©𝙳𝚊𝚍𝚍𝚢♡ 𝙾𝚛 𝑫𝑨𝑫𝑫𝒀♥~2(Unicode)

1.3K 139 23
                                    

ဒီနေ့ကဟိုအဆိုးလေးကို သက်သေပြရမယ့်နေ့။
မပြနိုင်ရင်သေချာတယ် အနားမှာ တောက်တဲ့လို စူပါဂလူးလို
ကပ်နေမှာကို ငါလေးမြင်ယောင်နေပြီ ဟူး။
အကူအညီတောင်းထားတဲ့သူကလဲ လာမယ်လဲမဟုတ်
မလာဘူးလဲမဟုတ် သူအဆင်ပြေရင်လာခဲ့မယ်ဆိုတော့
သူမလာရင်ငါဘ၀ပျက်မှာမမြင်ဘူး။

ဒေါက် ဒေါက်

ဘယ်သူလဲ ၔကန္တ.......!

"မင်းလုပ်မယ့်အလုပ်ကသိပ်တော့ပုံမလာဘူးနော်
Kim Tae hyung "

"yoongi hyung!! "

ပျော်ရွှင်မှုနဲ့အတူ ပြေးဖက်မိတော့ ကိုယ်လုံးသေးသေးလေးက ယိုင်တောင်ထွက်သွားသည်။

"အော် ငါကျိုးကြေကုန်တော့မှာပဲ ဘယ်လိုတွေတောင်ဖြစ်နေတာလဲ "

ဖက်ထားရာကနေ မျက်နှာချိုသွေးကာ သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ဖြီးပြရသေးသည်။

"ဟီး ပျော်သွားလို့ပါ hyung  ရဲ့ လာမည်မို့မထင်ထားပေမယ့် ကိုယ့်ညီလေးကို ပစ်မထားရက်ဘူးဆိုတာ သိနေတယ်လေ "

"တော်စမ်းပါ "

ကိုယ့်ကိုကျော်ကာ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်နေတဲ့ hyung  ကသိပ်ကိုလှတယ်။
ဟိုကောင်လေးက ချစ်စရာကောင်းပြီးလှတယ်ဆိုရင်
Hyungက တည်ကြည်နူးညံ့ပြီး  အသေလှတာ။
၀တ်ထားတဲ့အဖြူလေး လိုပဲ အသားလေးကလဲနှင်းလိုဥပြီး
ဖွေးနေရော။  ဒါကြောင့်မို့ ကလေးသာသာဟိုကောင်လေးနဲ့ ယှဉ်ရင် အကြီးကြီးသာနေတာမလို့ ဟိုကလေး
လက်လျှော့သွားလောက်တယ်။

ရှေ့ကလက်ဖက်ရည်ခွက်ကို  အသာယူကာ နှုတ်ခမ်းနား
တေ့ကာ အရသာခံနေပုံကသိပ်ကို ကဗျာဆန်တာ။
ကိုယ်မကြိုက်ခဲ့ဘူးပြောရင် လိမ်ရာကျမယ်။
ရင်တော့ခုန်ခဲ့ဘူးတယ် ။ဒါကလဲ စိတ်ကစားရုံသက်သက်ပါ ။
ဒီလောက်လှတာ ဘယ်ကောင်ကမကြိုက်ပဲနေမလဲ။

"အဲ့ကလေးကဘယ်လောက်တောင်ဆိုးနေလို့ ငါ့ကိုအကူအညီတောင်းရတာလဲ "

"တော်တော်ဆိုးလို့ပေါ့ hyung  ရာ  ဟိုဘက်တောင်
ပြန်ပြေးချင်မိပါတယ်ဆို ရက်ရက်စက်စက်ကြီး
ငြင်းပစ်ရအောင်လဲ ကိုယ့်အသိ ကလေးဆိုတော့
တကယ်အားနာရတယ်လေဗျာ "

Vᴏᴘᴇ  Dʀᴇᴀᴍʟᴀɴᴅ☘ (𝙾𝚗𝚎 𝚂𝚑𝚘𝚝𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗)Nơi câu chuyện tồn tại. Hãy khám phá bây giờ