"အင်း....တကယ့်ကို script writer ကောင်း
တစ်ယောက်ဆိုတာ မပြောပြတောင် သိသာနေတာပဲ ""ကျေးဇူးတင်ပါတယ် "
"ဒီလိုဇာတ်ကောင်မျိုးကို မင်းလိုလူကလွဲ
ဘယ်သူကရေးနိုင်အုံးမှာလဲ "ရေးသားထားတဲ့ စာရွက်တစ်ရွက်ချင်းစီကို
ဖတ်လို့ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် pd ကြီးက
ချီးမွှန်းနေလေသည် ။"မဟုတ်တာတွေ မြှောက်လွန်းနေပါပြီ"
အဆုံးထိဖတ်ရှုနေရင်းကခေါင်းတစ်ငြိမ့်ငြိမ့် တစ်ပြုံးပြုံးနဲ့မလို့ အနည်းငယ်တော့ စိတ်သက်သာရာရသွားတယ်လို့ပြောရမယ် ။ ဘယ်လိုပဲ နေရာတစ်ခုရထားပြီးသားလူဖြစ်ဖြစ် အလုပ်အပေါ်မှာတော့ လောဘကြီးပြီး အမြဲတမ်းတိုးတက်နေစေချင်တာ
မလို့ တစ်ခုခုလိုအပ်နေမှာကို ကြောက်ရမိပြန်တယ်။"အကောင်းဆုံးပဲ ငါသဘောကျတယ် "
"Pdကြီး"
"ဟမ်?"
"အလုပ်လေးပါလေးလျော့လုပ်ပါအုံးဗျာ ဆေးရုံထိ
အလုပ်ကြိုးစားနေတာမဟုတ်သေးဘူးမလား "ကျွန်တော့်ပြောစကားကြောင့် Pdကြီးက ဆေးသွင်းလျက်ကနေ ရှက်ရွံ့သဖွယ် တစ်ဟားဟားရယ်သည်။
တစ်ခါတစ်လေ ဒီလိုလူတွေနဲ့ တွေ့ဆုံအလုပ်လုပ်နေရတဲ့ ကျွန်တော့်အဖို့ အခုလိုမျိုး ကြိုးစားနေတယ်ဆိုတာ ဆန်းတော့မဆန်းပါဘူးလေ ။
အခုတော့လူနာလာမေးရင်းကနေ အလုပ်ပါလုပ်နေရတဲ့အဖြစ် ...."Sorry ပါ Tae Hyung ရာ ငါကလဲ အလုပ်မရှိရင်
မနေတတ်တဲ့သူမလို့ မင်းကိုအပူကပ်နေရတာ အခုလိုမျိုး တကူးတကလာပြီးအလုပ်လုပ်ပေးတာ
ကျေးဇူးအရမ်းတင်တယ်ကွာ ""မလိုပါဘူးဗျာ အချင်းချင်းတွေပဲ "
သိမ်းစရာရှိတာသိမ်းပြီး ပြန်ဖို့လုပ်နေတုန်း
Pdကြီးကပြုံးစစနှင့် ဆိုသည်။"တော်ကြာ ငါ့ကြောင့်နဲ့ ချစ်သူလေးနဲ့အတူကုန်ဆုံးရမယ့်အချိန်တွေ လျော့ကုန်မှာဆိုးလို့ပါကွ "
"Pdကြီး ရန်စတာလား ဒီလိုတွေအလုပ်ရှုပ်နေတာ
ဘယ်နားကရည်းစားက ထားဖို့အချိန်ရှိမလဲ မဟုတ်ရင်လဲ ကျွန်တော့်ကို ထားသွားတာကြာပြီ "
YOU ARE READING
Vᴏᴘᴇ Dʀᴇᴀᴍʟᴀɴᴅ☘ (𝙾𝚗𝚎 𝚂𝚑𝚘𝚝𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗)
Fanfictionယုံကြည်ရာလေးအတွက် ❤💚 ☘𝒘𝒓𝒊𝒕𝒕𝒆𝒏 𝒃𝒚 𝑬𝒗𝒐𝒍𝒆𝒕𝑱𝒖𝒏𝒈