ZawgyiBaekHyun ဒီနေ့နားရက်ဖြစ်လို့ သားသားကို မူကြိုသွားအပ်ပေးမည်.. Mark စုံစမ်းပေးထားတဲ့မူကြိုလေး '해빛' (Sunlight) .. အပြန်ကျရင် သားကိုကစားကွင်းလိုက်ပို့ပေးပြီး အတူတူဆော့ပေးမယ်လို့ သူကတိပေးထားတာမို့ Kyoongie လေးလည်းပျော်နေသည်..
သားကိုအင်္ကျီလဲပေးပြီးတော့ Omma က သားကိုမနက်စာစားဖို့ လာခေါ်သွားသည်.. ဒါကြောင့်သူလည်းရေချိုးပြီး ပြင်ဆင်ရတော့သည်..
အားလုံးပြီးတော့ အောက်ထပ်ကိုဆင်းကာ မီးဖိုထဲကိုဝင်သွားတော့ သားက စားလို့ပြီးနေပြီ.. BaekHyun သားရဲ့ဘေးမှာဝင်ထိုင်လိုက်တော့ သူ့အတွက်မနက်ကိုအိမ်ကအဒေါ်ကြီးက ပြင်ပေးလေသည်..
" သား ဒီနေ့ မြေးလေးကိုမူကြိုသွားအပ်ပြီး ပြန်လာမှာလား? "
Appa က မေးလေသည်..
" ဟင့်အင်း Appa .. ဒီနေ့ သားကိုကစားကွင်း လိုက်ပို့ပေးမယ်လို့ ပြောထားတာ.. အဲ့ဒါကြောင့် အပြန်ကျ ကစားကွင်းကိုသွားမှာ .. ဘာလို့လဲ .. Appa ခိုင်းစရာရှိလို့လား? "
BaekHyun ပြောတော့ Appa က ပြုံးပြီး ခေါင်းအသာရမ်းပြသည်..
" အော်.. မဟုတ်ပါဘူး .. အရေးတကြီးတော့မဟုတ်ပါဘူး.. သားပြန်လာမှပြောလည်းရတယ်.. အတိအကျပြောရရင် ပေးစရာလေးရှိတာ.. "
Appa နဲ့ Omma က တစ်ယောက်နဲ့တစ်ယောက် မျက်ရိပ်ပြပြီး စကားပြောနေကြသည်.. ပြီးတော့ Omma က ပြုံးပြီး Appa စကားကိုထောက်ခံသလို ခေါင်းညိတ်ပြသည်.. ဘာတွေပြောမလို့ပါလိမ့်..
" nae.. အဲ့ဒါဆို သား စောစောပြန်ခဲ့မယ်လေ "
" arni.. ရတယ်.. အေးဆေးလည်ခဲ့ကြ.. မြေးလေးလည်း အိမ်ထဲမှာချည်းပဲနေရတာ ပျင်းနေမှာပေါ.. Appa တို့က မြေးလေးအတွက် အင်္ကျီလေးတွေလည်း ဝယ်ပေးချင်သေးတာ.. မူကြိုစတက်တာ အသစ်လေးဝတ်ရမှာပေါ့ .. ဟုတ်ဘူးလား မြေးလေး "
Appa က Kyoong လေးကို မြှူနေတော့ Kyoong လေးကလည်း ရယ်နေသည်..
" သားမှာ အင်္ကျီအသစ်တွေအများကြီးရှိပါသေးတယ် Appa ရယ်.. အလကားပိုက်ဆံကုန်အောင်လို့ "
YOU ARE READING
REGRET (2021)
FanfictionZawgyi " ဟက် .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတွဲတာ ရှင်းလား .. ကိုယ့်အဆင့်ကိုယ်သိ " - Park ChanYeol " ငါလိုလူကစိတ်နာပြီဆို သေတဲ့အထိလှည့်မကြည့်တတ်ဘူး " - Byun BaekHyun Unicode " ဟကျ .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတ...