အိမ်နီးချင်းဖြစ်တဲ့လီအိမ်တော်က မနက်ထိတိုင် တစ်ချိန်လုံး မီးတွေလင်းနေဆဲပင်။အနည်းငယ်ပဲ စိတ်အနှောင့်ယှက် ဖြစ်ရသည့်တိုင် သူမအိပ်မပျော်နိုင်ခဲ့ပေ။ခရီးစဉ်တစ်လျှောက်လုံး
သူမကောင်းကောင်း အိပ်မပျော်နိုင်ခဲ့ချေ။ ချင်းကျိုးထိတိုင် ရှည်လျားကြမ်းတမ်းတဲ့ ခရီးကိုသွားခဲ့ပြီးနောက် သူမနောက်ဆုံးတော့ ကောင်းကောင်း အနားယူနိုင်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိသည်။ ညတစ်ဝက်တိုင်တိုင် သူမအိပ်မပျော်နိုင်ခဲ့ပဲ အိပ်ယာထဲမှာ မရပ်မနား လူးလိမ့်နေရလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်ကူးထဲပင်မရှိခဲ့ချေ။
အရုပ်လေးတွေနဲ့တူသည့် ကလေးမလေးနှစ်ယောက်က အိပ်ယာတစ်ခုထဲတွင် အတူ အိပ်ကြသည်။ ပြီးတော့ ရှဲ့ရွှင်က ရှဲ့ကျန့်၏လက်ကို ခိုကိုးရာမဲ့စွာ ဆုပ်ကိုင်လိုက်ပြီး အသနားခံလာသည်။"မမရေ ငါပင်ပန်းနေပြီ"
ထို့နောက် ရှဲ့ကျန့်က ဟိုဟိုဒီဒီ သိပ်မလှည့်တော့ဘဲ သူမမျက်လုံးတွေကို တစ်ညလုံး တောက်လျှောက် တင်းကျပ်စွာ မှိတ်ထားလိုက်သည်။သို့သော် မိုးသောက်ယံရောက်မှသာ ပြတ်တိပြတ်တောင်း အိပ်စက်နိုင်ခဲ့သည်။
အခြားတစ်ဖက်မှာတော့ ရှဲ့ရွှင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး
မနက်စောစောနိုးလာခဲ့သည်။အမဖြစ်သူ အိပ်နေဆဲဖြစ်နေတာမြင်တော့ သူမကို နိုးချင်တာကြောင့် သူမ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ထိုအခိုက် အစေခံ မိန်းမပျိုရွှမ်းယွီက သူမကို ဟန့်တားလိုက်သည်။"မနေ့တုန်းက ဒုတိယသခင်မလေးက ညဉ့်နက်တဲ့အထိ နေခဲ့တာ။ တတိယသခင်မလေး ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပေးပါ။ ပြီးတော့ ဒုတိယသခင်မလေးကို မနှောင့်ယှက်ပါနဲ့။ သခင်မလေး လုပ်မယ်ဆို ဒီအစေခံက သခင်မကြီးဆီ ခေါ်သွားရပါလိမ့်မည်"
ရွှမ်းယွီက လန်းချန်ယွီ မြို့တော်မှ ခေါ်ယူလာသည့် အစေခံလေးပါ။
သူမက အစထဲက ရွှမ်းရန်နှင့်အတူခေါ်လာသည့်လန်းအမျိုးသမီး၏
ကိုယ်ပိုင်အစေခံတွေထဲက တစ်ယောက်။ချင်းကျိုးကို ရောက်ပြီးနောက်ပိုင်းမှသာ ရှဲ့ကျန့်နှင့်ရှဲ့ရွှင်ကို သူမကိုယ်စား စောင့်ရှောက်ရန် လန်းအမျိုးသမီးက အထူးတလည် စီစဉ်ပေးခဲ့သည်။အခြားအစေခံတွေက ငယ်လည်းငယ်လွန်းတယ် ပြီးတော့ ရင့်ကျက်မှုကလည်း မရှိသေးသလို သင့်တင့်လျောက်ပတ်တဲ့ ကိစ္စတွေကိုလည်း ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ သူမစိုးရိမ်ခဲ့တာကြောင့်ပင်။
YOU ARE READING
မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး
Romanceကလေးဘဝတည်းက သူတို့တွေဟာ အိမ်နီးချင်းတွေဖြစ်ကြတယ်။ ရှဲ့ကျန့်က လီယွိကို အမြဲအနိုင်ကျင့်ခဲ့တယ်။ မိန်းကလေးတစ်ယောက်လိုလှပတယ်လို့ဘယ်သူပြောခဲ့တာလဲ။ နှစ်များစွာခွဲခွာပြီးတဲ့နောက် သူတို့တွေ မြို့တော်မှာ ပြန်တွေ့ခဲ့တယ်။ ရှည်လျားတဲ့အရပ် နှင့် သူရဲကောင်းဆန်ဆန်...
