'🇺 🇳 🇰 🇳 🇴 🇼 🇳 '( Unicode)

1.2K 123 29
                                    

နေ့တစ်နေ့ရဲ့မနက်တာကို လူအများစုက
နွေးထွေးနေတဲ့ မနက်ခင်းလေးနဲ့ ဖြတ်သန်းကြသော်လည်း Kimမိသားစုရဲ့အိမ်မှာတော့
နေဖင်ထိုးတာတောင် မထသေးတဲ့ ကောင်လေး
တစ်ယောက်ရှိသတဲ့..။
ဒီဘက်ကိုနေထိုးရင် ဟိုဘက်ပြောင်းအိပ်မယ်
ဒီဘက်ကိုထိုးရင် ဟိုဘက်ပြောင်းအိပ်မယ်ဆိုတဲ့
နိယာမသဘောတရားကို လက်ကိုင်ထားလို့
အိပ်ယာထဲလူးလိမ့်နေခဲ့သည်။

အိမ်မက်ထဲမှာ အချောအလှပကာသနများနဲ့
ပျော်မြူးနေလားမသိ...
နှုတ်ခမ်းစွန်းလေးက ဆွေ့ခနဲ အပေါ်ကို
ကွေးတက်သွားလေတယ်။
အရာရာဟာသူ့အတွက် လှပလို့နေတယ်...
မလှတာက...

"Kim Tae Hyung!!"

အောက်ထပ်ကနေ ထွက်ပေါ်လာတဲ့ မာတာမိခင်
ကျေးဇူးရှင်ရဲ့ အသံနက်ကြီးကြောင့် သူယောင်ယမ်း
ကာ ကုတင်ပေါ်ငုတ်တုတ်ထထိုင်မိတယ်။

"ဘာလဲ အမေရာ သူများတကာအိပ်နေရင်
အမေတို့ကစိတ်ဓါတ်ပဲ "

အမေ့ထက်မကျယ်ရင်တောင် မတိုးသောအသံနှုန်း
ဖြင့်သူအော်မိတော့ အပေါ်ထပ်ကို တက်လာပုံပေါ်တဲ့
အမေ့ရဲ့ ခြေသံတစ်၀ုန်း၀ုန်းကို ကြားရလေသည်။

အိပ်ယာပေါ်ထိုင်ပြီး ငါဘယ်သူလဲ ဘယ်ကလဲဆိုတာ
တွေးတောငိုက်မြည်းနေတုန်း အခန်းတံခါးဖွင့်ကာ
၀င်လာတဲ့အမေ..လက်ထဲမှာလဲ ယောင်းမကြီးနဲ့
ဟင်းချက်နေပုံပေါ်သည်။

ဂွက်.. အ့

အူတူတူနဲ့ကြည့်နေမိတော့ ဟင်းချက်နေတဲ့
ယောင်းမနဲ့ထုထလိုက်တာ ကြယ်တွေလတွေမြင်ပြီး
အာလူးဘူးသီးတွေထွက်ကုန်ပြီလား မသိဘူး။

"အမေ့!"

"ဘာလဲ ! ထတော့ကောင်စုတ်လေးရဲ့
ဘယ်ချိန်ရှိနေပြီလဲ တစ်ဦးတည်းသောသားလေးမို့
အလိုလိုက်မိပါတယ် ကျောင်းလဲကျောင်း
အိမ်လဲအိမ်မို့ ပြောရဆိုရခက်လိုက်တာ သွား အခု
ကျောင်းကို ကျောင်း၅ရက်ဖွင့်တာ ၄ရက်လောက်ကပျက် တတ်တဲ့တစ်ရက်ကျနောက်ကျ အေး
နင်​လုပ်နေ​လိုက်...ထ အခု​ချက်ချင်း "

သြဝါဒများ ခြွေနေသောအမေ့ကိုကြည့်ကာ
သူစိတ်အချဥ်ပင်ပေါက်လာသည်။
ညက gameဆော့တာ ညဥ့်နက်သွားပါတယ်ဆို...
ဒီကျောင်းပဲတက်ခိုင်း..သေရင်ကိုယ့်နောက်ပါမှာကျ
ဟွန့်...

Vᴏᴘᴇ  Dʀᴇᴀᴍʟᴀɴᴅ☘ (𝙾𝚗𝚎 𝚂𝚑𝚘𝚝𝚜 𝙲𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗)Where stories live. Discover now