Zawgyi
BaekHyun သားကိုအိမ်ပြန်ပို့ပြီး ကုမ္ပဏီကိုဆက်သွားခဲ့သည်.. အထက်လူကြီးနဲ့အလုပ်ကိစ္စဆွေးနွေးရန်.. Mark ကတော့သူပြောထားသည့်အတိုင်း 'Park Hotel' အားငြင်းလိုက်ပြီဖြစ်သည်.. တစ်ဖက်မှအကြောင်းပြချက်တောင်းသော်လည်း BaekHyun ၏အလုပ်လုပ်သည့်စည်းမျဉ်းကို အစကတည်းကကြိုပြောပြီးသားမို့ မိမိတို့ဘက်မှလွန်စရာမရှိ..
ကုမ္ပဏီကိုအမြဲတမ်းလာစရာမလိုသော်လည်း BaekHyun အတွက်နားနေခန်းလည်းဖြစ် ရုံးခန်းလည်းဖြစ်သည့်အခန်းလေး သီသန့်စီစဉ်ပေးထားလေသည်.. မနက်ဖြန်ကစပြီးရှူတင်ရှိတာမို့ BaekHyun ကြော်ငြာရမည့်ကုန်ပစ္စည်းအကြောင်းကို နားလည်အောင်ဖတ်ကြည့်နေစဉ်.. အနည်းငယ်စိတ်ရှုပ်သည့်ပုံနှင့်အနားကိုရောက်လာသည့် Mark က ညည်းလေသည်..
" hyung ဘယ်လိုလုပ်မလဲ သူတို့ကအတင်းတွေဖြစ်နေတယ်.. "
BaekHyun အေးဆေးစွာပဲပြန်ဖြေလိုက်သည်..
" သူတို့ကိုသေချာပြောပြီးသားမလား အဆင်မပြေရင်ငြင်းမယ်ဆိုတာ "
" ပြောပြီးသားလေ.. ဒါမယ့်သူတို့ကပြန်စဉ်းစားပေးပါလို့ပဲပြောတယ်.. တခြားဟာမရဘူး .. hyung နဲ့တိုက်ရိုက်တွေ့ချင်တယ်လို့လည်းပြောနေတယ် "
BaekHyun ဒေါသထွက်သွားလေသည်.. သူ့ရဲ့စည်းမျဉ်းကိုသိပြီးသားဆိုရင် လူမှုရေးနားလည်မှုတော့ရှိရမည်.. လုပ်ငန်းကြီးလုပ်နေတဲ့သူဆို ပိုပြီးနားလည်ရမည်..
" ဘာလို့လဲ "
ထိုစဉ် Mark လက်ထဲမှဖုန်းလေးမြည်လာပြန်သည်..
" ... ဒီမှာထပ်ဆက်လာပြန်ပြီ.."
BaekHyun ထိုဖုန်းအား Mark ဆီမှလှမ်းယူကာလက်ခံဖြေကြားလိုက်သည်..
" ဟုတ်ကဲ့ Byun BaekHyun ပြောနေပါတယ် "
"..............."
တစ်ဖက်မှအသံထွက်မလာ၍ BaekHyun စိတ်ရှုပ်စွာထပ်ပြောလိုက်လေသည်..
" hello? ဖုန်းခေါ်ပြီးရင်ပြောရမယ်မလား? "
" အဟမ်း.. Park ChanYeol ပါ "
ထိုအသံဩဩကြောင့် ရုတ်တရက် BaekHyun ရင်ထဲဒိတ်ခနဲဖြစ်သွားသည်.. သို့သော်ချက်ချင်းပဲ ပြန်တုံ့ပြန်လိုက်လေသည်..
YOU ARE READING
REGRET (2021)
FanfictionZawgyi " ဟက် .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတွဲတာ ရှင်းလား .. ကိုယ့်အဆင့်ကိုယ်သိ " - Park ChanYeol " ငါလိုလူကစိတ်နာပြီဆို သေတဲ့အထိလှည့်မကြည့်တတ်ဘူး " - Byun BaekHyun Unicode " ဟကျ .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတ...