®Lᴏᴠᴇ's Eᴠɪᴅᴇɴᴄᴇ Bʏ Dᴀғғᴏᴅɪʟ(Zawgyi)

402 30 8
                                    

Greece နိုင်ငံတော်ရဲ့ ခမ်းနားကြီးကျယ်မြင့်မြတ်လှတဲ့
နန်းတော်ကြီးအလယ်မှာ တိုင်းပြည်ရဲ့ ရှင်ဘုရင်သည်
အကြောင်းအရာတစ်ခုအား အသည်းအသန်တွေးတော နေတော့သည်။ အလိုမကျမှုကြောင့် သူ့မျက်ခုံးတွေဟာလဲ
တွန့်ချိုးနေမယ်ဆိုတာ အရှင်းသား.........

"သေချာပြီလား Zane "

"မှန်လှပါ အရှင် "

Zane ဆိုတဲ့
Kim Tae hyung ......

Greece နိုင်ငံတော်ရဲ့ Sir ဘွဲ့ရစစ်သူကြီးချုပ်...
တော်လဲတော်သလို ထက်မြက်လွန်းလှတဲ့ သူကြောင့်
ဒီနိုင်ငံတော်ဟာ စစ်ရေးစစ်ရာမှာ လှည့်ကြည့်စရာမလိုလောက်အောင် ပြည့်စုံလွန်းသည်။

သန်မာတဲ့ကြွက်သားတွေ တောင့်တင်းတဲ့ ခန္ဓာကိုယ်နဲ့အတူ
ပျိုမဒီတွေရဲ့ အသဲနှလုံးကိုအပိုင်စားရထားတဲ့သူ။
"နတ်ဘုရားရဲ့အလေးပေးခြင်းကိုခံရတဲ့သူ "လို့ တောင်
သတ်မှတ်ထားတာကြောင့် Zane ဆိုတဲ့ နာမည်နဲ့
ပေးခံထားရပြီး သိပ်ကိုလိုက်ဖက်ညီလှသည်။

"အင်း တကယ့်ကို ကျွန်ုပ်အတွက် စဉ်းစားရခက်စေတယ်
Zane ဘာအတွက်ကြောင့်များ ရာထူးကနေ
ရပ်နားပြီး အနားယူချင်ရသလဲ "

ထိုသို့ပြည့်စုံနေတဲ့သူက အနားယူမည်ဟု ဆိုလာတဲ့အခါ
ရှင်ဘုရင်တစ်ပါး အနေနဲ့ ခေါင်းမီးတောက်ရပြီလေ။
တိုင်းပြည်ရဲ့ ရတနာတစ်ပါးကို လွယ်လွယ်နဲ့ အရှုံးခံပါ့မလား။

"ကျွန်တော့်မျိုးရဲ့အသက်ကလဲ ကြီးလာပါပြီ အရှင်
အသက် 16နှစ်ထဲက တိုင်းပြည်တာဝန်ထမ်းဆောင်
လာခဲ့တာအခုဆို40ကျော်ရောက်ပြီဖြစ်တယ့်အတွက်
လုံလောက်ပြီလို့ ယူဆမိပါတယ် နောက်ဆုံးထွက်သက်ထိ
မလုပ်ဆောင်နိုင်သည့်အတွက် အရှင် ခွင့်လွှတ်တော်မူပါ "

"ဟင်းးးး မင်းဟာက ဇွတ်ပါလားကွယ် ကဲ
ပြောမရလဲ သဘော ဒီနေ့ကစပြီး စစ်သူကြီးချုပ်
Zane သည် ဤနန်းတော်၏ ကိစ္စရပ်များနှင့်
မသက်ဆိုင်တော့ပါ သာမန်အရပ်သား
တစ်ယောက်အနေဖြင့် လွတ်လပ်စွာ နေစေ !!!"

"ကျေးဇူးကြီးမားလှပါတယ် အရှင် "

ရှင်ဘုရင်အား တစ်ချက်ဦးညွှတ်ရင်း အဆင်တန်ဆာ
များအား ချွတ်ကာ သာမန်အရပ်သား ၀တ်စုံဖြင့်
ထွက်ခွာသွားသူသည် သူ၏ လွတ်လပ်မှုက
လက်ကမ်းကြိုနေသည်အလား ပေါ့ပါးစွာ
ထွက်ခွာသွားလေပြီ။

Vᴏᴘᴇ  Dʀᴇᴀᴍʟᴀɴᴅ☘ (𝙾𝚗𝚎 𝚂𝚑𝚘𝚝𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗)Where stories live. Discover now