Zawgyi
* ဒေါက် ဒေါက် ဒေါက် *
" ဝင်ခဲ့ပါ "
SeHun အသံပြုပြီးပြီးချင်း တံခါးပွင့်လာကာ ဝင်လာတဲ့သူကိုကြည့်မိတော့ ChanYeol hyung ဖြစ်နေသည်.. သူ မချိုမချဉ်ပြုံးလိုက်ပြီး အစ်ကိုဖြစ်သူအား လှမ်းခနဲ့လိုက်လေသည်..
" အဟက်.. သတင်းကလည်းမြန်လိုက်တာဗျာ .. CEO Park ကိုယ်တိုင်ရောက်လာရတယ်ဆိုတော့.. အင်း.. "
ChanYeol က သူ့ကိုအရေးမလုပ်ပဲ သူ့အလုပ်စားပွဲနဲ့ ရှေ့ကဆိုဖာတွင် ခြေထောက်ချိတ်ထိုင်လိုက်လေသည်.. ပြီးတော့ သူ့ကိုပါလာထိုင်ရန် မျက်နှာချင်းဆိုင်မှခုံအား မေးထိုးပြလေတော့ SeHun ဘာမှမပြောနိုင်တော့ပဲ ခေါင်းအသာရမ်းရင်း သူ့အစ်ကိုခိုင်းသလိုလုပ်ရတော့သည်..
" ဟွန်း.. hyung က မမိုက်ပါဘူး .. သတင်းလည်းနှိုက်ချင်သေးတယ် မျက်နှာကြောကလည်း မလျှော့ဘူးဆိုတဲ့သဘောလား "
" အပိုတွေပြောမနေနဲ့ Oh SeHun.. ငါခေါင်းတွေကိုက်နေလို့ .. ပြီးတော့ မင်းကိုလည်းသိပ်ကြည်နေတာမဟုတ်ဘူးနော် "
ChanYeol ရဲ့ နဂါးမျက်စောင်းတို့နဲ့ ရင်ဆိုင်လိုက်ရတော့ SeHun နောက်တစ်ခေါက် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး ရန်စလိုက်ပြန်သည်..
" ဘာလို့လဲ.. ကျွန်တော်ဘာလုပ်မိလို့လဲ? "
" မင်းမသိချင်ယောင်ဆောင်မနေနဲ့ .. ဒီနေ့ဘာရှိလဲဆိုတာပဲ အမှန်အတိုင်းပြောလိုက် "
သူတို့နှစ်ယောက်ဟာ အသက်သိပ်မကွာတာမို့ ညီအစ်ကိုတွေဆိုပေမယ့် သူငယ်ချင်းလိုလည်းပေါင်းကြသည်.. ညီအစ်ကိုအရင်းတော့မဟုတ်ပါ.. ChanYeol အမေဘက်မှတော်စပ်သည့် ညီတစ်ဝမ်းကွဲဖြစ်လေသည်..
" ဒီနေ့ ဘာရှိလဲ .. အော်.. ဒီနေ့ ကြော်ငြာရှူတင်တစ်ခုရှိတယ်လေ.. ဘာလို့လဲ "
ထိုအချိန်ထိ SeHun မသိချင်ယောင်ဆောင်ထားဆဲ..
" အဲ့ဒီကြော်ငြာမှာ မော်ဒယ်ကဘယ်သူလဲ? "
ChanYeol စိတ်ကိုမနည်းဆွဲဆန့်ပြီး မေးလိုက်သည်..
" မော်ဒယ်? အာ.. အဲ့ဒါကြောင့်ရောက်လာတာလား.. hyung ရယ်.. နေလည်းမကောင်းပဲနဲ့.. "
YOU ARE READING
REGRET (2021)
FanfictionZawgyi " ဟက် .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတွဲတာ ရှင်းလား .. ကိုယ့်အဆင့်ကိုယ်သိ " - Park ChanYeol " ငါလိုလူကစိတ်နာပြီဆို သေတဲ့အထိလှည့်မကြည့်တတ်ဘူး " - Byun BaekHyun Unicode " ဟကျ .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတ...