွေလာတော့Taeရဲ့ရယ်သံလွင်လွင်လေးကမီးခိုခန်းဆီမှလွင့်ပျံလာသည်။
KookနိုးလာပြီးTaeမနက်စာပြင်ထားတယ်...မျက်နှာမသစ်ရသေးရင်သွားသစ်...
Taeကိုချစ်တယ်လို့ပြောလာပြီးJeonကအတောမတတ်နိုင်သောအနမ်းတို့ကိုခြွေနေတော့ ရေချိုးခန်းဆီတွန်းပို့ရပြန်သည်။
Kookစားလို့ကောင်းလား..Jeonကယုန် သွားလေးတွေပေါ်အောင်ရီပြလာပြီးကိုယ့်TaeTaeလေးချက်ကျွေးတာအကောင်းဆုံးပဲ....ဟုတ်ပါပြီ ပြီးရင်Taeဆိုင်ဖွင့်ဖို့သွားတော့မယ်Kookဒီနေ့တိုက်ခန်းကိုပြန်ကြမယ်နော်..
Taeဆိုင်ဖွင့်ဖို့သွားရင်ကိုယ်လည်းလိုက်မှာပေါ့Taeကိုစိတ်မချဘူးကိုယ်ကTaeနောက်အရိပ်လိုတကောက်ကောက်လိုက်နေမှာ..
ချစ်သူနှစ်ဦးရဲ့အပြုံးတွေကအသက်ဝင်လျက်...TaeသာJeonရဲ့အပြုံးတွေအချစ်တွေကိုဆက်မြင်နေရဦးမယ်ဆို Jeonနားမှာအဖြူစင်ဆုံးလူသားအဖြစ်နဲ့ ဆက်နေသွားချင်ပါသည်။
Taeသိလိုက်တာကJeonက သူ့ဘဝမှာ သူ့အပေါ်မှာအကောင်းဆုံးအချစ်တတ်ဆုံးလူသားတယောက်ဖြစ်နေလို့ပဲ..သူချစ်ရတဲ့လူသားအပေါ်သူအဖြူစင်လုံးလူတယောက်ပဲဖြစ်ချင်ပါသည်။
**********************************
ESTÁS LEYENDO
For love or money(complete)
FanficTaekookerတယောက်မို့Taekook versionလေးဖန်တီးဖြစ်တာပါ မူရင်းဇာတ်လမ်းကတော့ မင်းသားRainနဲ့မင်းသမီးLu Yee Feiတို့ရဲ့ For love or moneyဆိုတဲ့normalအချစ်dramaဇာတ်ကားလေးပါ ဇာတ်ကားကြည့်ရင်းTaekookကိုမျက်လုံးထဲမြင်ယောင်လာလို့ဇာတ်လမ်းလေ...