အပိုင်း~(၉)~၂။ ကမောက်ကမဖြစ်သွား

691 63 5
                                    

🌻မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး🌻

အပိုင်း~(၉)~၂။ ကမောက်ကမဖြစ်သွား

မြင်းလှည်းမောင်းသူက မျှော်လင့်ချက်မဲ့စွာဖြင့် ပြောလာသည်ကား။
"မြင်းလှည်းဘီးတွေ ကျိုးသွားပြီ။ကျွန်တော်တို့ ဒီထက်ပိုပြီး ဘယ်လိုမှ သွားလို့ရတော့မှာ မဟုတ်တာ သေချာတယ်"

ထိုသို့ဖြစ်လာတော့ သူတို့ မြင်းလှည်းပေါ်က ဆင်းရုံတမယ်သာရှိပါတော့တယ်။ကံအားလျော်စွာဖြင့် သူတို့က လက်ဝတ်ရတနာဆိုင်နဲ့ သိပ်ပြီးမဝေးတော့ဘဲ( ၁၅)မိနစ်လောက် လမ်းလျှောက်ရုံလေးပဲ ဝေးတော့တယ်။

သူတို့ထဲက ကျန်တဲ့သူတွေက မြင်းလှည်းဝင်ကျုံးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ချေ။သို့သော် ထိုအဖြစ်ပျက်က ရှဲ့ရုန်၏မျက်ခုံးတွေကို တွန့်ကျိုးသွားစေခဲ့သည်။

လမ်းက ဒီလောက်ကျယ်ဝန်းနေပုံကိုထောက်ရှုရလျှင်🤔

     ဘာကြောင့် သူတို့မြင်းလှည်းကို ဝင်တိုက်မိရတာလဲ??။။

ရှဲ့ကျန့်၏ လက်တွေကို ဆုပ်ကိုင်ထားလိုက်ပြီး သူမက ရှဲ့ရုန်နဲ့နီးကပ်လာပြီဆိုမှ ပြောလာသည်ကား။
"ရတနာလေး ကိုကြီးနား ကပ်လိုက်ခဲ့နော်"

ထိုသို့စိုးရိမ်ဖွယ်ဖြစ်ရပ်အား ကိုယ်တွေ့ကြုံလိုက်ရပြီးနောက် ရှဲ့ကျန့်က ပို၍ပင် စကားနာထောင်လာပြီး သူမအစ်ကိုကြီးနောက်ပါးမှ နီးကပ်စွာ လိုက်ပါလာခဲ့တော့သည်။
"ကိုကြီး ဘာလို့ ခဏနေက လူတွေက ညီမတို့မြင်းလှည်းကို ဝင်တိုက်သွားရတာလဲဟင်"

ရှဲ့ကျန့်နည်းတူစွာပင် ရှဲ့ရုန်သည်လည်း ထိုအရာကို သဘောမပေါက်နိုင်ခဲ့ပေ။ထို့ပြင် ဒီအခြေနေက အန္တရာယ်ရှိလှတာမို့ စိုးကြောက်နေခဲ့၏။သူ့ညီမလေး စိတ်ထိခိုက်မှု ဖြစ်သွားမှာစိုး၍သာ။မဟုတ်ရင် သူ သူမလေးကို ချက်ချင်းအိမ်ပြန်ခေါ်သွားခဲ့မိမှာ။

သူမကို စိတ်မပူ‌စေဖို့ဖို့ ရှဲ့ရုန် ဖြောင်းဖြပေးရ၏။
"သတိမထားမိလိုက်လို့ ဖြစ်တာနေမှာပါ"
"အဲ့လိုကိုး"
ရှဲ့ကျန့်က ဆက်ပြီး မေးမြန်းခြင်း မပြုလာတော့ချေ။

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now