Zawgyi
ChanYeol သူ့ရဲ့အတွင်းရေးမှူးမှ ပြန်ပြောချက်အရ BaekHyun ဘက်က တောင်းဆိုချက်ကို လိုက်လျောဖို့ဆုံးဖြတ်လိုက်တော့သည်.. ဒီအချိန်မှာ BaekHyun ထံမှ ဘယ်လိုတောင်းဆိုချက်ဖြစ်ပါစေ သူလက်ခံဖို့အသင့်ဖြစ်သည်.. တစ်ခုပဲ .. သူ့ရှေ့ကနေ BaekHyun ထပ်ပျောက်သွားတာမျိုး မဖြစ်ရင်ပဲရပြီ.. BaekHyun ကိုတော့ နောက်ထပ်မျက်စိအောက်က အပျောက်ခံလို့မဖြစ်တော့တာမို့ ဘာမဆိုသူလိုက်လျောမည်..
ChanYeol ထိုင်ခုံနောက်ကိုလေးပင်စွာ မှီထိုင်လိုက်ပြီး သူ့ရုံးခန်းမှတစ်ဆင့် လှမ်းမြင်နေရသည့် မြို့တွင်းအလှကို ငေးမောကြည့်နေလိုက်သည်.. စိတ်တွေကတော့ လွန်ခဲ့သောနှစ်များဆီက သူတို့ရဲ့တွေ့ဆုံမှုလေး ဆီကိုရောက်သွားလေသည်..
လွန်ခဲ့သော၁၀နှစ်ခန့်က BaekHyun နဲ့ စတင်တွေ့ခဲ့ပုံကို ChanYeol အခုထိမှတ်မိနေသေးသည်..
လွန်ခဲ့သော ၁၀နှစ်ခန့်....[ Past ]
သူ့ညီ SeHun တို့အိမ်ပြောင်းသွားပြီးကတည်းက ChanYeol သွားမလည်ရသေးတာမို့ ဒီနေ့အရမ်းကိုသွားချင်နေသည်.. Appa ကလည်း စည်းကမ်းတင်းကြပ်သူမို့ ဂိုဒေါင်ထဲမှကားကိုခိုးထုတ်ပြီး ထွက်သွားလေတော့သည်.. အထက်တန်းရောက်ရင် ကိုယ်တိုင်ကားမောင်းပြီး ကျောင်းတက်ရမည့်လော့ဂျစ်ကို ဘယ်သူမှသင်စရာမလိုပဲ သူကတတ်လေသည်.. ထို့ကြောင့် သူ့အဖေကလည်းစည်းကမ်းနဲ့အညီနေမယ်ဆိုရင် သူ့ရဲ့ဆန္ဒအတိုင်းဖြစ်စေရမယ်ဟု အပေးအယူလုပ်ခဲ့လေသည်.. သို့သော်.. ရည်းစားအရမ်းရှုပ်သည်ဟု ကျောင်းကဆရာမ၏တိုင်စာအရ သူအနှစ်သက်ဆုံးဖြစ်သည့် ကားကိုတစ်လတိတိ ချိတ်ပိတ်လိုက်လေတော့သည်.. ထို့အပြင် ပိတ်ရက်တိုင်းလည်းအပြင်မထွက်ရအမိန့်အား တစ်လတိတိချမှတ်သေးသည်..
အခုသူက SeHun တို့အိမ်ကိုအရမ်းသွားချင်နေသည်.. SeHun အိမ်ကိုသွားမည်ဟု ခွင့်တောင်းလို့ရနိုင်သော်လည်း သူ့အားအစောင့်အကြပ်နဲ့လိုက်ပို့ကြမှာသိနေပြန်သေးတော့ သူစိတ်အကျဉ်းကြပ်မခံနိုင်.. ကားမမောင်းရတာလည်း ဘယ်လောက်ကြာနေပြီလဲ.. ဒါကြောင့်ပဲ ခိုးထွက်လာခဲ့ခြင်းဖြစ်သည်..
YOU ARE READING
REGRET (2021)
FanfictionZawgyi " ဟက် .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတွဲတာ ရှင်းလား .. ကိုယ့်အဆင့်ကိုယ်သိ " - Park ChanYeol " ငါလိုလူကစိတ်နာပြီဆို သေတဲ့အထိလှည့်မကြည့်တတ်ဘူး " - Byun BaekHyun Unicode " ဟကျ .. မင်းကိုယ်မင်းဘာထင်နေတာလဲ .. ငါမို့လို့မင်းကိုတ...