Happy Birthday (Unicode)

767 90 17
                                    

မွေးနေ့ဆိုသောအရာ ...

ကလေးငယ်ငယ်ဘ၀တုန်းက အမြန်လူကြီး
ဖြစ်ချင်တာမို့ အမြန်ကျရောက်ဖို့ မျှော်လင့်ခဲ့ရတဲ့
မွေးနေ့တွေ ...

အခု အသက်အရွယ်ရှိလာပြန်တော့လဲ
အိုမင်းလာမှာဆိုးလို့ မလိုချင်တော့ပြန်ဘူးဆိုတဲ့
မွေးနေ့တွေ ...

ကျွန်တော်က ၂၀ကျော်လူငယ်လေး တစ်ယောက်မို့
အချိန်တွေကိုရပ်ပြစ်ချင်နေတဲ့ မွေးနေ့ကို
မလိုလာသူလေးတစ်ယောက်ဆိုပေမယ့်
တစ်စုံတစ်ခုသော အကြောင်းအရာလေးကြောင့်
မွေးနေ့ကို မျှော်လင့်နေသူလေးပါ

အဲ့တာက ...

••••••••••••••

11 : 55 PM

မျှော်လင့်ခြင်းကြီးစွာနဲ့ တစ်စုံတစ်ယောက်ကို
ဖုန်းထဲကနေ စောင့်မျှော်နေသူ ...

February 17 ရက်နေ့က အဲ့လောက်ထိ
စိတ်လှုပ်ရှားစရာကောင်းမှန်း မသိခဲ့လေဘူး ။

ကျွန်တော်လုပ်နေတာတွေက may be
အပိုတွေပါကွာလို့ ပြောလဲပြောချင်လောက်ပါရဲ့

ကိုယ့်ရည်းစားချစ်သူကို ရင်တထိပ်ထိပ်နဲ့
မျှော်လင့်နေရတယ်တဲ့ ။

မှန်ပါတယ် ကျွန်တော် Jung Hoseok က
Kim Tae Hyung ဆိုတဲ့
ကိုကို လူဆိုးကြီးကို မျှော်နေတာ ...

11: 59: 55 စက္ကန့်

56

57

58

59

60

...ဒင် ...

ဖုန်းထဲကို အဆက်မပြတ်၀င်ရောက်လာတဲ့
Message တွေကြား ကျွန်တော် ချစ်ရသူကို
လိုက်ရှာနေမိသည်။

သူငယ်ချင်းတွေ မိတ်ဆွေတွေ အပေါင်းသင်းတွေ
ခင်မင်ရင်းနှီးသူတွေ အားလုံးအားလုံးကြား ..

အချိန်အတော်ကြာ ရှာဖွေပြီးနောက်

လက်ကဖုန်းကို စိတ်ပျက်အားလျော့စွာ
ကျွန်တော်ချလိုက်ပြီး အိပ်ယာပေါ်သို့
အပုံလိုက် ပစ်လဲလိုက်မိသည်။

စာပို့သူတွေကြား ကိုကိုမပါလာခဲ့ဘူး ။

Happy Birthday ပါလို့ စာတိုလေးတောင်
ကိုကိုမပို့ခဲ့လေဘူး ဘာကြောင့်လဲ ကိုကို ?

Vᴏᴘᴇ  Dʀᴇᴀᴍʟᴀɴᴅ☘ (𝙾𝚗𝚎 𝚂𝚑𝚘𝚝𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗)Tahanan ng mga kuwento. Tumuklas ngayon