လန်းအမျိုးသမီးကသူမသမီးတွေအတွက်အလားလာရှိသည့်
ခင်ပွန်းလောင်းကို ရှာဖွေဖို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်ပေ။သို့သော် ကျန်တဲ့လူအုပ်ကြီးထဲကနေ သူတို့ ထင်ပေါ်နေဖို့ အလိုမရှိဘူးလို့တော့ မဆိုလိုချေ။
အဆုံးမှာတော့ သူတို့ အမတ်တင်းအိမ်တော်အနေဖြင့် မျက်နှာပျက်စေလို့တော့ ဘယ်ဖြစ်မလဲလေ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှဲ့ကျန့်နှင့်ရှဲ့ရွှင်က လတ်တလောကပင် သူတို့အတွက် အဝတ်အစားတွေ ချုပ်ထားခဲ့တာ။ထို့ပြင် ဒီအထည်တွေက မြို့တော်က အရည်သွေးကောင်းသည့်ဖဲကို ဝတ်ယူခဲ့တာမို့ ချင်ကျိုးက လူကုံထံတျွေတာင် ဝယ်လို့ကနိုင်မှာ မဟုတ်ဘူး။အထည်အလိပ်တစ်ခုကိုသုံးပြီး ဝတ်စုံနှစ်စုံ ချုပ်လို့ရနိုင်တယ်။ထို့ပြင် ကလေးမလေးတွေ စမ်းဝတ်ကြည့်သည့်အခါ သူတို့နဲ့ တကယ်ကို လိုက်ဖက်နေတယ်။ထိုမှတစ်ပါး သူမက ရှဲ့ကျန့်ကို သန္တာရောင် ချယ်ရီပန်းများဖြင့် ပုံဖော်ထားသည့် အနီရောင်စကပ်ကို ပေးခဲ့ပြီး ရှဲ့ရွှင်အတွက်တော့ အစိမ်းဖျော့ရောင် ဂါဝန်ကို ရွေးချယ်ပေးလိုက်၏။သူတို့တွေ အဝတ်ဝတ်ဆင်ပြီးနောက် အစေခံမိန်းမပျိုနှစ်ယောက်နှင့်အတူ သွားခဲ့၍ တစ်အိမ်လုံးလည်း လင်းထိန်နေတော့သည်။
လန်းအမျိုးသမီးမှာ ရှဲ့ရုန်နဲ့လိုက်ဖက်သည့် မိုးပြာရောင် အမျိုးသားဝတ်စုံလည်း ချုပ်ထားတယ်။သူတို့အားလုံးက သူမကို ချစ်ခင်မြတ်နိုးကြသည့်အတွက် သူမက သူတို့ကို တန်းတူရည်တူပဲ ဆက်ဆံလေ့ရှိတယ်။
သူမမှာ ရှဲ့ရုန်အတွက် လိုက်ဖက်မဲ့ဝတ်စုံ ရှိမနေခဲ့ရင်တောင် သူက ဘယ်တော့မှ သူ၏ အဖိုးတန် ညီမငယ်လေးတွေအပေါ် သဘောထား သေးသိမ်လိမ့်မည်မဟုတ်ပေ။
ထိုအချိန်၌ ရှဲ့ကျန့်နှင့်ရှဲ့ရွှင်တို့နှစ်ယောက်လုံးက ကြေးနီရောင် စည်ပိုင်းရှေ့၌ ရပ်၍ မျက်နှာသစ်နေကြ၏။ သို့ရာတွင် သူတို့နှစ်ယောက်လုံး၏ အရပ်က စည်ပိုင်းထဲက ရေဆီလက်လှမ်းမမှီခဲ့တာကြောင့် သူတို့၏ အစေခံတွေ သစ်ပေးတာကိုပဲ ခွင့်ပြုခဲ့ရချေသည်။ရှဲ့ရွှင်က အလွန်လျင်မြန်စွာ မျင်နှာသစ်ပြီးလင့်ကစား ရှဲ့ကျန့်က ရွတ်နောက်နောက်နဲ့ သူမမျက်နှာပေါ် ရေနည်းနည်းပက်ဖျန်းလိုက်၏။ ရေပက်လိုက်စဉ်မှာပင် သူမက ရယ်ပြီးပြောသည်မှာ
"ညီမလေးက ပန်းလေးတစ်ပွင့်ပါ။ငါ့ကို ပန်းလေးကို ရေးလောက်ခွင့်ပေး"
YOU ARE READING
မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး
Roman d'amourကလေးဘဝတည်းက သူတို့တွေဟာ အိမ်နီးချင်းတွေဖြစ်ကြတယ်။ ရှဲ့ကျန့်က လီယွိကို အမြဲအနိုင်ကျင့်ခဲ့တယ်။ မိန်းကလေးတစ်ယောက်လိုလှပတယ်လို့ဘယ်သူပြောခဲ့တာလဲ။ နှစ်များစွာခွဲခွာပြီးတဲ့နောက် သူတို့တွေ မြို့တော်မှာ ပြန်တွေ့ခဲ့တယ်။ ရှည်လျားတဲ့အရပ် နှင့် သူရဲကောင်းဆန်ဆန်...
