အပိုင်း(၁)~ချင်းကျိုးသို့ရောက်ရှိခြင်း

7.7K 161 2
                                    



တစ်လလောက် စီးနင်းလာပြီးနောက် မြင်းလှည်း ဟာ နောက်ဆုံးတော့ ချင်းကျိုးမြို့၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့လေပြီ။

နွေရောက်လာတာနှင့်အမျှ သစ်ပင်ထက်၌ ပုစဉ်းရင်ကွဲတို့က အဆက်မပြတ် အော်မြည်နေလျှက်။၎င်းအသံများကို လူတို့နားထောင်စဉ် ငိုက်မျည်းလာကြ၏။

ကျုံးကျော်ရုံရှိသေး နူးညံ့ပြီး ချိုမြိန်သော အသံလေးသည် မြင်းလှည်းဆီမှ ထွက်ပေါ်လာ၏။
"အမေ...ကျွန်မတို့အခု ဒီမှာနေကြတော့မှာလား"
ရွှေပန်းထိုးထားသည့် လိုက်ကာထောင့်စွန်းကို မေ့စေးနားထိ လှစ်ဟပြောပြီးနောက် အထဲကလူက မြန်မြန်ဆန်ဆန်ပင် ပြန်ချပစ်လိုက်၏။စောစောက လိုက်ကာမချမှီ နို့နစ်ရောင် အသားရေကို လစ်ကနဲ မြင်နိုင်တယ် ။

အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာပြန်၏။
"ရတနာလေး... အများကြီးမဖွင့်လိုက်နဲ့။
ငါတို့ အိမ်ရောက်တဲ့အထိပဲ လိုက်ကာတွေကို ချထားရမယ်နော်"။

အဆိုပါ မြင်းလှည်းက ခဏမျှ တိတ်ဆိတ်သွားချေပြီ။
ထို့နောက် မြင်းလှည်းမောင်းသူက မြို့ဝင်ပေါက်ကို ဖြတ်၍မောင်းလာပြီး အဓိကလမ်းမကြီးဆီ ရောက်‌လာတော့သည်။

ချင်းကျိုးက မြို့တော်ရဲ့ သာယာဝပြောမှုနှင့်စည်ကားမှုတို့ကို မယှဉ်နိုင်ပေ။ ဘာလို့ဆိုတော့ ၎င်းက သေးငယ်တဲ့မြို့လေးဖြစ်ပြီး လမ်းတွေကလည်း ကျည်းလွန်းတာကြောင့်ပင်။ လမ်းပေါ်မှာ မြည်းလှည်းနှစ်စီး မောင်းသည့်အခါ ပိတ်ဆို့မှုတချို့တော့ ရှိခဲ့မှာ သေချာသလောက်ပင်။အတော်လေး လှည့်ပြီး‌မှသာ သူတို့က နေရာမှ အောင်အောင်မြင်မြင် ထွက်ခွာနိုင်ခဲ့ချေပြီ။
မြို့၏ တောင်ပိုင်းကို ရောက်ရှိလာပြီးနောက် မြင်းလှည်းတွေဟာ နည်းသထက်နည်းလာချေပြီ။
အကြောင်းမှာ မှူးမတ်တွေနဲ့ ဂုဏ်းထူးဂုဏ်ရှိန်မြင့်မားသူတွေက တောင်ဘက်တွင်အများဆုံးနေထိုင်တာကြောင့် သာမန်လူများ မလာဝံကြပေ။

မြစ်ကမ်းနှစ်ဖက်ဘေးမှာ ကြီးမားစွာပေါက်နေသည့် များပြားသော မိုးမခပင်များက အပူရှိန်ကို အရိပ်အာဝါသရစေသည်။မြင်းလှည်းပေါ်မှာတော့ လှပတဲ့အမျိုးသမီး တစ်ယောက်အပြင် အစေခံ အမျိုးသမီးတစ်ယောက် နှင့် ကလေးငယ် သုံးယောက်ပါလာ၏။ မြင်းလှည်းက သူတို့အားလုံးဝင်ဆံနိုင်လောက်အောင် နေရာအလုံလောက်ရှိနေ၏။
ကလေးငယ်သုံးယောက်က အိပ်ပျော်နေချေပြီ။
တစ်ယောက်က ယောကျာ်းလေးဖြစ်ပြီး ကျန်နှစ်ယောက်က မိန်းကလေးတွေ။ စောစောက စကားပြောတဲ့တစ်ယောက်က ထိုနှစ်မှာ အသက်ငါးနှစ်ရှိပြီဖြစ်သည့် ရှဲ့ကျန့်။

 မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေးWhere stories live. Discover now