🌻မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး🌻
~အပိုင်း(၉)~ကမောက်ကမဖြစ်သွား
ဘယ်လိုလုပ်ပြီး အဲ့ဒါက ဒီငနဲမလေး ဖြစ်နေရပြန်တာလဲ
လီယွီသည် လိုက်ကာကို ဆွဲမလိုက်ပြီး ကောင်းရွှင်အား မေးလာသည်ကား။
"မင်းစောင့်နေတယ်ဆိုတဲ့ တစ်ယောက်က သူမလား?"ကောင်းရွှင်က လီယွီရှဲ့ကျန့်အပေါ်ထားတဲ့ အမြင်ဆိုးဆိုးတစ်ခုရှိနေခဲ့မှန်း သဘောမပေါက်ခဲ့လေတော့ သူက စိတ်အားထက်သန်စွာဖြင့် ခေါင်းကိုငြိမ့်၍ဆိုလာသည်။
"အာ...မနေ့က ငါနဲ့တွေ့ဖို့ သဘောတူထားတာ သူမပဲလေ။နောက်ပြီး ငါမင်းကိုပြောဖို့ မေ့သွားတယ်ကွာ။မင်းစိတ်မဆိုးလောက်ပါဘူးနော်။ဟုတ်တယ်မလား"သူစိတ်မဆိုးဘဲ ဘယ်နေမလဲ??😑 သူ အရမ်းအရမ်း စိတ်ဆိုးတာပေါ့။
လီယွီမျက်နှာပျက်ယွင်းသွားပြီး ထွက်သွားဖို့ ပြင်လာသည်။
"မင်းတို့နှစ်ယောက် အတူကစားလို့ရတာပဲ။ငါတော့ အိမ်ပြန်တော့မယ်"ကံမကောင်းစွာဖြင့် သူခြေလှမ်းနှစ်လှမ်းသာ လှမ်းလိုက်ရုံနဲ့ ကောင်းရွှင်၏ ပြန်ဆွဲခေါ်ခြင်းကို ခံရလေ၏။
"ဘာလို့ မင်းအခု ပြန်သွားနေမှာလဲကွာ။ငါဦးလေးနဲ့ဒေါ်လေးကို ကတိပေးထားတယ်လေ။ဒီနေ့ မင်းကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်လို့။မင်း ငါအနားမှာမရှိတုန်း တစ်ခုခုသာ ဖြစ်ပျက်ခဲ့ရင်တော့..."အစက လီယွီ၏မိဘတွေက ကောင်းရွှင်နှင့်သူ့ကို အပြင်ထွက်ခွင့်ပေးဖို့ ခွင့်မပြုခဲ့ပေ။တကယ်လို့ သူတို့နှစ်ယောက်လုံး ခပ်ဆိုးဆိုးနဲ့တဇွတ်ထိုးဆန်လို့ ပြသာနာတစ်ခုခု သာပေါ်လာခဲ့ရင် အဲ့ဒါကို သူတို့ဘာသာကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လိုလုပ်တတ်နိုင်မှာတဲ့လဲ?။
လမုန့်ပွဲတော်နေ့မို့ ၎င်းနဲ့ဆက်စပ်၍ ကောင်းရွှင်နဲ့လိုက်ပါဖို့ အစေခံတွေ အများကြီး ခေါ်လာခဲ့၏။ထို့ကြောင့်ပင်
လီယွီမိဘတွေကတော့ သူတို့အပြင်အတူတူထွက်ကြဖို့ အင်တင်တင်နဲ့သာ သဘောတူလိုက်ရ၏။ထို့ပြင် ဒီမှာကမြင်းလှည်းက တစ်စီးပဲရှိနေတာ။ဒီလိုဆိုမှတော့ လီယွီဘယ်လိုလုပ် အိမ်ပြန်လို့ ရတော့မှာပါလိမ့်??သူအိမ်ပြန်လမ်းမှာ ပြန်ပေးဆွဲခံရရင်ကော🙁😪...
![](https://img.wattpad.com/cover/241497384-288-k798290.jpg)
YOU ARE READING
မင်းသားလေး၏ ချစ်စရာကောင်းသော ဇနီးလေး
Romanceကလေးဘဝတည်းက သူတို့တွေဟာ အိမ်နီးချင်းတွေဖြစ်ကြတယ်။ ရှဲ့ကျန့်က လီယွိကို အမြဲအနိုင်ကျင့်ခဲ့တယ်။ မိန်းကလေးတစ်ယောက်လိုလှပတယ်လို့ဘယ်သူပြောခဲ့တာလဲ။ နှစ်များစွာခွဲခွာပြီးတဲ့နောက် သူတို့တွေ မြို့တော်မှာ ပြန်တွေ့ခဲ့တယ်။ ရှည်လျားတဲ့အရပ် နှင့် သူရဲကောင်းဆန်ဆန်...