Zawgyi[Past]
BaekHyun ကျောင်းထဲကိုဝင်ဝင်ချင်းပဲ အနောက်ကနေ ကပ်ပါလာသည့်လူကို သတိထားမိသည်.. လှည့်ကြည့်လိုက်တော့မှ သူခိုးလူမိသွားသလိုအပြုံးမျိုးနဲ့ ကြောင်တောင်တောင်ပြုံးပြပြီး သူ့ဘေးကိုပေါ်တင်ရောက်လာတဲ့ SeHun ရဲ့ အစ်ကိုဝမ်းကွဲဆိုသူ ..
" Annyeong ကောင်လေး BaekHyun.. ကိုယ့်ကိုမှတ်မိတယ်မလား SeHunnie ရဲ့အစ်ကိုလေ "
BaekHyun သိပ်မှတ်မိတာပေါ့.. စူးစူးရဲရဲအကြည့်တွေကို ရင်မဆိုင်နိုင်တာကြောင့် မျက်နှာပြန်လွှဲပြီး ခေါင်းညိတ်ပြလိုက်သည်..
" nae မှတ်မိပါတယ် "
သူ့ကိုစတွေ့ကတည်းက အဲ့လိုစူးစိုက်ကြည့်တတ်သည့် ကျောင်းရဲ့နာမည်ကြီး Park ChanYeol ကို သူဘာကြောင့်မသိရမှာလဲ..
" အော် တော်သေးတာပေါ့ ကိုယ်က မင်းမမှတ်မိတော့ဘူးထင်နေတာ "
သူ့ဟာသူပြောတဲ့စကားကို BaekHyun ဘာမှတ်ချက်မှမပေးပဲ ကိုယ့်အတန်းဆီကိုသာလျှောက်သွားလိုက်သည် ..
" BaekHyunee ဒီနေ့ ဘယ်အချိန် အတန်းပြီးမှာလဲ? "
ရုတ်တရက်ခေါ်လိုက်တဲ့နာမည်ကြောင့် BaekHyun ကြောင်သွားသည် ..
" nae? "
သူနဲ့ကိုယ်က အဲ့လိုခင်တဲ့ဆက်ဆံရေးမှမဟုတ်တာပဲလေ.. ရင်းရင်းနှီးနှီးသုံးနှုန်းပြီး ပြောလိုက်တာက BaekHyun အတွက် အနည်းငယ်တော့ စိတ်အနှောင့်အယှက်ဖြစ်စေသည်..
" အာ.. ဆောရီး.. ကိုယ်က SeHun သူငယ်ချင်းဆိုတော့ ကိုယ့်ညီလေးလိုပဲသဘောထားပြီး ရင်းရင်းနှီးနှီးခေါ်လိုက်တာပါ.. မရဘူးလားဟင် "
BaekHyun လှည့်မကြည့်လည်း Park ChanYeol ဆိုသူက သူ့ကိုစိုက်ကြည့်နေမှာကို အသေအချာသိနေပါသည်..
" ရပါတယ် ရုတ်တရက်ဆိုတော့ "
BaekHyun အလိုက်အထိုက်ပြန်ပြောလိုက်သည်.. စိတ်ထဲမှာတော့ တော်တော်ထူးဆန်းနေပြီဖြစ်သည်.. တစ်ကျောင်းလုံးရဲ့အသည်းကျော်က ဘာလို့သူ့အနားမှာ ဒီလိုတွေလာလုပ်နေရသလဲ ဆိုတာကိုပါ.. Park ChanYeol က မကွေးဘူးဆိုတာလည်း သူသိနေသည်.. ဒါပေမယ့်ဘာလို့လဲ.. BaekHyun ခံစားမိနေသည်မှာ တမျိုးကြီးပင်..
YOU ARE READING
REGRET (2021)
FanfictionZawgyi " ဟက် .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတွဲတာ ရှင်းလား .. ကိုယ့်အဆင့်ကိုယ်သိ " - Park ChanYeol " ငါလိုလူကစိတ်နာပြီဆို သေတဲ့အထိလှည့်မကြည့်တတ်ဘူး " - Byun BaekHyun Unicode " ဟကျ .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတ...